News

သရုပ်ဆောင် မဖြစ်ခင် ဒုရဲအုပ် ဘဝတုန်းက အ မှတ်တရတွေကို ပြောပြလာခဲ့တဲ့ ဦးဝင်းမြိုင်

သရုပ်ဆောင် မဖြစ်ခင် ဒုရဲအုပ် ဘဝတုန်းက အ မှတ်တရတွေကို ပြောပြလာခဲ့တဲ့ ဦးဝင်းမြိုင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဦးဝင်းမြိုင်ကတော့ ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ တည်ကြည်တဲ့ ခန့်ညားတဲ့ ဥပဓိရုပ်ကြောင့် မင်းသားရဲ့ အဖေ အခန်း ဆရာဝန် အခန်းတို့မှာ အများဆုံး သရုပ်ဆောင် ရလေ့ရှိသလို လတ်တလောမှာလည်း ရုပ်ရှင် အစည်း အရုံး ဇာတ်ပို့ ဇာတ်ရံ အလွှာရဲ့ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတာ ပဲဖြစ်ပါတယ်။

သူကတော့ ဒီနေ့မှာ ငယ်ငယ်တုန်းက ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ရင်း မင်းသား မဖြစ်ခင် ဒုရဲအုပ် ဘဝနဲ့ကျင်လည် ခဲ့တုန်းက အချိန်တွေအကြောင်း ပရိတ်သတ်တွေကို မျှဝေလာခဲ့ပါတယ်။

(၁၉၈၁) ခုနှစ် ဒုရဲအုပ်လောင်း သင်တန်းဆင်းပြီး အလုပ်သင် ဒုရဲအုပ်အဖြစ် ဖြူးရဲစခန်းမှာ တာဝန်ကျ အသက်က (၂၇) လောက် မမျှော်လင့်ဘဲ ဓါတ်ပုံလေး ပြန်တွေ့တော့ အတိတ်ပုံရိပ်လေးတွေ ပြန်ပေါ်လာခဲ့ပါတယ်။

မှတ်မှတ်ရရ ဖြူးင်္သြံင်္ကန်နဲ့စတွေ့ လူပုံက ဖြူနွဲ့နွဲ့ သင်္ကြန်မဏ္ဍပ်မှာ တာဝန်ကျတော့ အမူးသမား အုပ်စုနဲ့ ဖိုက်တင်ပလေးရရော ဖောင်ကြီးသင်တန်းမှာ လိုက်ဝိတ်တန်း လက်ဝှေ့ ရွှေတံဆိပ်ရှင်လေ လက်ရည်ကို မြို့နယ်ကောင်စီလူကြီးတွေ တွေ့သွားတော့ မြို့နယ်လက်ဝှေ့ ဆပ်ကော်မတီအတွင်းရေးမှူး တာဝန်ပေးခဲ့ပါတယ်။

အဲ့ဒီနှစ်က ပဲခူးတိုင်း ဇုံပေါင်းစုံ လက်ဝှေ့ တန်ခွန်စိုက်ဒိုင်းကို ဖြူးမြို့နယ်အတွက် ယူပေးခဲ့ပါတယ်။ အလုပ်သင် ကာလပြီးတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံး ထောက်လှမ်းရေး/ နိုင်ငံရေးဌာနမှာ တာဝန်ကျတယ်။ ဒီလက်ရည်နဲ့ပဲ အရေး အခင်းကာလ တလျှောက်လုံးတိုင်း တပ်ဖွဲ့ မှူး ရဲ့ လုံခြုံရေး အရာရှိ တာဝန်ယူခဲ့ရတယ်။ အခုတော့ ရုပ်ရှင်မှာ အဖေခန်း သရုပ်ဆောင် အေးအေး ချမ်းချမ်းဖြစ်သွားပြီ တိုက်ခိုက်မှုတွေ လုပ်စရာ မလိုတော့ဘူး။ အသက်ကလည်း (၆၈) နှစ်ဆိုတော့ ဘုရားနဲ့ တရားနဲ့ မေတ္တာတွေနဲ့ ကိုယ့်ကိုယ်ကို အံ့သြနေမိ ဆိုပြီး အတိတ် အကြောင်းတွေကို မျှဝေလာခဲ့ပါတယ်။

အခုအချိန်မှာ အေးချမ်း တည်ငြိမ်တဲ့ ကာရိုက်တာတွေနဲ့ တွေ့မြင်နေရတဲ့ ဦးဝင်းမြိုင်ကတော့ တချိန်တုန်းက ဒုရဲအုပ် လက်ဝှေ့ ရွှေတံဆိပ်ဆုရှင် အဖြစ်နဲ့ ဘဝ ရပ်တည်ခဲ့ဖူးတဲ့အကြောင်း ဦးဝင်းမြိုင်ရဲ့အတိတ်အကြောင်း တချို့ကို ပရိတ်သတ်ကြီး အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

zawgyi

သ႐ုပ္ေဆာင္ မျဖစ္ခင္ ဒုရဲအုပ္ ဘဝတုန္းက အ မွတ္တရေတြကို ေျပာျပလာခဲ့တဲ့ ဦးဝင္းၿမိဳင္

မဂၤလာပါ ခ်စ္ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္ ဦးဝင္းၿမိဳင္ကေတာ့ ဇာတ္ပို႔ ဇာတ္ရံ တစ္ေယာက္အေနနဲ႔ ပရိတ္သတ္ေတြရဲ့ အားေပးမႈ အခိုင္အမာ ရရွိထားသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ တည္ၾကည္တဲ့ ခန႔္ညားတဲ့ ဥပဓိ႐ုပ္ေၾကာင့္ မင္းသားရဲ့ အေဖ အခန္း ဆရာဝန္ အခန္းတို႔မွာ အမ်ားဆုံး သ႐ုပ္ေဆာင္ ရေလ့ရွိသလို လတ္တေလာမွာလည္း ႐ုပ္ရွင္ အစည္း အ႐ုံး ဇာတ္ပို႔ ဇာတ္ရံ အလႊာရဲ့ ဥကၠဌအျဖစ္ တာဝန္ယူေဆာင္ရြက္ေနတာ ပဲျဖစ္ပါတယ္။

သူကေတာ့ ဒီေန႔မွာ ငယ္ငယ္တုန္းက ဓာတ္ပုံေဟာင္းေတြကို ျပန္ၾကည့္ရင္း မင္းသား မျဖစ္ခင္ ဒုရဲအုပ္ ဘဝနဲ႔က်င္လည္ ခဲ့တုန္းက အခ်ိန္ေတြအေၾကာင္း ပရိတ္သတ္ေတြကို မၽွေဝလာခဲ့ပါတယ္။

(၁၉၈၁) ခုႏွစ္ ဒုရဲအုပ္ေလာင္း သင္တန္းဆင္းၿပီး အလုပ္သင္ ဒုရဲအုပ္အျဖစ္ ျဖဴးရဲစခန္းမွာ တာဝန္က် အသက္က (၂၇) ေလာက္ မေမၽွာ္လင့္ဘဲ ဓါတ္ပုံေလး ျပန္ေတြ႕ေတာ့ အတိတ္ပုံရိပ္ေလးေတြ ျပန္ေပၚလာခဲ့ပါတယ္။

မွတ္မွတ္ရရ ျဖဴးႀသႍကၤန္နဲ႔စေတြ႕ လူပုံက ျဖဴႏြဲ႕ႏြဲ႕ သၾကၤန္မ႑ပ္မွာ တာဝန္က်ေတာ့ အမူးသမား အုပ္စုနဲ႔ ဖိုက္တင္ပေလးရေရာ ေဖာင္ႀကီးသင္တန္းမွာ လိုက္ဝိတ္တန္း လက္ေဝွ႕ ေရႊတံဆိပ္ရွင္ေလ လက္ရည္ကို ၿမိဳ႕နယ္ေကာင္စီလူႀကီးေတြ ေတြ႕သြားေတာ့ ၿမိဳ႕နယ္လက္ေဝွ႕ ဆပ္ေကာ္မတီအတြင္းေရးမႉး တာဝန္ေပးခဲ့ပါတယ္။

အဲ့ဒီႏွစ္က ပဲခူးတိုင္း ဇုံေပါင္းစုံ လက္ေဝွ႕ တန္ခြန္စိုက္ဒိုင္းကို ျဖဴးၿမိဳ႕နယ္အတြက္ ယူေပးခဲ့ပါတယ္။ အလုပ္သင္ ကာလၿပီးေတာ့ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕ မႉး႐ုံး ေထာက္လွမ္းေရး/ နိုင္ငံေရးဌာနမွာ တာဝန္က်တယ္။ ဒီလက္ရည္နဲ႔ပဲ အေရး အခင္းကာလ တေလၽွာက္လုံးတိုင္း တပ္ဖြဲ႕ မႉး ရဲ့ လုံျခဳံေရး အရာရွိ တာဝန္ယူခဲ့ရတယ္။ အခုေတာ့ ႐ုပ္ရွင္မွာ အေဖခန္း သ႐ုပ္ေဆာင္ ေအးေအး ခ်မ္းခ်မ္းျဖစ္သြားၿပီ တိုက္ခိုက္မႈေတြ လုပ္စရာ မလိုေတာ့ဘူး။ အသက္ကလည္း (၆၈) ႏွစ္ဆိုေတာ့ ဘုရားနဲ႔ တရားနဲ႔ ေမတၱာေတြနဲ႔ ကိုယ့္ကိုယ္ကို အံ့ၾသေနမိ ဆိုၿပီး အတိတ္ အေၾကာင္းေတြကို မၽွေဝလာခဲ့ပါတယ္။

အခုအခ်ိန္မွာ ေအးခ်မ္း တည္ၿငိမ္တဲ့ ကာရိုက္တာေတြနဲ႔ ေတြ႕ျမင္ေနရတဲ့ ဦးဝင္းၿမိဳင္ကေတာ့ တခ်ိန္တုန္းက ဒုရဲအုပ္ လက္ေဝွ႕ ေရႊတံဆိပ္ဆုရွင္ အျဖစ္နဲ႔ ဘဝ ရပ္တည္ခဲ့ဖူးတဲ့အေၾကာင္း ဦးဝင္းၿမိဳင္ရဲ့အတိတ္အေၾကာင္း တခ်ိဳ႕ကို ပရိတ္သတ္ႀကီး အတြက္ ျပန္လည္ မၽွေဝေပးလိုက္ပါတယ္။ အဆုံးထိဖတ္ေပးၾကတဲ့ ပရိတ္သတ္ တစ္ေယာက္ျခင္းစီတိုင္း အထူး ေက်းဇူးတင္လ်က္ပါ။