News

လက္နက္ကိုင္ၿပီး အစ္ကိုျဖစ္သူနဲ႔အတူ ေတာ္လွန္ ေရးတိုက္ပြဲမဝင္တဲ့ အေၾကာင္းအရင္းကို ေျပာျပလိုက္တဲ့ တိုင္းေက်ာ္ရဲ့ညီေလး

လူရွှင်တော်တိုင်းကျော်အပါအဝင် ဟား(၅)ကောင်အဖွဲ့ကတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့ အနုပညာရှင်တွေ ဖြစ်ပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်ပညာသင်ကြားနေသူတွေ ဖြစ်ပါတယ်။အစ်ကိုဖြစ်သူက လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေသလို တိုင်းကျော်ရဲ့ ညီဖြစ်သူကလည်း လုံခြုံတဲ့နေရာမှာ ရှောင်တိမ်းနေခဲ့ပါတယ်

ယခုမှာတော့ တိုင်းကျော်ရဲ့ညီဖြစ်သူကတော့ အစ်ကိုဖြစ်သူနဲ့အတူ လက်နက်ကိုင်ပြီး တော်လှန်ရေးတိုက်ပွဲမဝင်ဘဲ ရှောင်တိမ်းနေတဲ့အကြောင်းအရင်းကို ပြောပြလာခဲ့ပါတယ်

တိုင်းကျော်ရဲ့ ညီဖြစ်သူကတော့ ဒီတိုင်းနေမယ့်အတူတူ လွတ်မြောက်နယ်မြေဆိုတော့ စိတ်ချရတာမို့ အစ်ကိုဖြစ်သူဆီ လိုက်သွားကြဖို့ အသိမိတ်ဆွေအချို့က လာပြောကြကြောင်း၊ ယခုအချိန်မှာ အသက်ကြီးတဲ့ မိခင်၊ ဖခင်ကအစ တစ်မိသားစုလုံးရှောင်တိမ်းနေရကြောင်း ပြောပြထားခဲ့ပါတယ်

မိသားစုတိုင်းမှာ သူ့အကြောင်းနဲ့သူ မသိနိုင်တဲ့အကြောင်းတရားလေးတွေရှိသလို သူကိုယ်တိုင်လည်း သူ့အကြောင်းအရာလေးတွေနဲ့ သူရှိကြောင်း ၊မိတ်ဆွေအပေါင်းအသင်းကောင်းတွေရဲ့ ဖေးမမှုတွေအများကြီးကြောင့် ယခုလိုအန္တရာယ်ကင်းကင်းနဲ့နေထိုင်နေတာဖြစ်ကြောင်း ​ တိုင်းကျော်ရဲ့ညီဖြစ်သူက ဖွင့်ဟထားခဲ့ပါတယ်

တိုင်းကျော်ရဲ့ ညီဖြစ်သူကတော့ ယခုဒီစာကိုရေးနေတဲ့ အချိန်မှာ အစ်ကိုဖြစ်သူတိုင်းကျော်ဟာ တိုက်ပွဲတွေဆင်နွှဲနေ​ပြီး အဆက်အသွယ်လည်းပြတ်နေကြောင်း၊ အများနည်းတူ တိုက်ပွဲမှာအောင်ပွဲခံနိုင်သလို ကျလည်းကျဆုံးနိုင်တာမို့ တကယ်လို့ မပြောကောင်းမဆိုကောင်း တစ်ခုခုဖြစ်ခဲ့သည်ရှိသော် သတ္တိမရှိတဲ့သူ့ကို အဖေနဲ့အမေ အလွမ်းပြေချစ်လို့ရအောင် ကျန်ခဲ့တယ်လို့ပဲ နားလည်ပေးစေချင်ကြောင်း ပြောဆိုထားခဲ့ပါတယ်

တိုင်းကျော်ရဲ့ညီဖြစ်သူကတော့ အစ်ကိုဖြစ်သူကို ဘေးကင်းစေဖို့ ဆုတောင်းပေးနေပြီး မိဘနှစ်ပါးက တိုင်းကျော်ကို တွေ့ချင်နေကြောင်း ​ ဖွင့်ဟထားခဲ့တာပဲ ဖြစ်ပါတယ်

Source : Original Uploder

 

zawgyi

လူရႊင္ေတာ္တိုင္းေက်ာ္အပါအဝင္ ဟား(၅)ေကာင္အဖြဲ႕ကေတာ့ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ဆင္ႏႊဲေနတဲ့ အႏုပညာရွင္ေတြ ျဖစ္ၿပီး လြတ္ေျမာက္နယ္ေျမတစ္ေနရာမွာ စစ္ပညာသင္ၾကားေနသူေတြ ျဖစ္ပါတယ္။အစ္ကိုျဖစ္သူက လက္နက္ကိုင္ၿပီး တိုက္ပြဲဝင္ေနသလို တိုင္းေက်ာ္ရဲ့ ညီျဖစ္သူကလည္း လုံျခဳံတဲ့ေနရာမွာ ေရွာင္တိမ္းေနခဲ့ပါတယ္။

ယခုမွာေတာ့ တိုင္းေက်ာ္ရဲ့ညီျဖစ္သူကေတာ့ အစ္ကိုျဖစ္သူနဲ႔အတူ လက္နက္ကိုင္ၿပီး ေတာ္လွန္ေရးတိုက္ပြဲမဝင္ဘဲ ေရွာင္တိမ္းေနတဲ့အေၾကာင္းအရင္းကို ေျပာျပလာခဲ့ပါတယ္။

တိုင္းေက်ာ္ရဲ့ ညီျဖစ္သူကေတာ့ ဒီတိုင္းေနမယ့္အတူတူ လြတ္ေျမာက္နယ္ေျမဆိုေတာ့ စိတ္ခ်ရတာမို႔ အစ္ကိုျဖစ္သူဆီ လိုက္သြားၾကဖို႔ အသိမိတ္ေဆြအခ်ိဳ႕က လာေျပာၾကေၾကာင္း၊ ယခုအခ်ိန္မွာ အသက္ႀကီးတဲ့ မိခင္၊ ဖခင္ကအစ တစ္မိသားစုလုံးေရွာင္တိမ္းေနရေၾကာင္း ေျပာျပထားခဲ့ပါတယ္။

မိသားစုတိုင္းမွာ သူ႔အေၾကာင္းနဲ႔သူ မသိနိုင္တဲ့အေၾကာင္းတရားေလးေတြရွိသလို သူကိုယ္တိုင္လည္း သူ႔အေၾကာင္းအရာေလးေတြနဲ႔ သူရွိေၾကာင္း ၊မိတ္ေဆြအေပါင္းအသင္းေကာင္းေတြရဲ့ ေဖးမမႈေတြအမ်ားႀကီးေၾကာင့္ ယခုလိုအႏၲရာယ္ကင္းကင္းနဲ႔ေနထိုင္ေနတာျဖစ္ေၾကာင္း ​ တိုင္းေက်ာ္ရဲ့ညီျဖစ္သူက ဖြင့္ဟထားခဲ့ပါတယ္။

တိုင္းေက်ာ္ရဲ့ ညီျဖစ္သူကေတာ့ ယခုဒီစာကိုေရးေနတဲ့ အခ်ိန္မွာ အစ္ကိုျဖစ္သူတိုင္းေက်ာ္ဟာ တိုက္ပြဲေတြဆင္ႏႊဲေန​ၿပီး အဆက္အသြယ္လည္းျပတ္ေနေၾကာင္း၊ အမ်ားနည္းတူ တိုက္ပြဲမွာေအာင္ပြဲခံနိုင္သလို က်လည္းက်ဆုံးနိုင္တာမို႔ တကယ္လို႔ မေျပာေကာင္းမဆိုေကာင္း တစ္ခုခုျဖစ္ခဲ့သည္ရွိေသာ္ သတၱိမရွိတဲ့သူ႔ကို အေဖနဲ႔အေမ အလြမ္းေျပခ်စ္လို႔ရေအာင္ က်န္ခဲ့တယ္လို႔ပဲ နားလည္ေပးေစခ်င္ေၾကာင္း ေျပာဆိုထားခဲ့ပါတယ္

 

တိုင္းေက်ာ္ရဲ့ညီျဖစ္သူကေတာ့ အစ္ကိုျဖစ္သူကို ေဘးကင္းေစဖို႔ ဆုေတာင္းေပးေနၿပီး မိဘႏွစ္ပါးက တိုင္းေက်ာ္ကို ေတြ႕ခ်င္ေနေၾကာင္း ​ ဖြင့္ဟထားခဲ့တာပဲ ျဖစ္ပါတယ္။

Source : Original Uploder