News

တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင်ပြီး လေပြင်းနဲ့ မိုးကြိုး အန္တရာယ် သတိပေးထား

တိုင္းနဲ႔ျပည္နယ္ ၁၂ ခုမွာ မိုးႀကီးႏိုင္ၿပီး ေလျပင္းနဲ႔ မိုးႀကိဳး အႏၲရာယ္ သတိေပးထား ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ တိုင္းနဲ႔ျပည္နယ္ ၁၂ ခုမွာ မိုးႀကီးႏိုင္ၿပီး ေလျပင္းနဲ႔မိုးႀကိဳးလွ်ပ္စီးအႏၲရာယ္ကို သတိျပဳေနထိုင္ၾကဖို႔ မိုးဇက ဒီကေန႔မနက္မွာ ထုတ္ျပန္ထားပါတယ္

ဒီကေန႔ မနက္ ၇ နာရီခြဲအခ်ိန္က တိုင္းတာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းမွာ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚေနတာပါ။ အဆိုပါ ေလဖိအားနည္းရပ္ဝန္းရဲ႕အရွိန္ေၾကာင့္ ဒီကေန႔မနက္ကေန

ေနာက္ ၂၄ နာရီအတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနၤသာရီတိုင္းနဲ႔၊ခ်င္း၊ ရခိုင္၊ ကရင္နဲ႔မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္ကေန ေနရာအႏွံ႔အျပားမိုးထစ္ခ်ဳန္း႐ြာတာ၊ ေဒသအလိုက္မိုးႀကီးတာနဲ႔ ေနရာကြက္မိုးႀကီးတာေတြ ျဖစ္ေပၚႏိုင္တယ္လို႔ မိုးဇလက ခန႔္မွန္းထားပါတယ္

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးႏိုင္တယ္လို႔ မိုးဇလက ဆိုထားပါတယ္မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီကို ၃၅ မိုင္ကေန မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ၉ ေပကေန ၁၁ ေပခန႔္ ရွိႏိုင္တယ္လို႔

ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ မိုး႐ြာသြန္းတာနဲ႔အတူ ေလျပင္းတိုက္ခတ္တာ၊ မိုးထစ္ခ်ဳန္းတာ၊ မိုးႀကိဳးပစ္တာနဲ႔ လွ်ပ္စီးလက္တာေတြ ျဖစ္ေပၚႏိုင္တဲ့အတြက္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ မိုးဇလက အသိေပးထားပါတယ္

မိုးဦးနဲ႔ မိုးေႏွာင္းကာလမွာ ေနပူတလွည့္မိုး႐ြာတလွည့္နဲ႔ မိုးထစ္ခ်ဳံးတာ မိုးႀကိဳးျပစ္တာ တိမ္ေတာင္ေတြတေလွ်ာက္ ေလျပင္းတိုက္တာေတြျဖစ္တတ္တယ္ေလဖိအားနည္းရွိေတာ့ ပိုျဖစ္ႏိုင္တာေပါ့ ေလဖိအားနည္းဆိုတာကေတာ့ မုန္တိုင္းေလာက္ေတာ့မျပင္းပါ လို႔ မိုးဇလတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္

ဒါ့အျပင္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရးနဲ႔ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ ပင္လယ္ျပင္မွာရွိတဲ့ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္ေတြသေဘၤာေတြအေနနဲ႔လည္း ႀကိဳတင္သတိျပဳဖို႔ မိုးဇလက အသိေပးထုတ္ျပန္ထားတာ ျဖစ္ပါတယ္ Ref: People’sSpring

Unicode

တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင်ပြီး လေပြင်းနဲ့ မိုးကြိုး အန္တရာယ် သတိပေးထား ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင်ပြီး လေပြင်းနဲ့မိုးကြိုးလျှပ်စီးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ မိုးဇက ဒီကနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်

ဒီကနေ့ မနက် ၇ နာရီခွဲအချိန်က တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတာပါ။ အဆိုပါ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် ဒီကနေ့မနက်ကနေ

နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တင်္နသာရီတိုင်းနဲ့၊ချင်း၊ ရခိုင်၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာတာ၊ ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက်မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၁ ပေခန့် ရှိနိုင်တယ်လို့

ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာနဲ့ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးထားပါတယ်

မိုးဦးနဲ့ မိုးနှောင်းကာလမှာ နေပူတလှည့်မိုးရွာတလှည့်နဲ့ မိုးထစ်ချုံးတာ မိုးကြိုးပြစ်တာ တိမ်တောင်တွေတလျှောက် လေပြင်းတိုက်တာတွေဖြစ်တတ်တယ်လေဖိအားနည်းရှိတော့ ပိုဖြစ်နိုင်တာပေါ့ လေဖိအားနည်းဆိုတာကတော့ မုန်တိုင်းလောက်တော့မပြင်းပါ လို့ မိုးဇလတာဝန်ရှိသူတစ်ဦးက ပြောပါတယ်

ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေသင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုဖို့ မိုးဇလက အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ် Ref: People’sSpring