News

ဒီးမော့ဆိုတိုက်ပွဲအတွင်း PDF တစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများနှင့်ပျောက်ဆုံးနေ

ဒီးမော့ဆိုတိုက်ပွဲအတွင်း PDF တစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများနှင့်ပျောက်ဆုံးနေသူများရှိနေ

ဒီးမော့ဆို – စက်တင်ဘာ ၂၁၊ ၂၀၂၁။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ ခြောက်မိုင်ကျေးရွာတွင် ယမန်နေ့ မွှန်းလွဲ ၁၂ နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သော တိုက် ပွဲ

အတွင်း KPDF ဘက်မှတစ်ဦးကျဆုံးခဲ့ပြီး ပျောက်ဆုံးသူနှင့်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်

တိုက်ပွဲ နှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး KPDF တစ်ဦးကျဆုံးကာ နှစ်ဦးပျောက်ဆုံးနေပြီး လေးဦးဒဏ်ရာရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်

“တိုက်ပွဲက ၁၂ နာရီကနေစပြီး နှစ်နာရီမှာ ပြီးသွားတယ်။ အခြေအနေက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတော့ စတင်ပစ်ခတ်မှုဖြစ်ပွားတာပေါ့ လူအင်အား

နဲ့ လက်နက်ကွာဟမှုရှိတာကြောင့် ကျွန်တော်တို့ဘက်က အနည်းငယ်ဆုတ်လိုက်ရတဲ့ အနေအထားတွေတော့ ရှိပါတယ်

PDF တစ်ဦးကျပြီးတော့ လေးဦးထိခိုက်ဒဏ်ရာရထားပါတယ်။ နှစ်ဦးတော့ အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေပါတယ်။ တိုက်ပွဲမဖြစ်တဲ့ကျေးရွာအထိ

လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတယ်” ဟု ပြောသည်။လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သည်ဟု သူကဆို

သည်

စစ်ကောင်စီတပ်ဖွဲ့ဝင်သည် အင်အား ၂၀၀ ကျော်ခန့်ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရရှိသူအရေအတွက်ကို မသိရှိသေးကြောင်း သူက

ဆက်ပြောသည်။ကယားပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ ၉၃ ဦးနှင့် ဖမ်းဆီးခံရသူ ၁၃၉ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့

အင်အားစု (PKPF) မှ စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်

Zawgyi

ဒီးေမာ့ဆိုတိုက္ပြဲအတြင္း PDF တစ္ဦးက်ဆုံးခဲ့ၿပီး ဒဏ္ရာရရွိသူမ်ားႏွင့္ေပ်ာက္ဆုံးေနသူမ်ားရွိေန

ဒီးေမာ့ဆို – စက္တင္ဘာ ၂၁၊ ၂၀၂၁။

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕ရွိ ေျခာက္မိုင္ေက်းရြာတြင္ ယမန္ေန႔ မႊန္းလြဲ ၁၂ နာရီခန႔္က စစ္ေၾကာင္းထိုးလာေသာ စစ္ေကာင္စီတပ္ႏွင့္ ျဖစ္ပြားခဲ့ေသာ တိုက္ ပြဲ အတြင္း KPDF ဘက္မွတစ္ဦးက်ဆုံးခဲ့ၿပီး ေပ်ာက္ဆုံးသူႏွင့္ဒဏ္ရာရရွိသူမ်ားလည္းရွိေၾကာင္းသိရသည္။

တိုက္ပြဲ ႏွစ္နာရီခန႔္ျဖစ္ပြားခဲ့ၿပီး KPDF တစ္ဦးက်ဆုံးကာ ႏွစ္ဦးေပ်ာက္ဆုံးေနၿပီး ေလးဦးဒဏ္ရာရွိခဲ့ေၾကာင္း နီးစပ္သူတစ္ဦးက The 74 Media ကိုေျပာသည္။
“တိုက္ပြဲက ၁၂ နာရီကေနစၿပီး ႏွစ္နာရီမွာ ၿပီးသြားတယ္။ အေျခအေနက စစ္ေကာင္စီဘက္က စစ္ေၾကာင္းထိုးလာေတာ့ စတင္ပစ္ခတ္မႈျဖစ္ပြားတာေပါ့။ လူအင္အားနဲ႔ လက္နက္ကြာဟမႈရွိတာေၾကာင့္ ကၽြန္ေတာ္တို႔ဘက္က အနည္းငယ္ဆုတ္လိုက္ရတဲ့ အေနအထားေတြေတာ့ ရွိပါတယ္။

PDF တစ္ဦးက်ၿပီးေတာ့ ေလးဦးထိခိုက္ဒဏ္ရာရထားပါတယ္။ ႏွစ္ဦးေတာ့ အဆက္အသြယ္မရေသးဘဲ ေပ်ာက္ဆုံးေနပါတယ္။ တိုက္ပြဲမျဖစ္တဲ့ေက်းရြာအထိ လက္နက္ႀကီးနဲ႔ ရမ္းသမ္းပစ္ေနတယ္” ဟု ေျပာသည္။လက္ရွိတြင္ ႏွစ္ဖက္ စစ္ေရးတင္းမာေနဆဲျဖစ္ၿပီး အခ်ိန္မေရြး တိုက္ပြဲထပ္မံျဖစ္ပြားနိုင္သည္ဟု သူကဆို သည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္သည္ အင္အား ၂၀၀ ေက်ာ္ခန႔္ရွိၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္မွ ေသဆုံးဒဏ္ရာရရွိသူအေရအတြက္ကို မသိရွိေသးေၾကာင္း သူက ဆက္ေျပာသည္။ကယားျပည္နယ္တြင္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေသဆုံးသူ ၉၃ ဦးႏွင့္ ဖမ္းဆီးခံရသူ ၁၃၉ ဦးရွိေၾကာင္း တိုးတက္ေသာကရင္နီျပည္သူ႔ အင္အားစု (PKPF) မွ စက္တင္ဘာ ၁၈ ရက္ေန႔က ထုတ္ျပန္ထားသည္။