News

တန်ဖိုးရှိလှတဲ့ လူငယ်ကြယ်ပွင့်လေးကြွေလွှင့်ခဲ့ရပြန်ပြီ….




ရဲမင်း(AAC)

Unicode

RIP ပါ ညီငယ်လေမြဝတီမြို့ ဆန္ဒပြပွဲတွေမှာ အကိုတို့ အတူချီတက်ခဲ့ကြတာ မှတ်မိနေဆဲပါတော်လှန်ရေးမှာအရွယ်နဲ့မမျှအောင် မင်းရဲ့တက်ကြွမှုတွေကိုမြင်ခဲ့ဘူးလို့ညက အိမ်ထဲ မိုင်းပေါက်ကွဲတဲ့ကေစ့်မှာ ကျဆုံး သွားတဲ့ သတင်းအတွက် များစွာစိတ်မကောင်း ဖြစ်မိပါတယ်

ပရဟိတလုပ်ငန်းတွေလည်း တက်တက်ကြွကြွလုပ်ခဲ့တော်လှန်ရေးအတွက်လည်းရှေ့ဆုံးက တက်ခဲ့တဲ့လူငယ်ကြယ်ပွင့်လေးကြွေလွှင့်ခဲ့ရပြန်ပြီ….စိတ်ဖြောင့်ဖြောင့်နဲ့သာ သွားပါ ညီလေး

နောက်ဘဝမှာ လူပြန်ဖြစ်လာမယ်ဆိုရင်တော့မြန်မာပြည်မှာ မဖြစ်ပါစေနဲ့လို့ အကို ဆုတောင်းပေးလိုက်ရပါတယ် ကွာ

ရဲမင်း(AAC)