News

သားတစ္ေယာက္ကိုဆုံးရႈံးခဲ့ရတဲ့ မိခင္တစ္ေယာက္ အေနနဲ႔ ​ေၾကကြဲမွတ္တမ္းေလးတင္ပါရေစ စိုင္းဘုန္းမင္းသန႔္ေမေမလား…ကိုစိုင္း ေရွ႕တန္းမွာ လက္နက္ႀကီးထိၿပီး က်ဆုံးပါတယ္ လို႔ ဝင္လာတဲ့ဖုန္း ထဲက စ​ကားသံ ခုထိ နားထဲက မထြက္ပါဘူး

သားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက် အနေနဲ့ ​ကြေကွဲမှတ်တမ်းလေးတင်ပါရစေေ စိုင်းဘုန်းမင်းသန့်မေမေလား…ကိုစိုင်း ရှေ့တန်းမှာ လက်နက်ကြီးထိပြီး ကျဆုံးပါတယ်..” လို့ ဝင်လာတဲ့ဖုန်း ထဲက စ​ကားသံ ခုထိ နားထဲက မထွက်ပါဘူး )

သားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက် အနေနဲ့ ​ကြေကွဲမှတ်တမ်းလေးတင်ပါရစေနော် သားအကြီးဆုံးမို့ သားအငယ်နဲ့သမီးလေးထက် အရင် အစစအရာရာ ဦးစားပေးချစ်ခဲ့ရတဲ့သား အမေဓမ္မစကူးလ်ဆရာမဆို သားကဓမ္မစကူးလ်ဆရာ အမေကင်းထောက်ဆို သားကကင်းထောက်ဆရာ အမေဆရာမဆို သားက guide အမေစျေးရောင်းရင် သားက model အမေ့အဝန်းအဝိုင်းလေးကို အား​​ဖြည့်ဂုဏ်တက်စေသူ ဘယ်အဖွဲ့အစည်းမှာဘဲရောက်ရောက် လိုက်လျောညီထွေ ချစ်ခင်အောင်နေတတ်ပြီး

အများအတွက် ကူညီဆောင်ရွက်ပေးသူ ဝါဆိုလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူ အမေ့ဘဝထဲဝင်လာပြီး တော်သလင်းလပြည့်နေ့ရဲ့ လမင်းကြီးနဲ့အတူ အမေ့ကိုချန်ထားပြီး နုတ်မဆက်ဘဲထွက်သွားသူ သူနဲ့ဆက်စပ်ရာပတ်ဝန်းကျင်ကလူတွေကို လမင်းကြီးပမာ အေးမြမှုတွေ ပေးစွမ်းခဲ့သူ အသက်(၂၂) နှစ်တောင်မပြည့်သေးတဲ့ အမေ့သားက အာဇာနည်သူရဲကောင်း…တဲ့လား ကြွေကျတာတောင် လင်းလက်နေတဲ့ကြယ်ပွင့်..တဲ့လား တောထဲတောင်ထဲ ဘယ်သူမှမသိတဲ့နေရာမှာ Db တောင်မရဘဲ သေဆုံးခဲ့တာတောင် ပြည်တွင်း၊ပြည်ပ မီဒီယာ​တွေကနေဖော်ပြပေးတဲ့အထိ သားရဲ့ကျဆုံးမှုကို အသိအမှတ်ပြုခံစေရတဲ့သား

စိုင်းဘုန်းမင်းသန့်မေမေလား…ကိုစိုင်း ရှေ့တန်းမှာ လက်နက်ကြီးထိပြီး ကျဆုံးပါတယ်. လို့ ဝင်လာတဲ့ဖုန်း ထဲက စ​ကားသံ ခုထိ နားထဲက မထွက်ပါဘူး ရုတ်တရက် အသက်ရူတာရပ်သွားသလို ”မဟုတ်ဘူး၊မယုံဘူး၊မဖြစ်နိုင်ဘူး လို့ ပါးစပ်က ငြင်းဆန်နေရပေမယ့် မတ်တတ်ရပ်နိုင်စွမ်းတောင် မရှိအောင် ပြိုလဲခဲ့ရတာပါ ဖြစ်စဉ်ကို ကိုယ်ကိုတိုင် သိချင်လို့ ခန ခန ဖုန်းဆက်မေးနေပေမယ့် ဒီအဖြေကို ကိုယ်တိုင်ပြန်နားထောင်ဖို့ကို သတ္တိမရှိအောင် ကြောက်နေခဲ့တယ်

သားလေးကို ထားခဲ့ရတယ် လို့ ပြောကြပေမယ့် ကူညီမယ့်သူတော်ကောင်းနဲ့တွေ့ပြီး ကယ်တင် စောင့်ရှောက်ပေးထားပါစေ…တနေရာရာမှာ အသက်ရှင်နေပါဆိုတဲ့…ဆုတောင်းတွေမပြည့်ခဲ့ပါဘူး သူ့လူတွေ….လို့ သူအမြဲပြောနေတဲ့ သူတွေအတွက် နေဖို့နေရာဆို Air con , Wifi ,Water cooler အပြည့်အစုံ သွားမလား ကားအဆင်သင့်၊ စားချင်တာပြောဦးမလား ဒီအမေချက်တာတစ်မျိုး၊ ဆိုင်ကဝယ်ကျွေးတာ မျိုးစုံ မထပ်စေရဘူး ဒဏ်ရာရနေလား ဆေးကုပေးမယ်၊ နေကောင်းတဲ့အထိပြုစုပေးပြီး

အိမ်တိုင်ရာရောက် ကားနဲ့လိုက်ပို့ပေးမယ် သူများကို ကူညီပြီဆို တအားကိုလုပ်ပေးတတ်လို့ အမေကပြောတိုင်း. မေရယ် ဒါရဲဘော်ရဲဘက်တွေလေလုပ်ပေးရမှာပေါ့.. ” တဲ့ တခြားသောကူညီပေးမှုတွေ ချရေးလို့ မကုန်ပါဘူး ဒီလောက်ကူညီတတ်တဲ့ ငါ့သား​လေး ကူညီကယ်တင်မယ့်သူ မပြောနဲ့ ခုထိ db တောင်ယူလို့မရသေးဘူး…တဲ့လား လပြည့်ညရဲ့ လမင်းကြီးအောက်မှာ တစ်ယောက်တည်းကျန်ခဲ့တယ်…တဲ့လား ကံကြမ္မာရယ် ရက်စက်လွန်းခဲ့တယ် သားပြန်လာမယ်နော်..

လို့  အမေ့ကိုကန်တော့ရင်း သားကိုယ်တိုင် ကတိ​ပေးခဲ့တာ..မကြာသေးပါဘူးနော် အမေငိုတော့ အမေ့ကိုပွေ့ဖက်နှစ်သိမ့်ပေးပြီး ကျောကိုသပ်လို့ အမေ့ပါးကိုနမ်းခဲ့တာ ခုတော့ နောက်ဆုံး အနမ်းတဲ့လား သားရယ် အမေ့အလှည့်ကျမှ သားကိုနောက်ဆုံးနုတ်ဆက်နမ်းဖို့ Db တောင်မရဘူး…တဲ့လား ပညာရေးတပိုင်းတစနဲ့ သားအိပ်မက်တွေ အကောင်အထည်မဖော်နိုင်သေးခင်ထွက်သွားရတာ

အမေ တကယ်စိတ်မကောင်းပါဘူး သားရယ် သားရဲ့ယုံကြည်ချက်အတိုင်းလျှောက်လှမ်းခဲ့မှုအတွက် သားရဲ့ကျဆုံးမှုကို တိုင်းသိပြည်သိ ဂုဏ်ပြုနေကြပါပြီ နောက်ဘဝမှာ လူ့အသက်ကိုတန်ဖိုးထားတဲ့တိုင်းပြည်မှာလူပြန်ဖြစ်ပါစေ၊ လူ့ဘဝရပါစေ သားရေ… အမေ့ထက်ပိုချစ်ပေးမယ့် အမေနဲ့ ဆုံဆည်းနိုင်ပါစေ အမေ့ထက်ပြည့်စုံအောင်ထားပေးမယ့် မိဘနဲ့တွေ့ဆုံပါစေ သားအိပ်မက်တွေကို

အကောင်အထည်ဖော်နိုင်ပြီး မကြွေခင်မှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့် အဖြစ် လောကအကျိုးကိုဆောင်နိုင်ပါစေ ဝမ်းနည်းကြေကွဲရနေရပေမယ့် ဂုဏ်ယူပါတယ်သား လူသာသေတယ် နာမည်မသေခဲ့ပါဘူး အမေ့ရင်ထဲမှာတော့ ထာဝရ ရှင်သန်နေမယ့်သားပါ အမေအမြဲချစ်နေမှာပါ အမေ မမေ့ဘူးနော်သားကို လွတ်လပ်စွာ ပျံသန်းလိုက်ပါသား အမေတို့မိသားစုက ဝမ်းနည်းကြေကွဲခြင်း များစွားဖြင့် ဂုဏ်ယူလိုက်ပါတယ်သားရယ်….

crd-Nann_MoMo_Han

zawgyi

သားတစ္ေယာက္ကိုဆုံးရႈံးခဲ့ရတဲ့ မိခင္တစ္ေယာက္ အေနနဲ႔ ​ေၾကကြဲမွတ္တမ္းေလးတင္ပါရေစေ ( ”စိုင္းဘုန္းမင္းသန႔္ေမေမလား…ကိုစိုင္း ေရွ႕တန္းမွာ လက္နက္ႀကီးထိၿပီး က်ဆုံးပါတယ္..” လို႔ ဝင္လာတဲ့ဖုန္း ထဲက စ​ကားသံ ခုထိ နားထဲက မထြက္ပါဘူး )

သားတစ္ေယာက္ကိုဆုံးရႈံးခဲ့ရတဲ့ မိခင္တစ္ေယာက္ အေနနဲ႔ ​ေၾကကြဲမွတ္တမ္းေလးတင္ပါရေစေနာ္ သားအႀကီးဆုံးမို႔ သားအငယ္နဲ႔သမီးေလးထက္ အရင္ အစစအရာရာ ဦးစားေပးခ်စ္ခဲ့ရတဲ့သား အေမဓမၼစကူးလ္ဆရာမဆို သားကဓမၼစကူးလ္ဆရာ အေမကင္းေထာက္ဆို သားကကင္းေထာက္ဆရာ အေမဆရာမဆို သားက guide အေမေစ်းေရာင္းရင္ သားက model အေမ့အဝန္းအဝိုင္းေလးကို အား​​ျဖည့္ဂုဏ္တက္ေစသူ ဘယ္အဖြဲ႕အစည္းမွာဘဲေရာက္ေရာက္ လိုက္ေလ်ာညီေထြ ခ်စ္ခင္ေအာင္ေနတတ္ၿပီး

အမ်ားအတြက္ ကူညီေဆာင္ရြက္ေပးသူ ဝါဆိုလျပည့္ေန႔ရဲ့လမင္းႀကီးနဲ႔အတူ အေမ့ဘဝထဲဝင္လာၿပီး ေတာ္သလင္းလျပည့္ေန႔ရဲ့ လမင္းႀကီးနဲ႔အတူ အေမ့ကိုခ်န္ထားၿပီး ႏုတ္မဆက္ဘဲထြက္သြားသူ သူနဲ႔ဆက္စပ္ရာပတ္ဝန္းက်င္ကလူေတြကို လမင္းႀကီးပမာ ေအးျမမႈေတြ ေပးစြမ္းခဲ့သူ အသက္(၂၂) ႏွစ္ေတာင္မျပည့္ေသးတဲ့ အေမ့သားက အာဇာနည္သူရဲေကာင္း…တဲ့လား ေႂကြက်တာေတာင္ လင္းလက္ေနတဲ့ၾကယ္ပြင့္..တဲ့လား ေတာထဲေတာင္ထဲ ဘယ္သူမွမသိတဲ့ေနရာမွာ Db ေတာင္မရဘဲ ေသဆုံးခဲ့တာေတာင္ ျပည္တြင္း၊ျပည္ပ မီဒီယာ​ေတြကေနေဖာ္ျပေပးတဲ့အထိ သားရဲ့က်ဆုံးမႈကို အသိအမွတ္ျပဳခံေစရတဲ့သား

စိုင္းဘုန္းမင္းသန႔္ေမေမလား…ကိုစိုင္း ေရွ႕တန္းမွာ လက္နက္ႀကီးထိၿပီး က်ဆုံးပါတယ္..” လို႔ ဝင္လာတဲ့ဖုန္း ထဲက စ​ကားသံ ခုထိ နားထဲက မထြက္ပါဘူး ႐ုတ္တရက္ အသက္႐ူတာရပ္သြားသလို ”မဟုတ္ဘူး၊မယုံဘူး၊မျဖစ္နိုင္ဘူး”လို႔ ပါးစပ္က ျငင္းဆန္ေနရေပမယ့္ မတ္တတ္ရပ္နိုင္စြမ္းေတာင္ မရွိေအာင္ ၿပိဳလဲခဲ့ရတာပါ ျဖစ္စဥ္ကို ကိုယ္ကိုတိုင္ သိခ်င္လို႔ ခန ခန ဖုန္းဆက္ေမးေနေပမယ့္ ဒီအေျဖကို ကိုယ္တိုင္ျပန္နားေထာင္ဖို႔ကို သတၱိမရွိေအာင္ ေၾကာက္ေနခဲ့တယ္

သားေလးကို ထားခဲ့ရတယ္…”လို႔ ေျပာၾကေပမယ့္ ကူညီမယ့္သူေတာ္ေကာင္းနဲ႔ေတြ႕ၿပီး ကယ္တင္ ေစာင့္ေရွာက္ေပးထားပါေစ…တေနရာရာမွာ အသက္ရွင္ေနပါဆိုတဲ့…ဆုေတာင္းေတြမျပည့္ခဲ့ပါဘူး သူ႔လူေတြ….လို႔ သူအျမဲေျပာေနတဲ့ သူေတြအတြက္ ေနဖို႔ေနရာဆို Air con , Wifi ,Water cooler အျပည့္အစုံ သြားမလား ကားအဆင္သင့္၊ စားခ်င္တာေျပာဦးမလား ဒီအေမခ်က္တာတစ္မ်ိဳး၊ ဆိုင္ကဝယ္ေကၽြးတာ မ်ိဳးစုံ မထပ္ေစရဘူး ဒဏ္ရာရေနလား ေဆးကုေပးမယ္၊ ေနေကာင္းတဲ့အထိျပဳစုေပးၿပီး

အိမ္တိုင္ရာေရာက္ ကားနဲ႔လိုက္ပို႔ေပးမယ္ သူမ်ားကို ကူညီၿပီဆို တအားကိုလုပ္ေပးတတ္လို႔ အေမကေျပာတိုင္း..…”ေမရယ္ ဒါရဲေဘာ္ရဲဘက္ေတြေလလုပ္ေပးရမွာေပါ့.. ” တဲ့ တျခားေသာကူညီေပးမႈေတြ ခ်ေရးလို႔ မကုန္ပါဘူး ဒီေလာက္ကူညီတတ္တဲ့ ငါ့သား​ေလး ကူညီကယ္တင္မယ့္သူ မေျပာနဲ႔ ခုထိ db ေတာင္ယူလို႔မရေသးဘူး…တဲ့လား လျပည့္ညရဲ့ လမင္းႀကီးေအာက္မွာ တစ္ေယာက္တည္းက်န္ခဲ့တယ္…တဲ့လား ကံၾကမၼာရယ္ ရက္စက္လြန္းခဲ့တယ္ ”သားျပန္လာမယ္ေနာ္..

လို႔” အေမ့ကိုကန္ေတာ့ရင္း သားကိုယ္တိုင္ ကတိ​ေပးခဲ့တာ..မၾကာေသးပါဘူးေနာ္ အေမငိုေတာ့ အေမ့ကိုေပြ႕ဖက္ႏွစ္သိမ့္ေပးၿပီး ေက်ာကိုသပ္လို႔ အေမ့ပါးကိုနမ္းခဲ့တာ ခုေတာ့ ေနာက္ဆုံး အနမ္းတဲ့လား သားရယ္ အေမ့အလွည့္က်မွ သားကိုေနာက္ဆုံးႏုတ္ဆက္နမ္းဖို႔ Db ေတာင္မရဘူး…တဲ့လား ပညာေရးတပိုင္းတစနဲ႔ သားအိပ္မက္ေတြ အေကာင္အထည္မေဖာ္နိုင္ေသးခင္ထြက္သြားရတာ

အေမ တကယ္စိတ္မေကာင္းပါဘူး သားရယ္ သားရဲ့ယုံၾကည္ခ်က္အတိုင္းေလၽွာက္လွမ္းခဲ့မႈအတြက္ သားရဲ့က်ဆုံးမႈကို တိုင္းသိျပည္သိ ဂုဏ္ျပဳေနၾကပါၿပီ ေနာက္ဘဝမွာ လူ႔အသက္ကိုတန္ဖိုးထားတဲ့တိုင္းျပည္မွာလူျပန္ျဖစ္ပါေစ၊ လူ႔ဘဝရပါေစ သားေရ… အေမ့ထက္ပိုခ်စ္ေပးမယ့္ အေမနဲ႔ ဆုံဆည္းနိုင္ပါေစ အေမ့ထက္ျပည့္စုံေအာင္ထားေပးမယ့္ မိဘနဲ႔ေတြ႕ဆုံပါေစ သားအိပ္မက္ေတြကို

အေကာင္အထည္ေဖာ္နိုင္ၿပီး မေႂကြခင္မွာ လင္းလက္ေတာက္ပတဲ့ ၾကယ္ပြင့္ အျဖစ္ ေလာကအက်ိဳးကိုေဆာင္နိုင္ပါေစ ဝမ္းနည္းေၾကကြဲရေနရေပမယ့္ ဂုဏ္ယူပါတယ္သား လူသာေသတယ္ နာမည္မေသခဲ့ပါဘူး အေမ့ရင္ထဲမွာေတာ့ ထာဝရ ရွင္သန္ေနမယ့္သားပါ အေမအျမဲခ်စ္ေနမွာပါ အေမ မေမ့ဘူးေနာ္သားကို လြတ္လပ္စြာ ပ်ံသန္းလိုက္ပါသား အေမတို႔မိသားစုက ဝမ္းနည္းေၾကကြဲျခင္း မ်ားစြားျဖင့္ ဂုဏ္ယူလိုက္ပါတယ္သားရယ္….

crd-Nann_MoMo_Han