နေပြည်တော် လယ်ဝေးမြို့နယ်၊ အင်ဘုရပ် ကွ က် ရှိမြို့ဝင်စစ်ဆေးရေးဂိတ်အားဗုံးခွဲတိုက်ခိုက်ခဲ့ကြေ ာင်းနှင့် ရဲ သုံးဦးထက်မနည်း ထိခိုက်ဒ ဏ်ရာရသွားကြောင်း
နေပြည်တော်ရှိ ကာကွယ်ရေးအဖွဲ့ကထုတ် ပြ န်သ ည် ယနေ့ စက်တင်ဘာလ ၂၀ ရက်နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ရဲ ၁၀ဦးခန့်ရှိသည့်
အင်ဘုစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ညီနောင်မ ဟာမိတ်အဖွဲ့ဖြစ်သည့် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(ပ.က.ဖ) မှ အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ခြ င်းဖြစ်သည်ဟုဆိုသည် အဲ့ဒီဂိတ်မှာက အ မြဲတမ်းလိုလို စစ်ဆေးရေးတွေ လုပ်နေတာ
အဲ့တာကို ကျွန်တော်တို့ရဲ့ မဟာမိတ်အဖွဲ့က အ ဝေးထိန်းစနစ်နဲ့ တစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ
ကျွန်တော်တို့ သတင်းပြန်ကြားရတာတော့ အ န ည်းဆုံး သုံးယောက်ထိသွားတယ် ဟုပြည်သူ့ကာ ကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ သ တ င်းနှင့်ပြန် ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြော သည်
နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပ. က .ဖ) မှ ပြည်သူ့စစ် စတင်တွန်းလှန်လှုပ်ရှားမှုအနေ ဖြင့် ပထမဆုံး
ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကာ ထိ ခို က်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သ တင်းထုတ်ပြန်ထားသည်
စစ်ကောင်စီ၏ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်လုယက်မှုများကို ကာကွယ်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်အပြင်
ရပ်ကျေး၊ မြို့နယ်နှင့် တိုင်းအလိုက် ပြည်သူ့က ာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များကို ဖွဲ့စည်းထားခြင်းဖြစ်သည်
ပြည်သူများအနေဖြင့် ယခုကဲ့သို့ မြို့ပြတိုက်ပွဲများ မိမိတို့နှင့်နီးစပ်ရာတွင် ဖြစ်ပေါ်လာပါကမလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ လုံခြုံသည့်နေရာတွင်သာ နေ ထိုင်ကြရန်နှင့်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ကူညီပေးကြရန် နေပြည်တော် (PDF) မှ တောင်းဆိုထား သည်
#Crd