News

အင်ဒိုနီးရှားနှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့ မြန်မာ့အရေးဆွေးနွေး

အေမရိကန္နိုင္ငံ၊ နယူးေယာက္ၿမိဳ႕၊ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ က်င္းပေနခ်ိန္မွာ အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီး ရတ္နိုမာဆူဒီနဲ႔ တူရကီနိုင္ငံျခားေရးဝန္ႀကီး မယ္ဗလုရွာဗြတ္ရွိုလူတို႔ဟာ ႏွစ္နိုင္ငံ သီးသန႔္ေတြ႕ဆုံခ်ိန္အတြင္းမွာ ျမန္မာနိုင္ငံအေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကတယ္လို႔ အန္တာရာသတင္းမွာ ေဖာ္ျပပါတယ္။

ျမန္မာနိုင္ငံ အက်ပ္အတည္းနဲ႔ပတ္သက္ၿပီး ေျဖရွင္းရာမွာ အင္ဒိုနီးရွားရဲ့တက္ႂကြတဲ့ အခန္းက႑အတြက္ ေက်းဇူးတင္ရွိေၾကာင္းနဲ႔ အားေပးေထာက္ခံေၾကာင္း တူရကီနိုင္ငံျခားေရး ဝန္ႀကီးေျပာၾကားခဲ့ပါတယ္။

ကိုဗစ္-၁၉ ကူးစက္ေရာဂါ ျဖစ္ေနရတဲ့ၾကားမွာ ပိုဆိုးရြားလာတဲ့ လူသားခ်င္း စာနာမႈ အက်ပ္အတည္းက ဝန္ႀကီးႏွစ္ဦးအတြက္ အဓိက ေျပာစရာအေၾကာင္းတခ်က္ ျဖစ္လာပါတယ္။

လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီအေထာက္အပံ့ေတြဟာ ျမန္မာနိုင္ငံသူ နိုင္ငံသားေတြကို ကယ္တင္နိုင္ဖို႔ အားတက္စရာျဖစ္ၿပီး ပိုတိုးၿပီးေပးသင့္တယ္လို႔လည္း အင္ဒိုနီးရွားနိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

အင္ဒို-တူရကီ ႏွစ္နိုင္ငံ ဝန္ႀကီးေတြ ေတြ႕ဆုံခ်ိန္မွာ သူတို႔နိုင္ငံေတြအၾကား စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈေတြအတြက္ ႏွစ္နိုင္ငံအၾကား ဆက္ဆံေရးပိုမိုအားေကာင္းလာေရးေတြ ေဆြးေႏြးခဲ့ၾကပါတယ္။

unicode

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလုရှာဗွတ်ရှိုလူတို့ဟာ နှစ်နိုင်ငံ သီးသန့်တွေ့ဆုံချိန်အတွင်းမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ အန်တာရာသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ပတ်သက်ပြီး ဖြေရှင်းရာမှာ အင်ဒိုနီးရှားရဲ့တက်ကြွတဲ့ အခန်းကဏ္ဍအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ အားပေးထောက်ခံကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးပြောကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်နေရတဲ့ကြားမှာ ပိုဆိုးရွားလာတဲ့ လူသားချင်း စာနာမှု အကျပ်အတည်းက ဝန်ကြီးနှစ်ဦးအတွက် အဓိက ပြောစရာအကြောင်းတချက် ဖြစ်လာပါတယ်။

လူသားချင်း စာနာထောက်ထားမှု အကူအညီအထောက်အပံ့တွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ အားတက်စရာဖြစ်ပြီး ပိုတိုးပြီးပေးသင့်တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အင်ဒို-တူရကီ နှစ်နိုင်ငံ ဝန်ကြီးတွေ တွေ့ဆုံချိန်မှာ သူတို့နိုင်ငံတွေအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုအားကောင်းလာရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။