စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလုပ်ကွက်ကို ပို့ဆောင်ပေး တဲ့ ရေပိုက်လိုင်း ၁ ခု စက်တင်ဘာ ၂၀ ရက် ညပိုင်းက မိုင်း
ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်
ဖျက်ဆီးခံလိုက်ရတဲ့ ရေပိုက်လိုင်းဟာ မုံရွာ-ပုသိမ် ကားလမ်းဘေး အရှေ့ဘက်၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံရဲ့ အနောက်ဘက်က ရေပိုက်လိုင်းဖြစ်ပြီး
စက်တင်ဘာ ၂၀ ရက် ည ၉ နာရီခန့်လောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်
အခုလိုလုပ်ဆောင်ရတာဟာ တရုတ်နိုင်ငံက အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို အနိုင်ကျင့်ယုတ်မာမှု ေ တွအတွက် ပြန်ပေးဆပ်ရမယ့်
သဘော ဆောင်စေချင်လို့ လုပ်ဆောင်တာလို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်
အဲဒီရေပိုက်လိုင်းဟာ မြန်မာ-ယန်စီ လုပ်ကွက်ကနေ မြန်မာ-ဝမ်ပေါင်လုပ်ကွက်ထဲကို ပေးပို့ထားတာဖြစ်ပြီး ဝမ်ပေါင်လုပ်ကွက်အတွင်းမှာရှိတဲ့ မွေးမြူရေးကြက်ခြံ
အပါဝင် စိုက်ပျိုးရေးနဲ့ လူသုံးရေ စသည်တို့ အသုံးပြုနေတဲ့ပိုက်လိုင်းဖြစ်တယ်လို့ ဆိုပါတယ်
မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတွေဟာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံမှ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းကာ ဆားလင်းကြီးမြို့နယ်အတွင်းက
လက်ပံတောင်းတောင် နဲ့ ကြေးစင်တောင်တို့မှ ကြေးနီသတ္တုကို အဓိကတူးဖော်နေတာလည် း ဖြစ်ပါတယ်
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဆားလင်းကြီးမြို့နယ်ထဲက မြန်မာ-ဝမ်ပေါင်၊ မြန်မာ-ယန်စီ လုပ် ကွက် တွေကို သွယ် တန်းထားတဲ့ရေပိုက်လိုင်း ၁ ခု ပြီးခဲ့
တဲ့ ရက်ပိုင်းကလည်း ဖောက်ခွဲခံရပြီး အခုအကြိမ်နဲ့ဆို မိုင်းခွဲဖျက်ဆီးခံရတဲ့ ရေပိုက်လိုင်း ၂ ခု ရှိပြီ ဖြစ်ပါတယ်
Zawgyi
စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းက ျမန္မာ-ဝမ္ေပါင္ ကုမၸဏီလုပ္ကြက္ကို ပို႔ေဆာင္ေပး တဲ့ ေရပိုက္လိုင္း ၁ ခု စက္တင္ဘာ ၂၀ ရက္ ညပိုင္းက မိုင္း
ခြဲဖ်က္ဆီးခံလိုက္ရတယ္လို႔ သိရပါတယ္
ဖ်က္ဆီးခံလိုက္ရတဲ့ ေရပိုက္လိုင္းဟာ မုံ႐ြာ-ပုသိမ္ ကားလမ္းေဘး အေရွ႕ဘက္၊ ၁၆ ကုတင္ဆန႔္ တိုက္နယ္ေဆး႐ုံရဲ႕ အေနာက္ဘက္က ေရပိုက္လိုင္းျဖစ္ၿပီး
စက္တင္ဘာ ၂၀ ရက္ ည ၉ နာရီခန႔္ေလာက္က မိုင္းခြဲဖ်က္ဆီးခံလိုက္ရတယ္လို႔ သိရပါတယ္
အခုလိုလုပ္ေဆာင္ရတာဟာ တ႐ုတ္ႏိုင္ငံက အၾကမ္းဖက္စစ္ေကာင္စီနဲ႔ေပါင္းၿပီး ျမန္မာျပည္သူေတြကို အႏိုင္က်င့္ယုတ္မာမႈ ေ တြအတြက္ ျပန္ေပးဆပ္ရမယ့္
သေဘာ ေဆာင္ေစခ်င္လို႔ လုပ္ေဆာင္တာလို႔ အမည္မေဖာ္လိုသူ တစ္ဦးက ေျပာပါတယ္
အဲဒီေရပိုက္လိုင္းဟာ ျမန္မာ-ယန္စီ လုပ္ကြက္ကေန ျမန္မာ-ဝမ္ေပါင္လုပ္ကြက္ထဲကို ေပးပို႔ထားတာျဖစ္ၿပီး ဝမ္ေပါင္လုပ္ကြက္အတြင္းမွာရွိတဲ့ ေမြးျမဴေရးၾကက္ၿခံ
အပါဝင္ စိုက္ပ်ိဳးေရးနဲ႔ လူသုံးေရ စသည္တို႔ အသုံးျပဳေနတဲ့ပိုက္လိုင္းျဖစ္တယ္လို႔ ဆိုပါတယ္
ျမန္မာ-ယန္စီ၊ ျမန္မာ-ဝမ္ေပါင္ ကုမၸဏီေတြဟာ စစ္တပ္ပိုင္ ဦးပိုင္ကုမၸဏီနဲ႔ တ႐ုတ္ႏိုင္ငံမွ ကုမၸဏီတို႔ အက်ိဳးတူပူးေပါင္းကာ ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းက
လက္ပံေတာင္းေတာင္ နဲ႔ ေၾကးစင္ေတာင္တို႔မွ ေၾကးနီသတၱဳကို အဓိကတူးေဖာ္ေနတာလည္ း ျဖစ္ပါတယ္
စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ထဲက ျမန္မာ-ဝမ္ေပါင္၊ ျမန္မာ-ယန္စီ လုပ္ ကြက္ ေတြကို သြယ္ တန္းထားတဲ့ေရပိုက္လိုင္း ၁ ခု ၿပီးခဲ့
တဲ့ ရက္ပိုင္းကလည္း ေဖာက္ခြဲခံရၿပီး အခုအႀကိမ္နဲ႔ဆို မိုင္းခြဲဖ်က္ဆီးခံရတဲ့ ေရပိုက္လိုင္း ၂ ခု ရွိၿပီ ျဖစ္ပါတယ္