ဒီးမော့ဆိုနယ်ထဲက တိုက်ပွဲ ဗီဒီယိုထွက်ပေါ်
ကရင်နီ ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် KNDF ၊ KA တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီကိုပစ်ခတ်နေသည့် ရုပ်သံဗီဒီယိုဖိုင်ကို မဇ္ဈိမသတင်းဌာနက ရရှိထားသည်။
ဒေါပိုးစီကျေးရွာ အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီ နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ယနေ့ စက်တင်ဘာလ ၂၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် တိုက်ပွဲ ထပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါ။
ယမန်နေ့ စက်တင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ဒေါပိုးစီကျေးရွာတိုက်ပွဲတွင် KNDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း KNDFပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမသတင်းဌာနကို ပြောသည်။
ဒေါပိုးစီရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်အုပ်စုနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ (KNDF, KA)တို့ ယမန်နေ့ စက်တင်ဘာ ၂၀ ရက် နေ့လည် ၁၁ နာရီတွင်တစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်တွင်တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် ကယားပြည်နယ်အတွင်း စစ်အင်အားများတိုးချဲ့နေပြီး လွိုင်ကော်မြို့ရှိ လေယာဉ်ကွင်းတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်များက တပ်စွဲထားကြောင်းနှင့် လေယာဉ်ဆင်းသံကြားရကြောင်း ဒေသခံများက ပြောသည်။
zawgyi
ဒီးေမာ့ဆိုနယ္ထဲက တိုက္ပြဲ ဗီဒီယိုထြက္ေပၚ
ကရင္နီ ျပည္နယ္ ၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါပိုးစီေက်းရြာအနီး ျဖစ္ပြားခဲ့သည့္တိုက္ပြဲတြင္ KNDF ၊ KA တပ္ဖြဲ႕ဝင္မ်ားက အၾကမ္းဖက္စစ္ေကာင္စီကိုပစ္ခတ္ေနသည့္ ႐ုပ္သံဗီဒီယိုဖိုင္ကို မဇၩိမသတင္းဌာနက ရရွိထားသည္။
ေဒါပိုးစီေက်းရြာ အနီးတဝိုက္တြင္ အၾကမ္းဖက္စစ္ေကာင္စီ နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔ၾကား ယေန႔ စက္တင္ဘာလ ၂၁ ရက္ မြန္းလြဲ ၃ နာရီခန႔္တြင္ တိုက္ပြဲ ထပ္ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါတိုက္ပြဲျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ကိုေတာ့ မသိရေသးပါ။
ယမန္ေန႔ စက္တင္ဘာ ၂၀ ရက္က ျဖစ္ပြားခဲ့သည့္ ေဒါပိုးစီေက်းရြာတိုက္ပြဲတြင္ KNDF တပ္ဖြဲ႕ဝင္ တစ္ဦးက်ဆုံးၿပီး တပ္ဖြဲ႕ဝင္အခ်ိဳ႕ ဒဏ္ရာရရွိခဲ့ေၾကာင္း KNDFျပန္ၾကားေရး တာဝန္ရွိသူက မဇၩိမသတင္းဌာနကို ေျပာသည္။
ေဒါပိုးစီရြာဘက္သို႔ စစ္ေၾကာင္း သုံးေၾကာင္းျဖင့္ ထိုးစစ္ဆင္လာသည့္ စစ္အုပ္စုႏွင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႕ (KNDF, KA)တို႔ ယမန္ေန႔ စက္တင္ဘာ ၂၀ ရက္ ေန႔လည္ ၁၁ နာရီတြင္တစ္ႀကိမ္၊ ညေန ၄ နာရီဝန္းက်င္တြင္တစ္ႀကိမ္ တိုက္ပြဲ ျဖစ္ပြားခဲ့သည္
အၾကမ္းဖက္စစ္ေကာင္စီသည္ ကယားျပည္နယ္အတြင္း စစ္အင္အားမ်ားတိုးခ်ဲ႕ေနၿပီး လြိဳင္ေကာ္ၿမိဳ႕ရွိ ေလယာဥ္ကြင္းတစ္ဝိုက္တြင္လည္း စစ္ေကာင္စီတပ္မ်ားက တပ္စြဲထားေၾကာင္းႏွင့္ ေလယာဥ္ဆင္းသံၾကားရေၾကာင္း ေဒသခံမ်ားက ေျပာသည္။