News

မြန်မာနိုင်ငံမှာ မြေအောက်တော်လှန်ရေး လျှို့ဝှက်အဖွဲ့သစ်တစ်ခု ထွက်ပေါ်နေ

မြန်မာနိုင်ငံတွင် တော်လှန်ရေး မြေအောက်လျှို့ဝှက်အဖွဲ့အစည်းအသစ်တစ်ခု ထွက်ပေါ်နေဟု အနောက်အုပ်စုထောက်လှန်းရေးအဖွဲ့တစ်ခု၏ အကြီးအကဲဟောင်းတစ်ဦးကဆို

မြန်မာနိုင်ငံတွင် လျှို့ဝှက်အဖွဲ့အစည်းအသစ်တစ်ခု သဏ္ဍာန်ထွက်ပေါ်နေသည်ဟု အနောက်အုပ်စုထောက်လှန်းရေးအဖွဲ့တစ်ခု၏ အကြီးအကဲဟောင်းတစ်ဦးကဆိုသည်။

” ကျွန်တော်တို့သိရသလောက်က အဲ့ဒီအဖွဲ့က နာမည်လည်းမတပ်ဘူး။ စတိတ်မင့်တွေလည်းမထွက်ဘူး။ ခေါင်းဆောင်ဘယ်သူဘယ်ဝါလည်းမပြောဘူး။ အင်ယူဂျီနဲ့လည်းမပတ်သက်ဘူး။

ခင်ညွန့်တို့လို ထောက်လှန်းရေးဟောင်းကနေ လာတာလည်းမဟုတ်ဘူး။ ဒါပေမဲ့ ကြည့်ရပုံက စစ်တပ်ကနေထွက်လာတဲ့သူတွေ ဖြစ်ဖို့များတယ်။ စစ်တပ်ရဲ့အတွင်းကျကျအခြေအနေသိပုံရတယ်။ သူတို့တိုက်ခိုက်တာတွေကိုကြည့်ရင် အရပ်သားတွေလက်လှမ်းမမှီတဲ့ ပစ်မှတ်များတယ်။

လေတပ်တို့ လက်နက်စက်ရုံတို့ တပ်မှုးတွေရဲ့အသိုင်းအဝိုင်းကိုအဓိကထား တိုက်ခိုက်တယ်။ နည်းပညာတတ် အတွေးအခေါ်မြင့်အရပ်သားအချို့လည်းပါမယ် ကျွန်တော်ထင်တယ်။ သူတို့ကိုယ်တိုင်မတိုက်ဘူး။

ဟိုနားတိုက်ပေးပါ ဒီနားတိုက်ပေးပါဆိုတဲ့ ဖိအားပေးတာတွေကိုလည်း လိုက်လျောပေးတာမလုပ်ဘူး။ သူတို့ ပစ်မှတ်နဲ့သူတို့ပဲ။ ဒါပေမဲ့ စစ်တပ်ကိုတိုက်နေတဲ့သူတွေ အကူအညီဖြစ်အောင် အခွင့်အရေးလမ်းတွေကို လုံခြုံတဲ့နေရာတွေမှာ ဖွင့်ထားတယ်။

ချထားပေးတယ်။ ဟိုအနောနိမတ်စ်အဖွဲ့လုပ်တာနဲ့ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ ပြည်တွင်းကမြန်မာတွေလုပ်တယ်လို့ကျွန်တော် ယူဆတယ်။ နောက်တစ်ခုသတိထားမိတာက သူတို့ကအရပ်သားမထိအောင်တိုက်ခိုက်တယ်။ တိုင်းရင်းသား လက်နက်ကိုင်ကိုလည်းမတိုက်ဘူး။ အင်အယ်ဒီကိုလည်းမထိဘူး။ ယုတ်စွအဆုံး ကြံ့ခိုင်ရေးပါတီကိုတောင် မထိဘူး။

သူတို့ကစစ်ဗိုလ်ချုပ်နဲ့ သူတို့စီးပွားမိတ်ဖက် အပေါင်းအဖေါ်တွေကိုပဲ စိတ်ဝင်စားပုံရတယ်။မိုင်တဲတို့ တရုတ်ကုမ္ပဏီတွေကို ပစ်မှတ်ထားတာများတယ်။ နောက်တစ်ခုက စစ်ဗိုလ်တွေရဲ့ ဆွေမျိုးတွေပြန့်ကျဲမှုကို တစ်ကမ္ဘာလုံးသိပုံရတယ်။

ဥပမာ မြန်မာ ယူအင်သံအမတ် လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်သတင်းက သူတို့ဆီကပေါက်ကြားလာတာ။ သူတို့လုံးဝအင်တာဗျူးလည်းမပေးဘူး။သူတို့သတင်းပေးပြီးရင် အစအနအကုန်ဖျောက်တယ်။ ပေးတဲ့သတင်းတွေက ၁၀၀%မှန်တယ်။ ဒါမျိုးလုပ်နိုင်ဖို့က တော်ရုံတန်ရုံ စစ်ထောက်လှန်းရေးအဖွဲ့နဲ့ မရဘူး။ လုံးဝကျစ်လစ်တဲ့ မြေအောက်အဖွဲ့အစည်းတစ်ခုရဲ့ လက်ရာတွေဖြစ်တယ်။”

MinThu

Zawgyi

ျမန္မာနိုင္ငံတြင္ ေတာ္လွန္ေရး ေျမေအာက္လၽွို႔ဝွက္အဖြဲ႕အစည္းအသစ္တစ္ခု ထြက္ေပၚေနဟု အေနာက္အုပ္စုေထာက္လွန္းေရးအဖြဲ႕တစ္ခု၏ အႀကီးအကဲေဟာင္းတစ္ဦးကဆို

ျမန္မာနိုင္ငံတြင္ လၽွို႔ဝွက္အဖြဲ႕အစည္းအသစ္တစ္ခု သ႑ာန္ထြက္ေပၚေနသည္ဟု အေနာက္အုပ္စုေထာက္လွန္းေရးအဖြဲ႕တစ္ခု၏ အႀကီးအကဲေဟာင္းတစ္ဦးကဆိုသည္။

” ကၽြန္ေတာ္တို႔သိရသေလာက္က အဲ့ဒီအဖြဲ႕က နာမည္လည္းမတပ္ဘူး။ စတိတ္မင့္ေတြလည္းမထြက္ဘူး။ ေခါင္းေဆာင္ဘယ္သူဘယ္ဝါလည္းမေျပာဘူး။ အင္ယူဂ်ီနဲ႔လည္းမပတ္သက္ဘူး။

ခင္ညြန႔္တို႔လို ေထာက္လွန္းေရးေဟာင္းကေန လာတာလည္းမဟုတ္ဘူး။ ဒါေပမဲ့ ၾကည့္ရပုံက စစ္တပ္ကေနထြက္လာတဲ့သူေတြ ျဖစ္ဖို႔မ်ားတယ္။ စစ္တပ္ရဲ့အတြင္းက်က်အေျခအေနသိပုံရတယ္။ သူတို႔တိုက္ခိုက္တာေတြကိုၾကည့္ရင္ အရပ္သားေတြလက္လွမ္းမမွီတဲ့ ပစ္မွတ္မ်ားတယ္။

ေလတပ္တို႔ လက္နက္စက္႐ုံတို႔ တပ္မႈးေတြရဲ့အသိုင္းအဝိုင္းကိုအဓိကထား တိုက္ခိုက္တယ္။ နည္းပညာတတ္ အေတြးအေခၚျမင့္အရပ္သားအခ်ိဳ႕လည္းပါမယ္ ကၽြန္ေတာ္ထင္တယ္။ သူတို႔ကိုယ္တိုင္မတိုက္ဘူး။

ဟိုနားတိုက္ေပးပါ ဒီနားတိုက္ေပးပါဆိုတဲ့ ဖိအားေပးတာေတြကိုလည္း လိုက္ေလ်ာေပးတာမလုပ္ဘူး။ သူတို႔ ပစ္မွတ္နဲ႔သူတို႔ပဲ။ ဒါေပမဲ့ စစ္တပ္ကိုတိုက္ေနတဲ့သူေတြ အကူအညီျဖစ္ေအာင္ အခြင့္အေရးလမ္းေတြကို လုံျခဳံတဲ့ေနရာေတြမွာ ဖြင့္ထားတယ္။

ခ်ထားေပးတယ္။ ဟိုအေနာနိမတ္စ္အဖြဲ႕လုပ္တာနဲ႔ခပ္ဆင္ဆင္ပဲ။ ဒါေပမဲ့ ျပည္တြင္းကျမန္မာေတြလုပ္တယ္လို႔ကၽြန္ေတာ္ ယူဆတယ္။ ေနာက္တစ္ခုသတိထားမိတာက သူတို႔ကအရပ္သားမထိေအာင္တိုက္ခိုက္တယ္။ တိုင္းရင္းသား လက္နက္ကိုင္ကိုလည္းမတိုက္ဘူး။ အင္အယ္ဒီကိုလည္းမထိဘူး။ ယုတ္စြအဆုံး ႀကံ့ခိုင္ေရးပါတီကိုေတာင္ မထိဘူး။

သူတို႔ကစစ္ဗိုလ္ခ်ဳပ္နဲ႔ သူတို႔စီးပြားမိတ္ဖက္ အေပါင္းအေဖၚေတြကိုပဲ စိတ္ဝင္စားပုံရတယ္။မိုင္တဲတို႔ တ႐ုတ္ကုမၸဏီေတြကို ပစ္မွတ္ထားတာမ်ားတယ္။ ေနာက္တစ္ခုက စစ္ဗိုလ္ေတြရဲ့ ေဆြမ်ိဳးေတြျပန႔္က်ဲမႈကို တစ္ကမၻာလုံးသိပုံရတယ္။

ဥပမာ ျမန္မာ ယူအင္သံအမတ္ လုပ္ႀကံသတ္ျဖတ္ဖို႔ အစီအစဥ္သတင္းက သူတို႔ဆီကေပါက္ၾကားလာတာ။ သူတို႔လုံးဝအင္တာဗ်ဴးလည္းမေပးဘူး။သူတို႔သတင္းေပးၿပီးရင္ အစအနအကုန္ေဖ်ာက္တယ္။ ေပးတဲ့သတင္းေတြက ၁၀၀%မွန္တယ္။ ဒါမ်ိဳးလုပ္နိုင္ဖို႔က ေတာ္႐ုံတန္႐ုံ စစ္ေထာက္လွန္းေရးအဖြဲ႕နဲ႔ မရဘူး။ လုံးဝက်စ္လစ္တဲ့ ေျမေအာက္အဖြဲ႕အစည္းတစ္ခုရဲ့ လက္ရာေတြျဖစ္တယ္။”

MinThu