Cele








Credit

Unicode

နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ်​၏ဖခင် ဆိုင်းပညာရှင်ကြီး ဦးစိန်ဝင်းသောင်း ကွယ်လွန်

ပရိတ်သတ်ကြီးရေ ဖိုးချစ်ကတော့ ဇာတ်သဘင် လောကမှာ မသိသူ မရှိ လောက်အောင် သဘင် လောကသားတွေကို ကြည့် ရှု့ စောင့်ရှောက် ပေးနေတဲ့ အနုပညာရှင် တစ် ယောက် ပါ ။ဇာတ်သမားတွေ အားလုံးက လေးစားရတဲ့ သူတစ်ယောက်ပါ ။ ဇာတ်သဘင်ကို ချစ်မြတ်နိုးတဲ့ စိတ်ကြောင့် ဖိုးချစ်ဇာတ်သဘင်ကို တည်ထောင် ထားတာ ပါပဲ နော်။

ပရိသတ်ရဲ့ အချစ်တော် ဇာတ်မင်း သားလေး ဖိုးချစ် ကတော့ ငယ်ရွယ်စဉ် အ ချိန် ကတည်းက အောင်မြင်တဲ့ ဇာတ် သဘင်တစ်ခုကို ဦးဆောင် နိုင်ခဲ့တဲ့ လူတော် တစ်ယောက်ပါ။ဒါ့အပြင်မြန်မာ့ သဘင် လောက ကြီး တိုးတက် လာအောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လုပ်ဆောင် နေသူ တစ် ယောက်ပါ။

အများကောင်းကျိုးကို ရှေးရှုတဲ့ ဖိုးချစ်ဟာ အလှူ အတန်းတွေလည်း မကြာခဏ ဆိုသလို လုပ်လေ့ ရှိပြီး သူရဲ့ တတ်နိုင် သ လောက်လေးနဲ့ အလှူဒါန်းတွေကို ပြုလုပ်လေ့ ရှိတာကြောင့် ပရိ သတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင် ထားတဲ့ သူပဲဖြစ်ပါတယ်။ပရိတ်သတ် အချစ်တော် ဖိုးချစ်ရဲ့ ဖခင် ဖြစ်သူ ဆိုင်းပညာရှင်ကြီးဦးစိန်ဝင်းသောင်း ဟာမနေ့ညက စက်တင်ဘာ(၂၄) ရက်နေ့ တွင် ကွယ်လွန် သွားကြောင်း ကြားသိ ရသည့် အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်း ရပါ သည်။

ဆိုင်းပညာရှင် တစ်ဉီးဆုံရှုံးလိုက်တဲ့အတွက် အထူးပင် နှမြောမိပါတယ်။ငယ်စဉ် ကထဲက မိခင်ဖြစ်သူ ဆုံးပါး ခဲ့ရလို့ ဖခင်ဖြစ်သူကို စံထားပြီး အမြဲ ကြိုးစား နေတဲ့ ဖိုးချစ် ကတော့ အရမ်းဝမ်းနည်းခံစားနေရမှာ အသေချာပါနော်…

ဖိုချစ်ရဲ့ ဖခင်လည်း ကောင်းရာ မွန်ရာ ရောက်ပါ စေ ကြောင်းဆုတောင်း ပေးလိုက် ပါတယ်နော်။ ယခုလိုဖတ်ရှုပေးတဲ့ ပရိတ်သတ်ကိုလည်း အထူး ကျေးဇူး တင်ပါတယ်။

Credit