မီတာခသတ်မှတ်ရက် မပေးဆောင်ပါက မီးဖြတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ အာဏာသိမ်း စစ်ကောင်စီက မီတာခ တောင်းခံလွှာတွေ လိုက်လံပေးနေပြီး သတ်မှတ်ရက် မီတာမဆောင်ပါက မီးဖြတ်မယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မော်လမြိုင်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်တင်ဘာ တတိယအပတ်ကစပြီး မီတာခတွေ ပေးဆောင်ဖို့ မီတာဘေစာရွက်တွေ လိုက်လံဖြန့်ဝေနေတာ ဖြစ်ပါတယ်။
မီတာခတွေကို သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ သွား ရောက် အခွန်ဆောင်ကြဖို့နဲ့ သတ်မှတ်ရက် အတွင်း မပေးရင် မီးဖြတ်မယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ခြိမ်းခြောက်ပြီး မီတာခတောင်းခံတာကြောင့် ပြည်သူတချို့ သွားရောက် အခွန်ပေးသွင်းနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီတာခအတွက် စစ်ကောင်စီက ရပ်ကွက်တချို့မှာ ၅ လစာ ပေးသွင်းဖို့နဲ့ တချို့ရပ်ကွက်တွေမှာ တော့ ၆ လစာပေးသွင်းကြဖို့ တောင်းခံလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်မီတာဝန်ထမ်းတွေဟာ မီတာလာမဖတ်ဘဲ မီတာစာရွက်တွေ လာပေးနေတာဖြစ်ပြီး၊ အရင်ကသုံးတဲ့ မီတာယူနစ်ထက်ပိုမို များပြားနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ မော်လမြိုင်မှာတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ပြုလုပ်ပြီး အခွန်ရှာနေ သလို အခုအခါမှာတော့ လျှပ်စစ်မီတာခတွေက အခွန်ရဖို့ ကြိုးပမ်းလာတာပါ။
အိမ်သုံးမီတာခတွေကို ကိုဗစ်ကာလ စားဝတ်နေရေ အခက်ကြုံနေတဲ့ ပြည်သူတွေအတွက် အန်အယ်လ်ဒီအစိုးရလက်ထက်က မီတာယူနစ်ပေါ်လိုက်ပြီး သက်သာ၊ ကင်းလွတ်ခွင့်ပြုခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကင်းလွတ်ခွင့်ပေးတဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ကြေညာထားပါတယ်။
Source DVB
Zawgyi
မီတာခသတ္မွတ္ရက္ မေပးေဆာင္ပါက မီးျဖတ္မည္ဟု စစ္ေကာင္စီ ၿခိမ္းေျခာက္
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ေပၚ ရပ္ကြက္အမ်ားစုမွာ အာဏာသိမ္း စစ္ေကာင္စီက မီတာခ ေတာင္းခံလႊာေတြ လိုက္လံေပးေနၿပီး သတ္မွတ္ရက္ မီတာမေဆာင္ပါက မီးျဖတ္မယ္လို႔ ၿခိမ္းေျခာက္ေနေၾကာင္း ၿမိဳ႕ခံေတြက ဒီဗြီဘီကို ေျပာပါတယ္။
ေမာ္လၿမိဳင္မွာ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ စက္တင္ဘာ တတိယအပတ္ကစၿပီး မီတာခေတြ ေပးေဆာင္ဖို႔ မီတာေဘစာရြက္ေတြ လိုက္လံျဖန႔္ေဝေနတာ ျဖစ္ပါတယ္။
မီတာခေတြကို သက္ဆိုင္ရာၿမိဳ႕နယ္႐ုံးေတြမွာ သြား ေရာက္ အခြန္ေဆာင္ၾကဖို႔နဲ႔ သတ္မွတ္ရက္ အတြင္း မေပးရင္ မီးျဖတ္မယ္လို႔ ၿခိမ္းေျခာက္လာတာ ျဖစ္ပါတယ္။
စစ္ေကာင္စီက ၿခိမ္းေျခာက္ၿပီး မီတာခေတာင္းခံတာေၾကာင့္ ျပည္သူတခ်ိဳ႕ သြားေရာက္ အခြန္ေပးသြင္းေနၾကတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။
မီတာခအတြက္ စစ္ေကာင္စီက ရပ္ကြက္တခ်ိဳ႕မွာ ၅ လစာ ေပးသြင္းဖို႔နဲ႔ တခ်ိဳ႕ရပ္ကြက္ေတြမွာ ေတာ့ ၆ လစာေပးသြင္းၾကဖို႔ ေတာင္းခံလာတာ ျဖစ္ပါတယ္။
စစ္ေကာင္စီ လက္ေအာက္ခံ လၽွပ္စစ္မီတာဝန္ထမ္းေတြဟာ မီတာလာမဖတ္ဘဲ မီတာစာရြက္ေတြ လာေပးေနတာျဖစ္ၿပီး၊ အရင္ကသုံးတဲ့ မီတာယူနစ္ထက္ပိုမို မ်ားျပားေနတယ္လို႔ ေဒသခံတစ္ဦးက ဆိုပါတယ္။
စစ္ေကာင္စီဟာ ေမာ္လၿမိဳင္မွာေတာ့ လိုင္စင္မဲ့ဆိုင္ကယ္ေတြကို လိုင္စင္ျပဳလုပ္ၿပီး အခြန္ရွာေန သလို အခုအခါမွာေတာ့ လၽွပ္စစ္မီတာခေတြက အခြန္ရဖို႔ ႀကိဳးပမ္းလာတာပါ။
အိမ္သုံးမီတာခေတြကို ကိုဗစ္ကာလ စားဝတ္ေနေရ အခက္ၾကဳံေနတဲ့ ျပည္သူေတြအတြက္ အန္အယ္လ္ဒီအစိုးရလက္ထက္က မီတာယူနစ္ေပၚလိုက္ၿပီး သက္သာ၊ ကင္းလြတ္ခြင့္ျပဳခဲ့သလို အမ်ိဳးသားညီညြတ္ေရးအစိုးရကလည္း ကင္းလြတ္ခြင့္ေပးတဲ့အေၾကာင္း ၿပီးခဲ့တဲ့ ဇြန္လ ၈ ရက္ေန႔မွာ ေၾကညာထားပါတယ္။
Source DVB