လူသားချင်းစာနာထောက်ထားမှုကူညီပေးဖို့နဲ့မြန်မာနိုင်ငံဟာလုံးဝပြိုလဲတော့မယ်လို့ပြောစက်တင်ဘာ၂၃ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာကျင်းပတဲ့လူ့
အခွင့်အရေးကောင်စီညီလာခံမှမီရှဲလ်ဘက်ချလက်က မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တင်သွင်းခဲ့တာပါ
ကုလမဟာမင်းကြီးကမြန်မာနိုင်ငံမှဒီမိုကရေစီဖို့နဲ့ကျယ်ပြန့်တဲ့ပဋိပက္ခတွေမဖြစ်အောင်တားဆီးနိုင်ဖို့နိုင်ငံတကာအနေနဲ့မြန်မာ့အရေးကိုနှစ်ဆတိုးကြိုးပမ်းဖို့လည်း
တိုက်တွန်းခဲ့ပါတယ်စစ်အုပ်စုကအာဏာသိမ်းလိုက်ပြီးနောက်မှာ မျိုးစုံဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေထဲက တချို့ဟာ လူသားမျိုးနွယ်အပေါ်
ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်။ ဒါကြောင့် ကျူးလွန်သူတွေ
တာဝန်ခံမှုရှိလာအောင်နိုင်ငံတကာကဝင်ရောက်ဆောင်ရွက်သင့်တယ်လို့လည်းအစီရင်ခံစာမှာရေးသားထားပါတယ်ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန်
အတွင်းစစ်အုပ်စုရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် ထန်ထလန်မြို့ တစ်မြို့လုံးနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်
အရပ်သားပြည်သူတွေနေထိုင်တဲ့လူနေရပ်ကွက်တွေကိုလေကြောင်းကနေတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဆေးရုံဆေးခန်းစာသင်ကျောင်းဝတ်ပြု
ကိုးကွယ်ရာနေရာတွေနဲ့အရပ်သားပြညသတွေကို အကာအကွယ်ပေးထားတဲ့ တခြားအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအားလုံးကို
ချက်ချင်းရပ်တန့်ပါ”လို့ သူက ပြောပါတယ်
မြန်မာနိုင်ငံကအကူညီလိုအပ်နေတဲ့သူတွေကိုလူသားချင်းစာနာထောက်ထားမှုကူညီသူပေးအပ်တာခွင့်ပြုဖို့လည်းကုလမဟာမင်းကြီးကတိုက်တွန်းပါတယ်
ကျန်းမာရေးဝန်ထမ်းတွေဟာအကာအကွယ်ပေးရမယ့် သူတွေပါပစ်မှတ်ထားဖြိုခွင်းရမှာ မဟုတ်ပါဘူး။ ဒေသခံ အရပ်သားတွေဆိုတာကလည်း အကူညီတွေ
ပေးအပ်တဲ့နေရာမှာ အဓိကထားပြီး ပူးပေါင်းဆောင်ရွက်ရမယ့်
သူတွေဖြစ်ပါတယ်လို့ သူကစစ်အုပ်စုကိုရည်ညွှန်းတိုက်တွန်းခဲ့ပါတယ်စစ်အုပ်စုဟာသူတို့ရဲ့ကျူးလွန်မှုတွေကိုရပ်တန့်မယ့်လက္ခဏာမရှိတာကြောင့်မြန်မာနိုင်ငံ
အတွင်းပဋိပက္ခတွေအဆိုးရွားဆုံးဖြစ်မလာခင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ချက်ချင်းဆောင်ရွက်ဖို့ လိုနေပြီလို့လည်း ဆိုပါတယ်
မြန်မာ့အရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့အလေးထားမှုကိုကုလသမဂ္ဂရဲ့တုံ့ပြန်မှုတွေဟာမြန်မာစစ်ခေါင်းဆောင်တွေအတွက်အင်မတန်အရှက်ရစရာကြီးပဲပါဒါပေမဲ့
စစ်ခေါင်းတွေဟာအရှက်မရှိကြဘူးဆိုတော့ ပြောသမျှတွေဟာ အလကားဖြစ်နေပါတယဒါကြောင့် UN ရဲ့ ပြောဆိုမှုတွေ တကယ်လက်တွေ့ဖြစ်လာဖို့ အရေးတကြီး
လိုနေပါတယ်လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကသုံးသပ်ပါတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ပေါ်လာဖို့ဒေါ်အောင်ဆန်းစုကြည်နဲ့
နိုင်ငံရေးအကျဥ်းသားအားလုံးကိုချက်ချင်းလွှတ်ပေးဖို့ကုလမဟာမင်းကြီးတိုက်တွန်းခဲ့ပါတယDeltaNewsAgency