News

ကားတစ္စီးအတြင္း ဗုံးေပါက္ကြဲတဲ့အတြက္ အမ်ိဳးသား ၁ ဦး ေသဆုံးၿပီး ၂ ဦး ျပင္းထန္ ဒဏ္ရာရ

မႏၲေလးတိုင္း ေက်ာက္ဆည္ၿမိဳ႕ ဆူးကုန္းရပ္ကြက္ ၿမိဳ႕နယ္အားကစားကြင္းဝင္ေပါက္အနီး စက္တင္ဘာလ ၂၁ ရက္ညေန ၆ နာရီေလာက္က ကားတစ္စီးအတြင္း ဗုံးေပါက္ကြဲတဲ့အတြက္ အမ်ိဳးသား ၁ ဦး ေသဆုံးၿပီး ၂ ဦး ျပင္းထန္ ဒဏ္ရာရသြားတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“အသံကေတာ့ အက်ယ္ႀကီးပဲ အိမ္ေတြေတာင္တုန္သြားတယ္။ မီးခိုးလုံးနဲ႔ မီးေတာက္ႀကီး တက္လာတယ္။ ဗုံးသယ္လာတဲ့ ကားတစီးထဲက ဗုံးထေပါက္တာ။ ကားထဲမွာ အမ်ိဳးသား ၂ ဦး အမ်ိဳးသမီး ၁ ဦး ပါလာတယ္။ အမ်ိဳးသား ၁ ဦးကေတာ့ ေနရာမွာတင္ ေသဆုံးတယ္။ က်န္ ၂ ဦး ကေတာ့ ျပင္းထန္ဒဏ္ရာရသြားတယ္”

ကားထဲဗုံးေပါက္ကြဲတဲ့အတြက္ ေသဆုံးသြားသူဟာ Factory zone ေဘာလုံးအသင္းပိုင္ရွင္ ဦးႏိုင္လင္းထြန္း ျဖစ္တယ္ဆိုတာသိရၿပီး ျပင္းထန္ဒဏ္ရာရသြားတဲ့ အမ်ိဳးသမီး တစ္ဦး၊ အမ်ိဳးသားတစ္ဦးတို႔ ဘယ္သူေတြျဖစ္တယ္ဆိုတာနဲ႔ ဘာေၾကာင့္ေပါက္ကြဲသြားတယ္ဆိုတာ မသိရေသးပါဘူး။

Unicode

မန္တလေးတိုင်း ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက် မြို့နယ်အားကစားကွင်းဝင်ပေါက်အနီး စက်တင်ဘာလ ၂၁ ရက်ညနေ ၆ နာရီလောက်က ကားတစ်စီးအတွင်း ဗုံးပေါက်ကွဲတဲ့အတွက် အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အသံကတော့ အကျယ်ကြီးပဲ အိမ်တွေတောင်တုန်သွားတယ်။ မီးခိုးလုံးနဲ့ မီးတောက်ကြီး တက်လာတယ်။ ဗုံးသယ်လာတဲ့ ကားတစီးထဲက ဗုံးထပေါက်တာ။ ကားထဲမှာ အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦး ပါလာတယ်။ အမျိုးသား ၁ ဦးကတော့ နေရာမှာတင် သေဆုံးတယ်။ ကျန် ၂ ဦး ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်”

ကားထဲဗုံးပေါက်ကွဲတဲ့အတွက် သေဆုံးသွားသူဟာ Factory zone ဘောလုံးအသင်းပိုင်ရှင် ဦးနိုင်လင်းထွန်း ဖြစ်တယ်ဆိုတာသိရပြီး ပြင်းထန်ဒဏ်ရာရသွားတဲ့ အမျိုးသမီး တစ်ဦး၊ အမျိုးသားတစ်ဦးတို့ ဘယ်သူတွေဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်ပေါက်ကွဲသွားတယ်ဆိုတာ မသိရသေးပါဘူး။