zawgyi
ပိုင်တံခွန်ကို ထောင် ၇ နှစ်ချလိုက်တာနဲ့ပက်သက်ပြီး ရင်ဖွင့်လာတဲ့ ပိုင်တံခွန်အစ်မ
ပရိသတ်ကြီး ရေ သရုပ်ဆောင် မင်းသားပိုင်တံခွန်ကို ထောင် (၇) နှစ်ချလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ရှိလာတာကိုအားလုံးလည်းသိကြမှာပါနော်။ ဒီသတင်းကပရိသတ်တွေကြား အတော်လေးကိုဂယက်ရိုက်ခဲ့ပြီး
စိတ်မကောင်းဖြစ်ခဲ့ကြတာပါနော်။ပိုင်တံခွန်ရဲ့ အစ်မကတော့ဒီသတင်းမဟုတ်မှန်ကြောင်း ပြန်ဖြေရှင်းလိုက်ပါပြီနော်။”မိသားစုဝင်တွေတင်တာ ကလွဲရင်ဘာကိုမှမယုံကြပါနဲ့ဗျ။ ဖြစ်နိုင်ရင်တော့သူနဲ့ပတ်သက်ပြီးဘာဆိုဘာမှမတင်ကြပါနဲ့ တောင်းဆိုပါတယ်။တစ်ခုခုဆို ဒီအကောင့်ကနေ ကျွန်တော်တင်ပေးမှာပါ
မိသားစုဝင်တွေ အတည်ပြုပေးမှသာသတင်းတွေကို ယုံစေချင်ပါတယ်၊share စေချင်ပါတယ်ဗျာတောင်းဆိုပါတယ်။ လျှောက်ပြော၊လျှောက်မဖြန့်ကြပါနဲ့” လို့ တောင်းဆိုရေးသားထားတာပါနော်။ ထောင် အတွင်းမှာ နေထိုင်နေရတဲ့
ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကိုလည်းဖြန့်ဝေနေကြတာကို မြင်တွေ့နေရပြီး အခုလို လုပ်ရက်တွေမပြုလုပ်ကြဖို့ တောင်းဆို လိုက်ပါတယ်နော်။” ကျေးဇူးပြုပြီဘာပုံပဲရရ မတင်ပါနဲ့မိသားစုကိုအရင်လာမေးပါ လာပြပါ တင်ထားသမျှတွေလည်း ဖျက်ပေးပါတောင်းပန်ပါတယ်။မိသားစုကို ဒီထက်ပိုပြီးအခက်တွေ့အောင်မလုပ်ပါနဲ့
တကယ်တောင်းပန်ပါတယ်ကျွန်တော် ဘယ်လိုမှအဆင်မပြေတော့လို့ဒီစာကို တင်လိုက်ခြင်းပါကျေးဇူးတင်ပါတယ်ဗျ” လို့ တောင်းပန်ထားတာ ဖြစ်လို့ တင်ထားသူများရှိရင် ဖျက်ပေး လိုက်ကြပါဦးနော်။