အရင္တုန္းက အိမ္နီးခ်င္းျဖစ္ခဲ့ၾကၿပီး က်ေနာ့္အေပၚမွာလည္း အစ္ကိုတစ္ေယာက္လို ေလးစားခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ အခုေတာ့ စကစမွာစစ္ဗိုလ္ႀကီးျဖစ္ေနခဲ့ပါၿပီ ညီအစ္ကိုအရင္း
ေတြလိုေနခဲ့ၾကတာပါ သူက က်ေနာ္ေရးတင္ေနတဲ့ပို႔စ္ေတြကို ဘယ္လို ဝင္ဖတ္ေနသလဲဆိုတာကိုေတာ့ က်ေနာ္လည္းအေသအခ်ာမသိပါဘူး အာဏာသိမ္းခံရအၿပီးတစ္လေလာက္
အၾကာမွာ သူ႔အေကာင့္ကို block ပစ္ခဲ့တယ္ က်ေနာ္ကိုယ္တိုင္ကလည္း ျပႆနာတစ္ခုေၾကာင့္ အေကာင့္ေျပာင္းသုံးၿပီး ကိုယ္ေယာင္ေဖ်ာက္ေနခဲ့ရပါတယ္ဒီ အေကာင့္ကို က်ေနာ္သုံး
ေနမွန္း သူဘယ္ကဘယ္လို သိသြားခဲ့သလဲဆိုေတာ့ က်ေနာ့္ရဲ့ ပင္ကိုယ္အေရးအသားေတြေၾကာင့္ပါလို႔ သူကေျပာျပလာပါတယ္ လူတစ္ေယာက္နဲ႔ တစ္ေယာက္စာေရးပုံေရးနည္းကြဲျပား
လို႔ ဖတ္ၾကည့္တာနဲ႔တန္းသိပါတယ္တဲ့ေလ ထားပါေတာ့ သူကက်ေနာ့္ကို ေမးလာပါတယ္ဖုန္းေတာ့ မဆက္ပါဘူး မက္ေဆ့ပို႔ၿပီးေမးတာပါ စစ္တပ္ႀကီးကို အဲ့ေလာက္ေတာင္မုန္းတီးေနတာ
လားတဲ့ ျပန္ေျဖေပးလိုက္ပါတယ္ငါ မုန္းတာစစ္တပ္ႀကီးကို မဟုတ္ပါဘူး ကိုယ့္အတၱတစ္ခုတည္းကို ေရွ႕တန္းတင္ၿပီးအာဏာသိမ္းခဲ့ၾကတဲ့ အာဏာ႐ူးတစ္သိုက္နဲ႔ အဲ့ဒီ့အာဏာ႐ူးေတြ
ခိုင္းသမၽွကို မွားသလားမွန္သလားဆိုတာ မစဥ္းစား/ မသုံးသပ္ပဲလုပ္ေပးေနၾကတဲ့ ကၽြန္သေဘာက္ေကာင္ေတြကိုပါလို႔ သူကဆက္ၿပီးေမးပါေသးတယ္ အစ္ကို အရင္က နိုင္ငံေရးေတြ စိတ္မဝင္စားပါဘူး
အခုမွ ဘယ္လိုျဖစ္ၿပီး အန္အယ္ဒိီ ဘက္ေတာ္သားျဖစ္သြားခဲ့တာလဲတဲ့ အရင္က ခင္မင္ခဲ့ဖူးတဲ့သံေယာဇဥ္လက္က်န္ေလး နဲ႔ေကာင္းေကာင္းမြန္မြန္ပဲျပန္ေျဖခဲ့
လိုက္ပါတယ္ အရင္ကတည္းက ဘယ္ပါတီကိုမွထူးထူးျခားျခားႀကီးမေထာက္ခံခဲ့ဖူးပါဘူး အခုျဖစ္ေနတဲ့ကိစၥႀကီးက ပါတီစြဲျပႆနာႀကီးလည္း မဟုတ္ပါဘူး ဒါဟာဓမၼနဲ႔အဓမၼၾကားက
တိုက္ပြဲႀကီးတစ္ခုပါလို႔ ေနာက္ဆုံးအေနနဲ႔ သူေမးတာကေတာ့ တကယ္လို႔မ်ား အစ္ကိုနဲ႔က်ေနာ္တိုက္ပြဲေတြၾကားမွာ ထိပ္တိုက္ေတြ႕ခဲ့ၾကရင္ ဘယ္လိုလုပ္ၾကမလဲတဲ့ အဲ့ေမးခြန္ူကို စဥ္းစားစရာ
မလိုဘဲမဆိုင္းမတြ ျပန္ေျဖေပးလိုက္နိုင္ပါတယ္ မင္းလုပ္စရာရွိတာကိုမင္းလုပ္ငါလုပ္စရာရွိတာကို ငါလုပ္မယ္လို႔ေနာင္တစ္ခ်ိန္မွာ မင္းျဖစ္ျဖစ္ငါျဖစ္ျဖစ္မေသဘဲက်န္ေနခဲ့မ ယ္ဆိုရင္
ေတာင္ငါ့ အေနနဲ႔ကေတာ့ ငါလုပ္ခဲ့တဲ့ အလုပ္အတြက္ငါရပ္တည္ခဲ့တဲ့ လမ္းအတြက္ဝမ္းနည္းေနမွာ မဟုတ္သလိုေနာင္တရစရာလည္း ဘာအ ေၾကာင္းမွမရွိဘူးဘာလို႔လဲဆိုေတာ့ ငါက အမွန္တရားဓမၼဘက္ကေနရပ္တည္ခဲ့လို႔ပါပဲ
Credit
Unicode
အရင်တုန်းက အိမ်နီးချင်းဖြစ်ခဲ့ကြပြီး ကျနော့်အပေါ်မှာလည်း အစ်ကိုတစ်ယောက်လို လေးစားခဲ့တဲ့ ကောင်လေးတစ်ယောက် အခုတော့ စကစမှာစစ်ဗိုလ်ကြီးဖြစ်နေခဲ့ပါပြီ ညီအစ်ကိုအရင်း
တွေလိုနေခဲ့ကြတာပါ သူက ကျနော်ရေးတင်နေတဲ့ပို့စ်တွေကို ဘယ်လို ဝင်ဖတ်နေသလဲဆိုတာကိုတော့ ကျနော်လည်းအသေအချာမသိပါဘူး အာဏာသိမ်းခံရအပြီးတစ်လလောက်
အကြာမှာ သူ့အကောင့်ကို block ပစ်ခဲ့တယ် ကျနော်ကိုယ်တိုင်ကလည်း ပြဿနာတစ်ခုကြောင့် အကောင့်ပြောင်းသုံးပြီး ကိုယ်ယောင်ဖျောက်နေခဲ့ရပါတယ်ဒီ အကောင့်ကို ကျနော်သုံး
နေမှန်း သူဘယ်ကဘယ်လို သိသွားခဲ့သလဲဆိုတော့ ကျနော့်ရဲ့ ပင်ကိုယ်အရေးအသားတွေကြောင့်ပါလို့ သူကပြောပြလာပါတယ် လူတစ်ယောက်နဲ့ တစ်ယောက်စာရေးပုံရေးနည်းကွဲပြား
လို့ ဖတ်ကြည့်တာနဲ့တန်းသိပါတယ်တဲ့လေ ထားပါတော့ သူကကျနော့်ကို မေးလာပါတယ်ဖုန်းတော့ မဆက်ပါဘူး မက်ဆေ့ပို့ပြီးမေးတာပါ စစ်တပ်ကြီးကို အဲ့လောက်တောင်မုန်းတီးနေတာ
လားတဲ့ ပြန်ဖြေပေးလိုက်ပါတယ်ငါ မုန်းတာစစ်တပ်ကြီးကို မဟုတ်ပါဘူး ကိုယ့်အတ္တတစ်ခုတည်းကို ရှေ့တန်းတင်ပြီးအာဏာသိမ်းခဲ့ကြတဲ့ အာဏာရူးတစ်သိုက်နဲ့ အဲ့ဒီ့အာဏာရူးတွေ
ခိုင်းသမျှကို မှားသလားမှန်သလားဆိုတာ မစဉ်းစား/ မသုံးသပ်ပဲလုပ်ပေးနေကြတဲ့ ကျွန်သဘောက်ကောင်တွေကိုပါလို့ သူကဆက်ပြီးမေးပါသေးတယ် အစ်ကို အရင်က နိုင်ငံရေးတွေ စိတ်မဝင်စားပါဘူး
အခုမှ ဘယ်လိုဖြစ်ပြီး အန်အယ်ဒီ ဘက်တော်သားဖြစ်သွားခဲ့တာလဲတဲ့ အရင်က ခင်မင်ခဲ့ဖူးတဲ့သံယောဇဉ်လက်ကျန်လေး နဲ့ကောင်းကောင်းမွန်မွန်ပဲပြန်ဖြေခဲ့
လိုက်ပါတယ် အရင်ကတည်းက ဘယ်ပါတီကိုမှထူးထူးခြားခြားကြီးမထောက်ခံခဲ့ဖူးပါဘူး အခုဖြစ်နေတဲ့ကိစ္စကြီးက ပါတီစွဲပြဿနာကြီးလည်း မဟုတ်ပါဘူး ဒါဟာဓမ္မနဲ့အဓမ္မကြားက
တိုက်ပွဲကြီးတစ်ခုပါလို့ နောက်ဆုံးအနေနဲ့ သူမေးတာကတော့ တကယ်လို့များ အစ်ကိုနဲ့ကျနော်တိုက်ပွဲတွေကြားမှာ ထိပ်တိုက်တွေ့ခဲ့ကြရင် ဘယ်လိုလုပ်ကြမလဲတဲ့ အဲ့မေးခွန်ူကို စဉ်းစားစရာ
မလိုဘဲမဆိုင်းမတွ ပြန်ဖြေပေးလိုက်နိုင်ပါတယ် မင်းလုပ်စရာရှိတာကိုမင်းလုပ်ငါလုပ်စရာရှိတာကို ငါလုပ်မယ်လို့နောင်တစ်ချိန်မှာ မင်းဖြစ်ဖြစ်ငါဖြစ်ဖြစ်မသေဘဲကျန်နေခဲ့မ ယ်ဆိုရင်
တောင်ငါ့ အနေနဲ့ကတော့ ငါလုပ်ခဲ့တဲ့ အလုပ်အတွက်ငါရပ်တည်ခဲ့တဲ့ လမ်းအတွက်ဝမ်းနည်းနေမှာ မဟုတ်သလိုနောင်တရစရာလည်း ဘာအ ကြောင်းမှမရှိဘူးဘာလို့လဲဆိုတော့ ငါက အမှန်တရားဓမ္မဘက်ကနေရပ်တည်ခဲ့လို့ပါပဲ
Credit