News

ေတာင္သူဦးႀကီးမ်ားအတြက္ ေပ်ာက္ကြယ္လုနီးပါးရွိၿပီျဖစ္တဲ့ ႏြားေရြးနည္း ပညာ

၁။ နွားနီကွမ်းသွေး ရိုက်နိင်မှပြေး ။

၂။ နွားပြာနီတုတ်မွှေး ရိုက်နိင်မှပြေး ။

၃။ နွားပြာချို တုတ် ထမ်းပိုးထမ်းနှုတ် ။

၄။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။

၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။

၆။ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်။

၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း စင်းစင်းခံနေတတ် ။

၈။ နွားဝါမျက်ကွင်းဖြူ ကြိမ်မကူ ကမူမတက်ဘူး။

၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ကမူမတက်ဘူး။

၁၀။ နွားညို သံရောင် တုတ်မဆောင်ရ ။

၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။

၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှ၏ ။

၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့ ။

ဗွေများ – ( ၁ ) ဗွေဆင့်ဗွေ – ချို နှစ်ချောင်းစပ်ကြား၌ နှစ်ခုဆင့်လျှက်ရှိသော ဗွေ။(မယားသေ)

( ၂ ) မျက် ခြားဗွေ – မျက်လုံးနှစ်ခုကြား၌ တစ်လုံးတည်းရှိသော ဗွေ ။ (မယားသေ)

( ၃ ) ဗွေထီးဆောင်း – ချို နှစ်ချောင်း စပ်ကြား၌ ရှိသည်။ ထိုဗွေသည်နွား၏ထိပ်၌ ထီးကဲ့သို့ မိုးဆောင်းထား၍ ဗွေထီးဆောင်းဟုခေါ်သည်။ပထမတန်းစား ဗွေဖြစ်သည်။

( ၄ ) မြခနောက်ဗွေ – နွားခေါင်း၏ ရှေ့နဖူးပြင်ထိပ် အလယ်ကျသောနေရာ၌ ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ဗွေကောင်းဖြစ်သည်။

( ၅ ) သံလျက်ဗွေ – နွားလည်ပင်းတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ပါတတ်သည်။ လည်ပင်းမှ ခရုပတ်ရစ်၍ ဗွေ၏အဖျားသည် နွားဦးခေါင်းဖက်သို့ အညွန့်ဖြာလျှက်တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်။အကျိုး ပေးမထက်သန် ဆုတ်ယုတ်ပျက်စီးခြင်းလည်းမရှိ။( ခြောက်ကွက်လှနွား ) –

၁။ မြီးစွပ်ခြင်း အကွက်ကောင်းတစ်ကွက်။

၂။ ထိပ်ကွက်ခြင်း အကွက်ကောင်းတစ်ကွက်။

၃။ ခြေလေးဖက်စလုံး ဒူးဆစ်ထိ ဆွတ်ဆွတ်ဖြူ ခြင်း အကွက်ကောင်း လေးကွက်။( ထိုနွားမျိုးရှိလျှင် ခိုက်တတ်သောနွားဝယ်မိပါကလည်း အန္တရာယ် မဖြစ်ပါ )မြောက်သုံးသွယ် ကျယ်သုံးလီနီသုံးချက် တစ်နေ့တစ်ခြား စီးပွားတက်

မြောက်သုံးသွယ် – ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း (သို့မဟုတ်) ခေါင်းတမော့မော့ရှိခြင်း။ကျယ်သုံးလီ -ချို နှစ်ခုစပ်ကြား ထိပ်အင်းကျယ်ခြင်း ရင်အုပ်ကျယ်ခြင်း နှင့် တင်ပါးဆုံကျယ်ခြင်း ။နီသုံးချက် – လျှာနီခြင်း နှာနီခြင်း ခွာလေးဖက်နီခြင်း(ထိုအချက်တို့နှင့်ပြည့်စုံသောနွားကို လာဘ်နွားဟုခေါ်သည်။

စီးပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်လာသည်။နွားပြာနီ ကြောင်စွယ် မှောင်ကွယ်ရာဝယ် မမှားနိင် – နွားပြာ နွားနီ နွားပြာနီ နှင့် နွားကြောင်စွယ်တို့သည် မွေးထိုက်သောနွားဖြစ်၍ မှောင်ကွယ်ရာဝယ်ဦးတော့ မမှားနိင်ဟုဆိုလိုသည်။နွားကြောင်စွယ် …..နှာရောင်မှောင်မှောင် လက်မဲမဲ ဒူးမဲမဲ ရှိသောနွား ။ နွား၏ချို – ဘယ်လဲ ညာထောင် ဥစ္စာပြောင်ဘယ်ထောင်ညာလဲ တက်တက်မွဲ ။

တစ်ဖက်ထောင် တစ်ဖက်လဲနွားသည် ဥစ္စာဆုတ်ယုတ်တတ်၏ ။တယ်လူးချို …..နုတ်သောချို နဲ့သောချို ။ (အကျိုးမပေး) ကြက်တူရွေးချို …..ကြက်တူရွေးနှုတ်သီးပမာ ရှေ့သို့ကွေးညွတ်သော ချို ကွေး ။(အကျိုးမပေး)

မှတ်ချက် -ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများကိုလွန် ခဲ့သော ( ၃၀ )နှစ်ခန့်က မှတ်စုစာအုပ်ထဲမှတ်ထားမိသမျှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Credit – မူရင်း

zawgyi

၁။ ႏြားနီကြမ္းေသြး ရိုက္နိင္မွေျပး ။

၂။ ႏြားျပာနီတုတ္ေမႊး ရိုက္နိင္မွေျပး ။

၃။ ႏြားျပာခ်ိဳ တုတ္ ထမ္းပိုးထမ္းႏႈတ္ ။

၄။ႏြားျပာနီ ရွဥ့္ေမႊး ရိုက္နိင္မွေျပး ။

၅။ ေဇာ္နီကြမ္းေသြး ေသေအာင္ေျပး ။

၆။ ႏြားဝါဖြဲႏု ေသေအာင္ထု ဂ႐ုမထားတတ္။

၇။ႏြားဝါမ်က္ကြင္း ေသေအာင္ဖ်င္း စင္းစင္းခံေနတတ္ ။

၈။ ႏြားဝါမ်က္ကြင္းျဖဴ ႀကိမ္မကူ ကမူမတက္ဘူး။

၉။ ႏြားဝါဖင္ျဖဴ ႀကိမ္မကူ ကမူမတက္ဘူး။

၁၀။ ႏြားညိဳ သံေရာင္ တုတ္မေဆာင္ရ ။

၁၁။ ၿမီးစြပ္ေရွ႕တက္ ထိပ္ကြက္ေနာက္ဆုတ္ စုံမွဟုတ္။

၁၂။ ေမႊးတိုေမႊးၾကမ္း ထမ္းပိုးထမ္း အစြမ္းေကာင္းလွ၏ ။

၁၃။ ေဗြဆင့္မ်က္ျခား အဝယ္မွား အိမ္ကမယား ေသလတၱံ့ ။

ေဗြမ်ား – ( ၁ ) ေဗြဆင့္ေဗြ – ခ်ိဳ ႏွစ္ေခ်ာင္းစပ္ၾကား၌ ႏွစ္ခုဆင့္လၽွက္ရွိေသာ ေဗြ။(မယားေသ)

( ၂ ) မ်က္ ျခားေဗြ – မ်က္လုံးႏွစ္ခုၾကား၌ တစ္လုံးတည္းရွိေသာ ေဗြ ။ (မယားေသ)

( ၃ ) ေဗြထီးေဆာင္း – ခ်ိဳ ႏွစ္ေခ်ာင္း စပ္ၾကား၌ ရွိသည္။ ထိုေဗြသည္ႏြား၏ထိပ္၌ ထီးကဲ့သို႔ မိုးေဆာင္းထား၍ ေဗြထီးေဆာင္းဟုေခၚသည္။ပထမတန္းစား ေဗြျဖစ္သည္။

( ၄ ) ျမခေနာက္ေဗြ – ႏြားေခါင္း၏ ေရွ႕နဖူးျပင္ထိပ္ အလယ္က်ေသာေနရာ၌ ေဗြသုံးလုံး ဖိုခေနာက္ဆိုင္တည္ရွိ၍ ေခၚေဝၚျခင္းျဖစ္သည္။ေဗြေကာင္းျဖစ္သည္။

( ၅ ) သံလ်က္ေဗြ – ႏြားလည္ပင္းတစ္ဖက္ (သို႔မဟုတ္) ႏွစ္ဖက္စလုံး ပါတတ္သည္။ လည္ပင္းမွ ခ႐ုပတ္ရစ္၍ ေဗြ၏အဖ်ားသည္ ႏြားဦးေခါင္းဖက္သို႔ အညြန္႔ျဖာလၽွက္တက္ခဲ့ေသာ္ သံလ်က္ေဗြဟုေခၚသည္။အက်ိဳး ေပးမထက္သန္ ဆုတ္ယုတ္ပ်က္စီးျခင္းလည္းမရွိ။( ေျခာက္ကြက္လွႏြား ) –

၁။ ၿမီးစြပ္ျခင္း အကြက္ေကာင္းတစ္ကြက္။

၂။ ထိပ္ကြက္ျခင္း အကြက္ေကာင္းတစ္ကြက္။

၃။ ေျခေလးဖက္စလုံး ဒူးဆစ္ထိ ဆြတ္ဆြတ္ျဖဴ ျခင္း အကြက္ေကာင္း ေလးကြက္။( ထိုႏြားမ်ိဳးရွိလၽွင္ ခိုက္တတ္ေသာႏြားဝယ္မိပါကလည္း အႏၲရာယ္ မျဖစ္ပါ )ေျမာက္သုံးသြယ္ က်ယ္သုံးလီနီသုံးခ်က္ တစ္ေန႔တစ္ျခား စီးပြားတက္ ။

ေျမာက္သုံးသြယ္ – ဦးေခါင္းေမာက္ေမာက္ေထာင္ေထာင္ရွိျခင္း (သို႔မဟုတ္) ေခါင္းတေမာ့ေမာ့ရွိျခင္း။က်ယ္သုံးလီ -ခ်ိဳ ႏွစ္ခုစပ္ၾကား ထိပ္အင္းက်ယ္ျခင္း ရင္အုပ္က်ယ္ျခင္း ႏွင့္ တင္ပါးဆုံက်ယ္ျခင္း ။နီသုံးခ်က္ – လၽွာနီျခင္း ႏွာနီျခင္း ခြာေလးဖက္နီျခင္း(ထိုအခ်က္တို႔ႏွင့္ျပည့္စုံေသာႏြားကို လာဘ္ႏြားဟုေခၚသည္။

စီးပြားဥစၥာ တစ္ေန႔တစ္ျခား တိုးတက္လာသည္။ႏြားျပာနီ ေၾကာင္စြယ္ ေမွာင္ကြယ္ရာဝယ္ မမွားနိင္ – ႏြားျပာ ႏြားနီ ႏြားျပာနီ ႏွင့္ ႏြားေၾကာင္စြယ္တို႔သည္ ေမြးထိုက္ေသာႏြားျဖစ္၍ ေမွာင္ကြယ္ရာဝယ္ဦးေတာ့ မမွားနိင္ဟုဆိုလိုသည္။ႏြားေၾကာင္စြယ္ …..ႏွာေရာင္ေမွာင္ေမွာင္ လက္မဲမဲ ဒူးမဲမဲ ရွိေသာႏြား ။ ႏြား၏ခ်ိဳ – ဘယ္လဲ ညာေထာင္ ဥစၥာေျပာင္ဘယ္ေထာင္ညာလဲ တက္တက္မြဲ ။

တစ္ဖက္ေထာင္ တစ္ဖက္လဲႏြားသည္ ဥစၥာဆုတ္ယုတ္တတ္၏ ။တယ္လူးခ်ိဳ …..ႏုတ္ေသာခ်ိဳ နဲ႔ေသာခ်ိဳ ။ (အက်ိဳးမေပး) ၾကက္တူေရြးခ်ိဳ …..ၾကက္တူေရြးႏႈတ္သီးပမာ ေရွ႕သို႔ေကြးညြတ္ေသာ ခ်ိဳ ေကြး ။(အက်ိဳးမေပး)

မွတ္ခ်က္ -ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ ေရွးပညာရွင္တို႔၏ ႏြားေရြးနည္းပညာမ်ားကိုလြန္ ခဲ့ေသာ ( ၃၀ )ႏွစ္ခန္႔က မွတ္စုစာအုပ္ထဲမွတ္ထားမိသမၽွ ျပန္လည္ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။

Credit – မူရင္း