News

UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်းကို ဆက်လက်တက်ရောက်ခွင်ပေးသည့်အပေါ် မကျေနပ်၍ နိုင်ငံတကာအသိုက်အဝန်းကို ဝဏ္ဏမောင်လွင်မှ သတိပေးတောင်းဆို






Unicode

မှတ်ချက်နိုင်ငံခြားရေး ဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်ကိုမူရင်းအတိုင်းပြန်လည်ဖော်ပြခြင်းဖြစ်သည်သတင်းထုတ်ပြန်ချက်Annual Ministerial Meeting ontheResponsibilitytoProtectအမည်ရှိ အစည်းအဝေးကို ၂၀-၉-၂၀၂၁ရက်တွင်၇၆ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ကျင်းပခဲ့ပြီး၊ Global Center for Responsibility to Protect GCR2Pအဖွဲ့က

ယင်းအစည်းအဝေးကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကသိရှိရသည်အဆိုပါအစည်းအဝေးသို့ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရပြီးနိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့်တရားရင်ဆိုင်နေရသည့် ကျော်မိုးထွန်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လုပ်ဆောင်နေသည့်အတွက် အကြမ်းဖ က်အဖွဲ့အစည်းအဖြစ်

ကြေညာထားသည့်NUGခေါ်အဖွဲ့ကိုကိုယ်စားပြု၍မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်၍၎င်း၏ပါဝင်တက်ရောက်မှုသည်မြန်မာနိုင်ငံကိုကိုယ်စားပြုခြင်းမရှိကြောင်းနှင့်၎င်းကိုယ်တိုင်သည်လည်းအကြမ်းဖက်အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ထင်ရှားသည့် အထောက်အထားပင်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။ထို့အပြင် ၎င်း၏ မိန့်ခွန်းတွင် အစိုးရဆန့် ကျင်သည့် အသိုက်အဝန်းမှ မမှန်မကန်

အခြေအမြစ် မရှိ သည့် စွပ်စွဲချက်များပါဝင်ပြီးနိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေသည့် လက်ခံနိုင်ဖွယ်မရှိသော အချက်အလက်များပါဝင်နေသည်။၎င်းကို ပါ ဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့် ကွက်ပယ်ချပြီး ယင်းသို့ ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့်

မတည်ငြိမ်မှုများဖြစ်ပေါ်စေရန်လှုံ့ဆော်အားပေးရာရောက်ကြောင်းသတိပေးအပ်သည်သို့ဖြစ်၍ယင်းကဲ့သို့တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့်၎င်းတို့၏ကိုယ်စားလှယ်များနှင့်ထိတွေ့ဆောင်ရွက်ခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုသည်နိုင်ငံခြားရေးဝန်ကြီးဌာနနေပြည်တော်