International News

ပုံမှန်ထက် ကြွက်သားနှစ်ဆပိုတဲ့ သန္ဓေပြောင်းနွား/ဝက်များကို အောင်မြင်စွာမွေးမြူနေ

အဆင့်မြင့် မွေးမြူရေးလုပ်ငန်းတချို့မှာ ပုံမှန်နွားတွေ၊ ဝက်တွေထက် အသားနှစ်ဆပိုပြီး ထုတ်လုပ်နိုင်တဲ့ နွား၊ ဝက်စသည့် မွေးမြုရေးတိရစ္ဆာန်တွေကို အောင်မြင်စွာ မွေးထုတ်နိုင်နေပြီလို့ သိရပါတယ်။ အခုဆိုရင် အဆိုပါ သတ္တဝါမွေးမြူရေးလုပ်ငန်းတွေဟာ အသားရှားပါး ပြတ်လပ်မှုကို ကာမိစေနိုင်မယ်လို့ ယူဆနေကြပါတယ်

ဘယ်လ်ဂျီယံမျိုးရင်းဖြစ်တဲ့ အသားတိုးနွားမျိုးစိတ် Belgian Blues နွားတွေဟာ အလွန်ထွားကျိုင်းကြပါတယ်။ ၎င်းနွားမများရဲ့ သန္ဓေသားလောင်းများသည်ပင် အလွန်ကြီးမားကြလို့ ပုံမှန်အတိုင်း မွေးထုတ်နိုင်ခြင်းမရှိလို့ ခွဲစိတ်မွေးဖွားပေးရလေ့ရှိကြောင်း သိရပါတယ်။ နွားပေါက်လေးတွေ မွေးလာချိန်မှာလည်း

၎င်းတို့လျှာက အလွန်ကြီးမားတဲ့အတွက် နို့တိုက်ရန် အလွန်ခက်ခဲပါတယ်။ ဒါကြောင့် သူတို့တစ်တွေ အရွယ်ရောက်လာအောင် မွေးမြူရတဲ့အပိုင်းဟာ သာမန်နွားတွေထက် လက်ပိုဝင်တယ်လို့ ဆိုကြပါတယ်။ ဘယ်လ်ဂျီယံနွားပြာနဲ့ ဝက်မျိုးဗီဇပြောင်းအသားတိုး မွေးမြူရေးလုပ်ငန်းဟာ သိပ္ပံပညာရှင်တွေအတွက် အတော်လေး စိတ်ဝင်စားစရာပါ

ဝက်ကတော့ ဘယ်လ်ဂျီယံနွားပြာ မွေးမြူရေးကဲ့သို့ သဘာဝအတိုင်းဆိုတာထက် မျိုးဗီဇ အဆင့်ဆင့် ပြောင်းလဲထားရပြီး၊ အသားတိုးပွားမှုအပိုင်းမှာလည်း သာမန်ထက် သုံးဆလောက်အထိ ပိုများပါတယ်။ ဒီဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့လာပြီးနောက် တချို့က ဓာတ်ပုံပြင်တဲ့ပညာနဲ့ အတုလုပ်ထားတာလို့ ဆိုကြပါတယ်

တချို့ကတော့ တိရစ္ဆာန်တွေကို ဝိတ်မတဲ့ အားကစားသမားတွေလို ကြွက်သားတွေ ဖုထစ်နေအောင် ဖန်တီးခြင်းဟာ ဥပဒေနဲ့မညီဘူး၊ အရေးယူသင့်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ မွေးမြူရေးလုပ်ငန်းခွင် တချို့မှာ အမှန်တကယ် တွေ့ရနိုင်ပြီး၊ မမြင်ဖူးသူအဖို့တော့ အတော်လေး ဆန်းပြားနေမှာပါ

မှတ်ချက်ပြန်ရေးသူတစ်ဦးကတော့ ဒီလို မျိုးစိတ်တွေရှိကြောင်း မသိတာကိုက မသိသူရဲ့ အားနည်းချက်သာဖြစ်ကြောင်း၊ ထောက်ပြခဲ့ပါတယ်။ အခြား မှတ်ချက်ရေးသူတစ်ဦးကတော့ တိရစ္ဆာန်တွေ ကြွက်သားနှစ်ဆတက်အောင် ပြုလုပ်ဖို့အတွက် ပရိုတိန်းဓာတ်လုံးဝမပါတဲ့ အစားအစာကို ကျွေးရကြောင်း၊ ဒီနည်းအားဖြင့် ကြွက်သားတိုးပွားမှုကို မြင့်တင်ပေးကြတယ်လို့ ဆိုပါတယ်

PETA (People for the Ethical Treatment of Animals) ရဲ့အဆိုအရတော့ အသားတိုးတဲ့အပိုင်းဟာ အခုအနေမှာ သဘာဝအားဖြင့် မဆန့်ကျင်သော်လည်း၊ ဒီလိုဖြစ်ဖို့ မျိုးဗီဇပြောင်းခဲ့ရတဲ့အပိုင်းမှာတော့ သဘောဝနည်းတွေနဲ့ ဖီလာဖြစ်ခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းမှာ အသားတိုးသတ္တဝါ မွေးမြူရေးလုပ်ငန်းတွေရဲ့ လောဘတရားတွေကနေ စတင်ခဲ့ကြကြောင်း

ဒါမှသာ ၎င်းတို့ အသားထုတ်လုပ်တဲ့အပိုင်းမှာ ထိထိရောက်ရောက် ထုတ်လုပ်နိုင်မှာဖြစ်လို့ ဝက်ကဲ့သို့သော သတ္တဝါတွေကို မျိုးဗီဇ အဆင့်ဆင့် ပြောင်းလဲခဲ့ရတာဖြစ်ကြောင်း ဆိုထားပါတယ်။ ဝက်အသားတိုးမျိးဗီဇ ဖြစ်လာစေနိုင်ဖို့ တောင်ကိုရီးယားတက္ကသိုလ်တစ်ခုဖြစ်တဲ့ Seoul National University က သုတေသနစတင်ခဲ့တာဖြစ်ပါတယ်

ဦးဆောင်သူကတော့ မော်လီကျူးဇီဝဗေဒပညာရှင် Jin-Soo Kim ဖြစ်ပါတယ်။ သူနဲ့ Nature ဂျာနယ်တို့ တွေ့ဆုံစဉ်မှာ “မျိုးဗီဇပြောင်းလဲမှု”အဓိကနဲ့ အသားတိုးဝက်တွေကို စမ်းသပ်မွေးမြူခဲ့ကြတာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ သူက ” ဒီလိုဗီဇပြောင်းဖို့အတွက် မွေးမြူရေးကနေတစ်ဆင့် ကျွန်တော်တို့ လုပ်နိုင်စွမ်းပါတယ်

” ဒါပေမယ့် အချိန်အပိုင်းအခြားအရတော့ ဆယ်စုနှစ်များစွာ ကြာခဲ့တာပေါ့ … “လို့ ပြောပါတယ်။ ဘယ်လီဂျီယံနွားပြာမျိုးဖြစ်ဖို့အတွက်ကို နွားမျိုးစိတ်များစွာဆီက မျိုးဗီဇအဆင့်ဆင့်နဲ့ နှစ်ကာလတော်တော်ကြာအောင် အချိန်ယူ ပြောင်းလဲခဲ့ရတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ Kim ဦးဆောင်တဲ့အဖွဲ့ကတော့ Myostatin gene နည်းကို သုံးခဲ့ကြတာပါ

ဒါဟာ မျိုးဗီအစားထိုး ပြောင်းလဲတဲ့နည်းထက်စာရင်တော့ စားသုံးသူတွေ ဘေးကင်းလုံခြုံမှုအပိုင်းမှာ စိတ်ချရတဲ့အဆင့်ဖြစ်ကြောင်း၊ ကနဦး ဝက်ကောင်ရေ (၃၀)ကျော်အထိ စမ်းသပ်မွေးမြူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ အဆိုပါ ဝက်တွေရဲ့ မျိုးဗီဇကို ကမ္ဘာကို ရောင်းချနိုင်ရေး ပြင်ဆင်နေပြီး၊ ကမ္ဘာကျော် အသားလုပ်ငန်းရှင်ကြီးတွေက စိတ်ဝင်တစား ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်

Credit-လင်းသူရိန်