အင္းစိန္ေထာင္ အနီး ဗံုး၅လံုး ေပါက္ကြဲမွုျဖစ္ ေျမနီကုန္းမွာ ပစ္ခတ္မွုမ်ားရွိေန
အင္းစိန္ေထာင္အနီး ဗုံး ၅ လုံးကြဲ၊ ေျမနီကုန္းကုန္းေက်ာ္တံတားေပါတြင္ ယေန႔နံနက္အေစာပိုင္း ပစ္ခတ္မႈမ်ား ျဖစ္ပြားၿပီး လူတစ္ခ်ိဳ႕ ေသဆုံး မႈ႕ရွိဆိုေသာ သတင္းထြက္ေပၚ
စက္တင္ဘာလ ၂၅ ရက္ေန႔။
ရန္ကုန္၊ အင္းစိန္ေထာင္အနီးတြင္ ယေန႔ နံနက္ ၇ နာရီ ၃၅ မိနစ္မွစတင္၍ ဗုံး ၅ လုံးဆက္တိုက္ေပါက္ကြဲေၾကာင္း ေဒသခံမ်ားထံမွ သိရွိရပါသည္။
ယေန႔ စက္တင္ဘာလ ၂၅ ရက္ေနံ နံနက္ ၇ နာရီ ၃၅ မိနစ္မွစတင္၍ အင္းစိန္ေထာင္ ေဘး ဘုရင့္ေနာင္လမ္းမ မင္းေစတီနား ေညာင္ပင္သာဘုန္းႀကီးေက်ာင္းအနီး ဗုံး ၄ လုံးေပါက္ကြဲေၾကာင္း ေဒသခံတစ္ဦးထံမွ သိရွိရပါသည္
“အသံကေတာ့ က်ယ္တယ္ဗ်၊ တအုန္းအုန္းနဲ႔ေပါက္တာ။ အထိအခိုက္ေတာ့မသိေသးဘူး” ဟု ေဒသခံတစ္ဦးက ေျပာပါသည္
ယေန႔ စက္တင္ဘာလ ၂၅ ရက္ေန႔ နံနက္ ၁ နာရီ ၃၀ မိနစ္တြင္ စမ္းေခ်ာင္း၊ ေျမနီးကုန္း ကုန္းေက်ာ္တံတားတြင္ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး အတည္မျပဳႏိုင္ေသာ သတင္းမ်ားအရ လူတခ်ိဳ႕ ေသဆုံးမႈ႕ရွိေၾကာင္း သိရွိရပါသည္
“ေသနတ္သံေတာ့ၾကားတယ္။ ဘယ္ကမွန္းေတာ့ မသိဘူး။ ေတာ္ေတာ္က်ယ္က်ယ္ၾကားရတယ္” ဟု စမ္းေခ်ာင္းေဒသခံတစ္ဦးကေျပာၾကားထားသည္
ေသနတ္သံသည္ အခ်က္ ၅၀ ခန႔္ရွိၿပီး တိုက္အျမင့္၊ အိမ္တခ်ိဳ႕ကို က်ည္ထိမွန္ခဲ့ေၾကာင္း သိရွိရသည္
ေဒသသတင္းရင္းျမစ္ျဖစ္ေသာ Sanchaung Information က မူ စမ္းေခ်ာင္းပစ္ခတ္သံမ်ားႏွင့္အတူ ေျမနီကုန္းတံတားအနီးမွ ေသြးမ်ားကို ေရျဖင့္ ေဆးခ်သည္ဟု ေဖာ္ျပထားပါေသးသည္
ယေန႔ နံနက္ပိုင္း ၈ နာရီအထိ ေျမနီကုန္းတံတားကို စစ္တပ္က ပိတ္ထားခဲ့ၿပီး နံနက္ ၉ နာရီ ၃၀ မိနစ္တြင္မွ ျပန္လည္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရွိရပါသည္
Unicode
အင်းစိန်ထောင် အနီး ဗုံး၅လုံး ပေါက်ကွဲမှုဖြစ် မြေနီကုန်းမှာ ပစ်ခတ်မှုများရှိနေ
အင်းစိန်ထောင်အနီး ဗုံး ၅ လုံးကွဲ၊ မြေနီကုန်းကုန်းကျော်တံတားပေါတွင် ယနေ့နံနက်အစောပိုင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူတစ်ချို့ သေဆုံး မှု့ရှိဆိုသော သတင်းထွက်ပေါ်
စက်တင်ဘာလ ၂၅ ရက်နေ့
ရန်ကုန်၊ အင်းစိန်ထောင်အနီးတွင် ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်မှစတင်၍ ဗုံး ၅ လုံးဆက်တိုက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရပါသည်
ယနေ့ စက်တင်ဘာလ ၂၅ ရက်နေံ နံနက် ၇ နာရီ ၃၅ မိနစ်မှစတင်၍ အင်းစိန်ထောင် ဘေး ဘုရင့်နောင်လမ်းမ မင်းစေတီနား ညောင်ပင်သာဘုန်းကြီးကျောင်းအနီး ဗုံး ၄ လုံးပေါက်ကွဲကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်
“အသံကတော့ ကျယ်တယ်ဗျ၊ တအုန်းအုန်းနဲ့ပေါက်တာ။ အထိအခိုက်တော့မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်
ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် စမ်းချောင်း၊ မြေနီးကုန်း ကုန်းကျော်တံတားတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အတည်မပြုနိုင်သော သတင်းများအရ လူတချို့ သေဆုံးမှု့ရှိကြောင်း သိရှိရပါသည်
“သေနတ်သံတော့ကြားတယ်။ ဘယ်ကမှန်းတော့ မသိဘူး။ တော်တော်ကျယ်ကျယ်ကြားရတယ်” ဟု စမ်းချောင်းဒေသခံတစ်ဦးကပြောကြားထားသည်
သေနတ်သံသည် အချက် ၅၀ ခန့်ရှိပြီး တိုက်အမြင့်၊ အိမ်တချို့ကို ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်
ဒေသသတင်းရင်းမြစ်ဖြစ်သော Sanchaung Information က မူ စမ်းချောင်းပစ်ခတ်သံများနှင့်အတူ မြေနီကုန်းတံတားအနီးမှ သွေးများကို ရေဖြင့် ဆေးချသည်ဟု ဖော်ပြထားပါသေးသည်
ယနေ့ နံနက်ပိုင်း ၈ နာရီအထိ မြေနီကုန်းတံတားကို စစ်တပ်က ပိတ်ထားခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်တွင်မှ ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်