News

မုန်တိုင်းငယ်(Depression)အခြေအနေနှင့် နောက်(၄၈)နာရီအတွင်း မိုးကြီး လှိုင်းထန် သတိပေးနှိုးဆော်ချက်








Unicode

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာမြန်မာနိုင်ငံဘက်ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်သတ်မှတ်တယ်လို့မိုးဇလဌာနကစက်တင်ဘာ၂၅ရက်ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်

ဒီနေ့မနက်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ဆက်စပ်နေတဲ့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်Depressionဟာအနောက်ဘက်ကိုရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်၊

ဂွမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းရဲ့ အနောက်မြောက်ဘက်ရေမိုင်၂၈မိုင်ခန့်အိန္ဒိယနိုင်ငံပါရာဒစ်ရှ်မြို့ရဲ့အရှေ့အရှေ့တောင်ဘက်ရေမိုင်၂၃၀မိုင်ခန့်နဲ့ဂိုလ်ပါပူမြို့ရဲ့ အရှေ့ဘက်ရေမိုင် ၃၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်

မုန်တိုင်းငယ်ဟာ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီကိမိုင်၄၀နှုန်းခန့်ဖြစ်ပြီးနောက်၁၂နာရီအတွင်းအားကောင်းသောမုန်တိုင်းငယ်(DeepDepressionအဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ကာလှိုင်းကြီးမှာဖြစ်ပြီးမိုးသက်လေပြင်းကျစဉရေပြင်မြေပြင်လေဟာတစ်နာရီကိုမိုင်၄၀အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ သတိပြုကြဖို့ မိုးဇလက အသိပေးနှိုးဆော်ထားပါတယ်