News

ဘာမွ မလုပ္ဘဲကူညီပါဦးဆိုၿပီးတခ်ိန္လုံးေအာ္ေနတဲ့လူေတြနဲ႔ သူငယ္ေတြကို အမ္းဖို႔ အတြက္ အသည္းအသန္ စီးပြားရွာေနတာမဟုတ္ပါဘူးလို႔ ရင္ဖြင့္ေရးသားလာတဲ့ ေရႊရည္သိန္းတန္ ..

ဘာမွ မလုပ္ဘဲကူညီပါဦးဆိုၿပီးတခ်ိန္လံုးေအာ္ေနတဲ့လူေတြနဲ႔ သူငယ္ေတြကို အမ္းဖို႔ အတြက္ အသည္းအသန္ စီးပြားရွာေနတာမဟုတ္ပါဘူးလို႔ ရင္ဖြင့္ေရးသားလာတဲ့ ေရႊရည္သိန္းတန္ ..

အဆိုေတာ္ေ႐ႊရည္သိန္းတန္ကေတာ့ အႏုပညာပိုင္းမွာ ပရိသတ္အားေပးခ်စ္ခင္မႈေတြကို ရရွိထားသလို ကိုယ္ပိုင္စီးပြားေရးအျဖစ္ ေက်ာက္ျမတ္ရတနာလုပ္ငန္းေတြ လုပ္ေဆာင္ေနသူျဖစ္ပါတယ္။ မၾကာခင္ကမွ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ခင္ပြန္းျဖစ္သူကို ဆုံးရႈံးထားရတဲ့ ေ႐ႊရည္သိန္းတန္ကေတာ့ အလုပ္ေတြကိုဖိလုပ္ရင္း အခက္အခဲဆုံးအခ်ိန္ေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ေနတာလည္း ျဖစ္ပါတယ္။

အလုပ္ေတြကိုႀကိဳးစားလုပ္ေဆာင္ေနတဲ့ ေ႐ႊရည္သိန္းတန္ဟာ အိပ္ခ်ိန္ကလြဲလို႔ စားေနတဲ့အခ်ိန္မွာေတာင္ အလုပ္လုပ္ေနတာေတြက သူငယ္အမ္းဖို႔မဟုတ္ေၾကာင္း ေဝဖန္တိုက္ခိုက္ေနသူေတြကို ေျပာလာပါတယ္။ မနက္အိပ္ယာႏိုးလို႔လမ်က္လုံးပြင့္ကတည္းက

မ်က္ႏွာမသစ္ရေသးခင္ အလုပ္လုပ္ကာ ထမင္းစား ကားေမာင္းေနတဲ့အခ်ိန္ေတြနဲ႔ လႈပ္ရွားမႈေတြတိုင္းမွာ အလုပ္လုပ္ေနတာဟာ တစ္ခုတည္းေသာ စိတ္ထြက္ေပါက္ ျဖစ္တယ္ဆိုၿပီး ေျပာျပထားတာပါ။

သူမအလုပ္ေတြႀကိဳးစားလုပ္ေဆာင္ေနတာဟာ သူငယ္အမ္းဖို႔မဟုတ္သလို ေစတနာနဲ႔မတန္တဲ့သူေတြနဲ႔ ဘာအလုပ္မွပင္ပန္းခံမလုပ္ဘဲ အကူအညီထိုင္ေတာင္းေနသူေတြအတြက္ မဟုတ္ဘူးဆိုၿပီးေတာ့လည္း ျပတ္သားစြာ ေျပာထားပါေသးတယ္။ အလုပ္လုပ္ေနတာေတြဟာ ဆင္းရဲဖူးလို႔ ျပန္မဆင္းရဲခ်င္တဲ့အျပင္

လႉတန္းခ်င္လို႔၊ မိဘႏွစ္ပါးနဲ႔ ခင္ပြန္းကို အေကာင္းဆုံးကုသိုလ္ေတြနဲ႔ သံသရာအေထာက္အပံ့ျပဳ ေက်းဇူးဆပ္ခ်င္သလို ဒုကၡေရာက္ခ်ိန္မွာ ေက်းဇူးျပဳဖူးသူေတြကို ျပန္ကူညီခ်င္တာေတြေၾကာင့္ အလုပ္ေတြ ေလာဘတႀကီးလုပ္ေနတာျဖစ္ေၾကာင္း ေျပာျပထားၿပီး ပရိသတ္ေတြကလည္း အားေပးစကားေတြ ေျပာထားၾကတာ ျဖစ္ပါတယ္။

သတင္းအရင္းျမစ္: Shwe Yee Thein Than’s Fb Acc
crd : MM Load

unicode

ဘာမှ မလုပ်ဘဲကူညီပါဦးဆိုပြီးတချိန်လုံးအော်နေတဲ့လူတွေနဲ့ သူငယ်တွေကို အမ်းဖို့ အတွက် အသည်းအသန် စီးပွားရှာနေတာမဟုတ်ပါဘူးလို့ ရင်ဖွင့်ရေးသားလာတဲ့ ရွှေရည်သိန်းတန် ..

အဆိုတော်ရွှေရည်သိန်းတန်ကတော့ အနုပညာပိုင်းမှာ ပရိသတ်အားပေးချစ်ခင်မှုတွေကို ရရှိထားသလို ကိုယ်ပိုင်စီးပွားရေးအဖြစ် ကျောက်မြတ်ရတနာလုပ်ငန်းတွေ လုပ်ဆောင်နေသူဖြစ်ပါတယ်။ မကြာခင်ကမှ ကိုဗစ်ကပ်ရောဂါကြောင့် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားရတဲ့ ရွှေရည်သိန်းတန်ကတော့ အလုပ်တွေကိုဖိလုပ်ရင်း အခက်အခဲဆုံးအချိန်တွေကို အကောင်းဆုံးကျော်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

အလုပ်တွေကိုကြိုးစားလုပ်ဆောင်နေတဲ့ ရွှေရည်သိန်းတန်ဟာ အိပ်ချိန်ကလွဲလို့ စားနေတဲ့အချိန်မှာတောင် အလုပ်လုပ်နေတာတွေက သူငယ်အမ်းဖို့မဟုတ်ကြောင်း ဝေဖန်တိုက်ခိုက်နေသူတွေကို ပြောလာပါတယ်။ မနက်အိပ်ယာနိုးလို့လမျက်လုံးပွင့်ကတည်းက

မျက်နှာမသစ်ရသေးခင် အလုပ်လုပ်ကာ ထမင်းစား ကားမောင်းနေတဲ့အချိန်တွေနဲ့ လှုပ်ရှားမှုတွေတိုင်းမှာ အလုပ်လုပ်နေတာဟာ တစ်ခုတည်းသော စိတ်ထွက်ပေါက် ဖြစ်တယ်ဆိုပြီး ပြောပြထားတာပါ။

သူမအလုပ်တွေကြိုးစားလုပ်ဆောင်နေတာဟာ သူငယ်အမ်းဖို့မဟုတ်သလို စေတနာနဲ့မတန်တဲ့သူတွေနဲ့ ဘာအလုပ်မှပင်ပန်းခံမလုပ်ဘဲ အကူအညီထိုင်တောင်းနေသူတွေအတွက် မဟုတ်ဘူးဆိုပြီးတော့လည်း ပြတ်သားစွာ ပြောထားပါသေးတယ်။ အလုပ်လုပ်နေတာတွေဟာ ဆင်းရဲဖူးလို့ ပြန်မဆင်းရဲချင်တဲ့အပြင်

လှူတန်းချင်လို့၊ မိဘနှစ်ပါးနဲ့ ခင်ပွန်းကို အကောင်းဆုံးကုသိုလ်တွေနဲ့ သံသရာအထောက်အပံ့ပြု ကျေးဇူးဆပ်ချင်သလို ဒုက္ခရောက်ချိန်မှာ ကျေးဇူးပြုဖူးသူတွေကို ပြန်ကူညီချင်တာတွေကြောင့် အလုပ်တွေ လောဘတကြီးလုပ်နေတာဖြစ်ကြောင်း ပြောပြထားပြီး ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောထားကြတာ ဖြစ်ပါတယ်။

 

သတင်းအရင်းမြစ်: Shwe Yee Thein Than’s Fb Acc
crd : MM Load