News

“ထာဝရအလင္းတန္းမ်ား”႐ုပ္ရွင္ကားနဲ႔ အကယ္ဒမီဆုရရွိခဲ့တဲ့ ဒါ႐ိုက္တာ ဦးထြန္းေအာင္ေဇာ္ ကြယ္လြန္

“ထာဝရအလင္းတန္းမ်ား”႐ုပ္ရွင္ကားနဲ႔ အကယ္ဒမီဆုရရွိခဲ့တဲ့ ဒါ႐ိုက္တာ ဦးထြန္းေအာင္ေဇာ္ ကြယ္လြန္

၂၀၁၁ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ေပးအပ္ပြဲ အခမ္းအနားမွာ “ထာဝရ အလင္းတန္းမ်ား” ႐ုပ္ရွင္ ဇာတ္ကားနဲ႔ အေကာင္းဆုံး ဒါ႐ိုက္တာဆု (အကယ္ဒမီ ထူးခြၽန္ဆု )ကို ဆြတ္ခူး ရရွိ ခဲ့တဲ့ ဒါ႐ိုက္တာ ဦးထြန္းေအာင္ေဇာ္ဟာ ဒီကေန႔ စက္တင္ဘာလ ၂၃ ရက္ေန႔မွာ ကြယ္လြန္ သြားခဲ့ ၿပီလို႔ သိရ ပါ တယ္

၂၀၁၁ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ေပးအပ္ပြဲ အခမ္းအနားမွာ “ထာဝရ အလင္းတန္းမ်ား”႐ုပ္ရွင္ကားဟာ အကယ္ဒမီဆု ရွစ္ဆု အထိ ဆြတ္ခူး ရယူကာ ဆုအမ်ားဆုံး ရရွိတဲ့ ႐ုပ္ရွင္ ကားအျဖစ္ ေအာင္ပြဲ ခံႏိုင္ ခဲ့ပါ တယ္

“ထာဝရ အလင္းတန္းမ်ား” ႐ုပ္ရွင္ကားမွာ ဒါ႐ိုက္တာ ဦးထြန္းေအာင္ေဇာ္နဲ႔ အတူ အေကာင္းဆုံး တည္းျဖတ္ဆု (အကယ္ဒမီထူးခြၽန္ဆု)ကို အတူတကြ ရယူ ႏိုင္ခဲ့တဲ့ ကိုဟိန္းထက္ (လယ္ေဝး)ကလည္း သူ႔ရဲ႕ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာမွာ

အကယ္ဒမီ ဒါ႐ိုက္တာ ဦးထြန္းေအာင္ေဇာ္ ကြယ္လြန္သြားတာနဲ႔ပတ္သက္လို႔ “ကြၽန္ေတာ့္အတြက္ ” ထာဝရအလင္းတန္းမ်ား” ႐ုပ္ ရွင္ ဇာတ္ကားမွာ အကယ္ဒမီကို ယူေပး ခဲ့တဲ့ ေက်းဇူးရွင္ဆရာ ဒါ႐ိုက္တာ ဦးထြန္းေအာင္ေဇာ္ ေကာင္းရာဘုံ ေရာက္ ပါေစ. . .🙏🙏🙏။ ဆရာနဲ႔ ဖုန္းေျပာျဖစ္တာေတာင္ ဘာမွ မၾကာ ေသးဘူး ဆရာရယ္။ ဆရာ့ ေက်းဇူး ေတြက ကြၽန္ေတာ့္အတြက္ အမ်ာႀကီးပါ ဆရာ”လို႔ ဝမ္းနည္း စကား ဆို ထားၿပီျဖစ္ ပါ တယ္

Credit

Unicode

“ထာဝရအလင်းတန်းများ”ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆုရရှိခဲ့တဲ့ ဒါရိုက်တာ ဦးထွန်းအောင်ဇော် ကွယ်လွန်

၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားမှာ “ထာဝရ အလင်းတန်းများ” ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆု (အကယ်ဒမီ ထူးချွန်ဆု )ကို ဆွတ်ခူး ရရှိ ခဲ့တဲ့ ဒါရိုက်တာ ဦးထွန်းအောင်ဇော်ဟာ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ကွယ်လွန် သွားခဲ့ ပြီလို့ သိရ ပါ တယ်

၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအားမှာ “ထာဝရ အလင်းတန်းများ”ရုပ်ရှင်ကားဟာ အကယ်ဒမီဆု ရှစ်ဆု အထိ ဆွတ်ခူး ရယူကာ ဆုအများဆုံး ရရှိတဲ့ ရုပ်ရှင် ကားအဖြစ် အောင်ပွဲ ခံနိုင် ခဲ့ပါ တယ်

“ထာဝရ အလင်းတန်းများ” ရုပ်ရှင်ကားမှာ ဒါရိုက်တာ ဦးထွန်းအောင်ဇော်နဲ့ အတူ အကောင်းဆုံး တည်းဖြတ်ဆု (အကယ်ဒမီထူးချွန်ဆု)ကို အတူတကွ ရယူ နိုင်ခဲ့တဲ့ ကိုဟိန်းထက် (လယ်ဝေး)ကလည်း သူ့ရဲ့ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ

အကယ်ဒမီ ဒါရိုက်တာ ဦးထွန်းအောင်ဇော် ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ “ကျွန်တော့်အတွက် ” ထာဝရအလင်းတန်းများ” ရုပ် ရှင် ဇာတ်ကားမှာ အကယ်ဒမီကို ယူပေး ခဲ့တဲ့ ကျေးဇူးရှင်ဆရာ ဒါရိုက်တာ ဦးထွန်းအောင်ဇော် ကောင်းရာဘုံ ရောက် ပါစေ. . .🙏🙏🙏။ ဆရာနဲ့ ဖုန်းပြောဖြစ်တာတောင် ဘာမှ မကြာ သေးဘူး ဆရာရယ်။ ဆရာ့ ကျေးဇူး တွေက ကျွန်တော့်အတွက် အမျာကြီးပါ ဆရာ”လို့ ဝမ်းနည်း စကား ဆို ထားပြီဖြစ် ပါ တယ်

Credit