News

စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်၍ အရက်ပြန်သောက်၍ သေကြာင်းကြံ

စစ်တပ်၏ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် မစိုးမီမီကျော် အရက်ပြန်သောက်၍ သေကြောင်းကြံသော်လည်း မသေဘဲ ဆေးရုံရောက်နေ
ရန်ကုန်၊ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သော မစိုးမီမီကျော်သည် စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်၍ အရက်ပြန်သောက်၍ သေကြာင်းကြံသော်လည်း မသေဘဲ စစ်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် မသျှားပြည့်ခင် ကို online မှ တစ်ဆင့် မုန့်ကို လိမ်ညာ မှာ ယူ ခဲ့ပြီး ပြည်သူ အသွင်ယူ ကာ ဖမ်းဆီးခဲ့ကြောင်း၊ သူမအား ခြိမ်းခြောက်ကာ ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်တို့ နေအိမ်ကို အတင်းအကျပ် ပြသစေ ခဲ့ပြီး ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်တို့ ကို ဖမ်း ဆီးခေါ်ဆောင် သွားကြောင်း၊ မသျှားပြည့်ခင် နှင့် အတူ အသက် မပြည့်သေး သည့် ကလေး တစ်ယောက် ကိုပ ါ ဖမ်းဆီ းခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိ ရသည်။

အကြမ်းဖက် စစ်တပ် က ၎င်းတို့ ၃ ဦး စလုံး စစ်ကြောရေး တွင် စစ်ဆေးမေးမြန်းကြောင်း၊ ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင် တို့ကို စစ်ကြေ ာမေးမြန်းပြီးနောက် မစိုးမီမီကျော် အား စာရင်း စာအုပ် များ ကို ပြကာ ရိုက် နှက်မေးမြန်းကြောင်း သိ ရှိရသည်။

မစိုးမီမီကျော်သည် အိမ်သာ သွားစဉ် အရက်ပျံကို သောက်ကာ မိမိကိုယ် ကို အဆုံးစီရင် ခဲ့သော် လည်း မသေဆုံးဘဲ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ ကျန်းမာရေး အခြေအနေ မသိရှိ ရသေးကြောင်း သိရှိရသည်။

လတ်တလော ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင် တို့သည် ထားဝယ်မြို့ မရဲစခန်း သို့ရောက် ရှိနေကြောင်း ထားဝယ် တက္ကသိုလ်ကျောင်း သားများ သမဂ္ဂ က ထုတ်ပြန်ထားသည်။