News

PDF များအတွက် AAC မဟာမိတ်အဖွဲ့ မှ မြန်မာငွေ ကျပ်သိန်း ၁၀၀ နှင့် ထိုင်းဘတ်‌ငွေ တစ်သန်း လှူဒါန်း






unicode

PDF များအတွက် AAC မဟာမိတ်အဖွဲ့ မှ မြန်မာငွေ ကျပ်သိန်း ၁၀၀ နှင့် ထိုင်းဘတ်‌ငွေ တစ်သန်း လှူဒါန်း

NUGလက်အောက်ရှိ ပဲခူးတိုင်း PDFနှင့် PDF တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ထံသို့ လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့နိုင်ရန်အတွက် မြန်မာငွေ ကျပ်သိန်း ၁၀၀ နှင့် ထိုင်းဘတ်‌ငွေတစ်သန်းအား ထိုင်းရောက်မြန်မာများကို ကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ မှ ပေးအပ်လှူဒါန်းလိုက်ကြောင်း သိရသည်

တောင်ပိုင်းတိုင်း‌ စစ်ဌာနချုပ်သို့ လှူဒါန်းမည့် ဘတ်ငွေ ၁ သန်းကို သုံးကြိမ်ခွဲ၍ လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်

ယနေ့ စက်တင်ဘာ ၂၁ ရက် နေ့လည် ၁၂ နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ထံသို့ Aid Alliance Committee (AAC) မဟာမိတ်အဖွဲ့မှ မြန်မာငွေ ကျပ်သိန်း ၁၀၀ နှင့် ထိုင်းဘတ်ငွေ တစ်သန်းကို ထိုင်းရောက်မြန်မာများကိုယ်စား လှူဒါန်းပေးခြင်းဖြစ်သည်

ထိုင်းနိုင်ငံ အခြေစိုက် Aid Alliance Committee (AAC )မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လှူဒါန်းမှုများဖြစ်သည့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံပစ္စည်းများ အစရှိသည်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရထံ ပြန်လည်လှူဒါန်းပေးလျက်ရှိပြီး ယနေ့အချိန်အထိ NUG အစိုးရသို့ မြန်မာငွေ သိန်းပေါင်း ၇,၀၀၀ ကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်