ေနျပည္ေတာ္အျမန္လမ္း ေတာင္ငူအဝင္ တိုးဂိတ္တြင္ တပ္သားက စစ္ဗိုလ္ကို ပစ္ခတ္ၿပီး ထြက္ေျပးလြတ္ေျမာက္
ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္း၊ ၁၄၆ မိုင္ ၇ ဖာလုံ၊ ေတာင္ငူအဝင္ စစ္ေဆးေရးဂိတ္တြင္ စက္တင္ဘာလ ၂၁ ရက္ေန႔ ည ၁၀ နာရီဝန္းက်င္ အခ်ိန္
လုံျခဳံ ေရးယူေနေသာ စစ္ေကာင္စီတပ္သားက ဗိုလ္အဆင့္ အရာရွိတစ္ဦးႏွင့္ စကားမ်ားၿပီး
ေသနတ္ျဖင့္ ပစ္ခတ္ကာ ထြက္ေျပးလြတ္ ေျမာက္သြားေၾကာင္း သတင္းရရွိသည္။
“သူတို႔အေျပာအရေတာ့ ဗိုလ္က လက္ျပင္ကို ေသနတ္မွန္သြားတယ္၊ မေသဘူး။
ပစ္သြားတဲ့ တပ္သားက ေသနတ္နဲ႔ ထြက္ေျပးသြားတယ္၊
ေသခ်ာတာကေတာ့ သူတို႔ တပ္တြင္းမွာ ျပႆနာေတြ တက္ေနၿပီ၊
ဘယ္တပ္ရင္းလဲေတာ့ ေသခ်ာမသိဘူး၊ ေဆးတပ္ေတြေရာ အေျမႇာက္တပ္သားေတြေရာ” ဟု ေဒသခံတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
အရာရွိအား ပစ္ခတ္ကာ လက္နက္ႏွင့္အတူ ထြက္ေျပးသြားေသာ တပ္သားအား
စစ္ေကာင္စီတပ္ဖြဲ႕က အပူ တျပင္း လိုက္ရွာေနေၾကာင္း အနီးဝန္းက်င္ရွိ ရြာမ်ားတြင္ အဖြဲ႕မ်ားခြဲကာ တပ္ျဖန႔္ၿပီး လိုက္ရွာေနေၾကာင္း သတင္းရရွိသည္။
source ေခတ္သစ္မီဒီယာ
Unicode
နေပြည်တော်အမြန်လမ်း တောင်ငူအဝင် တိုးဂိတ်တွင် တပ်သားက စစ်ဗိုလ်ကို ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်
ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ ၁၄၆ မိုင် ၇ ဖာလုံ၊ တောင်ငူအဝင် စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်
လုံခြုံ ရေးယူနေသော စစ်ကောင်စီတပ်သားက ဗိုလ်အဆင့် အရာရှိတစ်ဦးနှင့် စကားများပြီး
သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သတင်းရရှိသည်။
“သူတို့အပြောအရတော့ ဗိုလ်က လက်ပြင်ကို သေနတ်မှန်သွားတယ်၊ မသေဘူး။
ပစ်သွားတဲ့ တပ်သားက သေနတ်နဲ့ ထွက်ပြေးသွားတယ်၊
သေချာတာကတော့ သူတို့ တပ်တွင်းမှာ ပြဿနာတွေ တက်နေပြီ၊
ဘယ်တပ်ရင်းလဲတော့ သေချာမသိဘူး၊ ဆေးတပ်တွေရော အမြှောက်တပ်သားတွေရော” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အရာရှိအား ပစ်ခတ်ကာ လက်နက်နှင့်အတူ ထွက်ပြေးသွားသော တပ်သားအား
စစ်ကောင်စီတပ်ဖွဲ့က အပူ တပြင်း လိုက်ရှာနေကြောင်း အနီးဝန်းကျင်ရှိ ရွာများတွင် အဖွဲ့များခွဲကာ တပ်ဖြန့်ပြီး လိုက်ရှာနေကြောင်း သတင်းရရှိသည်။
source ခေတ်သစ်မီဒီယာ