News

ကာလင်းတွင် ည ၈ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် မြို့ခံကာကွယ်ရေး တပ်သတိပေး

———————–




Unicode

ကောလင်းတွင် ည ၈ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် မြို့ခံကာကွယ်ရေး တပ်သတိပေး
———————–
ကောလင်းမြို့နေပြည်သူများကိုယနေ့ည၈နာရီနောက်ပိုင်းကစ၍အိမ်ပြင်မထွက်ကြပါရန်မြို့ခံကာကွယ်ရေးတပ်ကသတိပေးစာထုတ်ပြန်လိုက်သည်

အာဏာသိမ်းစစ်တပ်က ရွှေဘို – မြစ်ကြီးနား ပြည်ထောင်စုလမ်းပိုင်းတွင် ရှိသော ကောလင်းမြို့ကိုဖြတ်ကာ စစ်လက်နက်ရိက္ခာအများအပြားကို ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအနောက်ပိုင်ဒေသများကို ပို့ဆောင်နေချိန်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်

ချိတ်ဆက်ထားသော ကောလင်းပြည်သူ့ ကာကွယ်ရေးတပ် (KLPDF) ၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
သတိပေးစာထဲတွင် ခရီးသွားပြည်သူများအနေဖြင့် ကောလင်း-ကျောက်တန်း လမ်းမကြီး၊ မန္တလေး-မြစ်ကြီးနား ဆက်သွယ်ထားသော

ပြည်ထောင်စုလမ်း မကြီးဖြစ်သည့် ကောလင်းဥက္ကံလမ်းမကြီးကို ည ၈ နာရီကျော်လျှင် မည်သည့် အကြောင်းနှင့်မျှ အသုံးမပြုရန် ပါရှိသည်။
လိုက်နာမှုမရှိလျှင် ဖြစ်ပေါ်လာသည့်အကျိုးဆက်များကို KLPDF က တာဝန်ယူ ဖြေရှင်းမည်မဟုတ်ကြောင်းလည်း ပါရှိသည်