News

မြင်းမူမှ မုံရွာဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဉ် ၂ စီးကို သံမဏိအဖွဲ့က မိုင်းခွဲတိုက်ခိုက်၊ အသေ အပျောက်များနိုင်(ရုပ်သံ)

ရန်ကုန်၊ စက်တင်ဘာ ၂၃



Unicode

မုံရွာတွင် စစ်ကောင်စီယာဉ် ၂ စီးကို သံမဏိအဖွဲ့က မိုင်းခွဲတိုက်ခိုက်၊ အသေ အပျောက်များနိုင်
ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီယာဉ် ၂ စီးကို သံမဏိအဖွဲ့ဝင်၊ ခွန်ဆာဦးဆောင်သော ပျောက်ကြားတပ်ဖွဲ့က ယနေ့ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မိုင်းခွဲတိုက်ခိုက်ကြောင်း သိရှိရသည်။

မြင်းမူမှ မုံရွာဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဉ် ၂ စီးကို နတ်ရေကန်၊ ရေပိုးစားကွေ့တွင် သံမဏိ အဖွဲ့ဝင် ခွန်ဆာ ဦးဆောင်သော မြို့ပြပျောက်ကြားအဖွဲ့က မိုင်း ၉ လုံး ခွဲ၍ ခြုံခို တိုက်ခိုက်ခဲ့ကြောင်း ၊ ကားနှစ်စီးလုံးမိုင်းထိပျက်စီးပြီး စစ်ကောင်စီဘက်မှ အသေအပျောက် မည်မျှရှိသည်ကို မသိရှိရသေးကြောင်း သိရှိရသည်။