အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဘတ်ဂျက် အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိပြီး မကြာမီ ရရှိမည်ဖြစ်ကြောင်း NUG အစိုးရ ဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။
NUG အစိုးရ ဝန်ကြီး ဒေါက်တာတူးခေါင်
လက်ရှိတွင် NUG /CRPH သို့ လှူဒါန်းထားသည့် ဒေါ်လာ ၁၇ သန်းသည် လက်နက်ဝယ်ခြင်း၊ သင်တန်းစရိတ်သုံးခြင်း၊ CDM များကို ကူညီထောက်ပံ့ခြင်း အသုံးပြုပြီး စာရင်းစစ်ပညာရှင်များဖြင့် စာရင်းပြုစုထားကြောင်း၊
ဒေါ်လာ ၁၇ သန်းသည် NUG အတွက် ဆင်ပါးစပ် နှမ်းပက် မျှသာ ရှိသော ပမာဏဖြစ်ပြီး NUG တခုလုံး၏ ဘက်ဂျက်လိုအပ်ချက်သည် ဒေါ်လာ သန်း ၈၀၀ ကာ မကြာမီရရှိတော့မည်ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။
လက်ရှိတွင် PDF များ ကို လက်နက်တပ်ဆင်ပေးရန် လုပ်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လက်နက်တပ်ဆင်ရန် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ အလှူခံထားသည့် ဒေါ်လာ ၁၇ သန်း လက်နက် ဝယ်လျှင် အလက် ၅၀၀၀ လောက်ရမည်ဖြစ်ပြီး ထိုအရေအတွက်ထက် မကတော့ဟုဆိုထားပါတယ်။
NUG အစိုးရ ဝန်ကြီး ဒေါက်တာတူးခေါင်
“ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက နဂိုတည်းက တော်လှန်နေကြတာဖြစ်ပြီး တကယ်စည်းရုံးရမှာက မြို့ပြ Comfort zone ထဲမှာ ငြိမ့်နေတဲ့ ဆရာကြီးတွေလို့ ပြောထားပါသေးတယ် ။
ဒေါ်လာဈေး၊ ရွှေဈေး အတက်အကျလောက်ကိုတောင် ကမ္ဘာပျက်မတတ် ဖြစ်နေတဲ့ လူ့မလိုင်တွေတော်လှန်ရကောင်းမှန်းသိလာအောင် စည်းရုံးရမှာပါ။ ” ဟု ရေးသားထားပါတယ်။
ဒါ့အပြင် PDF အကျအဆုံးတွေကိစ္စနဲ့ ပတ်သက်ပြီး “ မရေမတွက်နိုင်တဲ့ ကိုယ်ထူကိုယ်ထ ဒေသခံ PDF တွေဟာ ဦးဆောင်သူရဲ့ ပါးနပ်မှုပေါ်မူတည်ပါလိမ့်မယ်။ NUG ကာဝန်အောက်မှာ လှုပ်ရှားတဲ့ PDF တွေမှာ နည်းဗျူဟာဌာနတွေရှိတယ်၊ နည်းပညာ အထောက်အကူပြုအဖွဲ့မှာ ကျွမ်းကျင်သူတွေကြပ်မတ်ဆောင်ရွက်ပေးတယ်။
ရန်သူ သတင်းအချက်အလက်ချိတ်ဆက်မှုကအစ ဦးဆောင်ပေးတာရှိတယ်။ အထိအခိုက်နည်းပြီး အောင်မြင်တာများ ပါတယ်။ ထိခိုက်ကျဆုံးမှုတွေအတွက် မည်သည့်အဖွဲ့ကဦဆောင်သည် ဖြစ်စေ ဝမ်းနည်းရပါတယ်။ ပန်းတိုင်တူရင် ငါတို့အဖွဲ့ပါ။ ” လို့ ဒေါက်တာ တူးခေါင်က ဆိုပါတယ်။