News

ဆရာဝန္ျဖစ္ခါနီး ဒလန္ရဲ့ေခ်ာက္ခ်မႈေၾကာင့္ အနာဂတ္အိပ္မက္ေတြ ပ်က္ဆီးခဲ့ရတဲ့ ေဆးေက်ာင္းသားေလးႏွစ္ေယာက္ရဲ့ စိတ္မေကာင္းစရာျဖစ္ရပ္

အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီး စတင်ခဲ့တာ အခုဆိုရင်  ၇  လပြည့်သွားခဲ့ပြီဖြစ်ပြီး ပြည်သူတွေမှာလည်း အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေကြဆဲပါ ဖေဖော်ဝါရီလအစကတည်းက ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာ လူတန်းစားမျိုးစုံပါဝင်ခဲ့ပြီး အကြမ်းဖက်ဖမ်းဆီးခံသူတွေထဲမှာ ပညာတတ်လူငယ်တွေများစွာလည်း ပါဝင်ခဲ့ကြပါတယ်

ဖမ်းဆီးခံရသူတွေက လူငယ်လေးနှစ်ယောက်ကတော့ ဒလန်ရဲ့ ချောက်ချသတင်းပေးမှုကြောင့် ဆရာဝန်ဖြစ်လုဆဲဆဲမှာပဲ ဖမ်းဆီးခံလိုက်ရပြီး အနာဂတ်တွေ ပျက်စီးခဲ့ကြရပါတယ် နှစ်ယောက်စလုံးဟာ ဆေးကျောင်း နောက်ဆုံးနှစ်ကျောင်းသားတွေဖြစ်ပြီး တစ်ယောက်က ဆန္ဒပြတဲ့အထဲပါတယ်ဆိုပြီး ထောင် ၃  နှစ်ချခံရသလို နောက်တစ်ယောက်ကတော့ ဒလန်ရဲ့ချောက်ချမှုကြောင့် အိမ်ထဲထိဝင်ဖမ်းခံရကာ ထောင်ထဲမှာအချုပ်ဘဝနဲ့ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်

ဆရာဝန်လောင်းလူငယ်လေးနှစ်ယောက်ရဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တွေကိုတော့ အင်းစိန်ထောင်မှာ ရင်းနှီးခဲ့တဲ့ အဆောင်တူလူငယ်တစ်ယောက်က ပြောပြထားတာ ဖြစ်ပြီး တခြားအဆောင်တွေမှာလည်း အဲ့ဒီလိုဆေးကျောင်းသားလေးတွေ ရှိသေးတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ့ သူရဲကောင်းလေးတွေအားလုံး နေကောင်းကျန်းမာစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ကြစေဖို့ ဆုတောင်းလိုက်ပါတယ်နော်

 

zawgyi

အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ ေတာ္လွန္ေရးတိုက္ပြဲႀကီး စတင္ခဲ့တာ အခုဆိုရင္ (၇)လျပည့္သြားခဲ့ၿပီျဖစ္ၿပီး ျပည္သူေတြမွာလည္း အစြမ္းကုန္ႀကိဳးစားလုပ္ေဆာင္ေနၾကဆဲပါ ေဖေဖာ္ဝါရီလအစကတည္းက ျပဳလုပ္ခဲ့တဲ့ လူထုလႈပ္ရွားမႈေတြမွာ လူတန္းစားမ်ိဳးစုံပါဝင္ခဲ့ၿပီး အၾကမ္းဖက္ဖမ္းဆီးခံသူေတြထဲမွာ ပညာတတ္လူငယ္ေတြမ်ားစြာလည္း ပါဝင္ခဲ့ၾကပါတယ္

ဖမ္းဆီးခံရသူေတြက လူငယ္ေလးႏွစ္ေယာက္ကေတာ့ ဒလန္ရဲ့ ေခ်ာက္ခ်သတင္းေပးမႈေၾကာင့္ ဆရာဝန္ျဖစ္လုဆဲဆဲမွာပဲ ဖမ္းဆီးခံလိုက္ရၿပီး အနာဂတ္ေတြ ပ်က္စီးခဲ့ၾကရပါတယ္ ႏွစ္ေယာက္စလုံးဟာ ေဆးေက်ာင္း ေနာက္ဆုံးႏွစ္ေက်ာင္းသားေတြျဖစ္ၿပီး တစ္ေယာက္က ဆႏၵျပတဲ့အထဲပါတယ္ဆိုၿပီး ေထာင္  ၃)ႏွစ္ခ်ခံရသလို ေနာက္တစ္ေယာက္ကေတာ့ ဒလန္ရဲ့ေခ်ာက္ခ်မႈေၾကာင့္ အိမ္ထဲထိဝင္ဖမ္းခံရကာ ေထာင္ထဲမွာအခ်ဳပ္ဘဝနဲ႔ အမႈရင္ဆိုင္ေနရတာ ျဖစ္ပါတယ္

 

ဆရာဝန္ေလာင္းလူငယ္ေလးႏွစ္ေယာက္ရဲ့ စိတ္မေကာင္းစရာအျဖစ္အပ်က္ေတြကိုေတာ့ အင္းစိန္ေထာင္မွာ ရင္းႏွီးခဲ့တဲ့ အေဆာင္တူလူငယ္တစ္ေယာက္က ေျပာျပထားတာ ျဖစ္ၿပီး တျခားအေဆာင္ေတြမွာလည္း အဲ့ဒီလိုေဆးေက်ာင္းသားေလးေတြ ရွိေသးတယ္ဆိုၿပီးေတာ့လည္း ေျပာျပထားပါေသးတယ္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျပည္သူ႔ သူရဲေကာင္းေလးေတြအားလုံး ေနေကာင္းက်န္းမာစြာနဲ႔ အျမန္ဆုံးျပန္လည္လြတ္ေျမာက္ၾကေစဖို႔ ဆုေတာင္းလိုက္ပါတယ္ေနာ္