မိုးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို မိဘအပေါ်မှာလည်း သိတတ်ရိုသေသူပဲ ဖြစ်ပါတယ်…..။ မိုးဟေကိုဟာ မိခင်ဖြစ်သူနာမကျန်းဖြစ်စဉ်မှာလည်း အနီးကပ်တောက်လျှောက်ပြုစုပေးခဲ့တာဖြစ်ပြီး မိခင်ရဲ့နောက်ဆုံးခရီးမှာလည်း သမီးတစ်ယောက်အနေနဲ့ တာ၀န်ကျေခဲ့သူလည်းဖြစ်ပါတယ်
မိုးဟေကိုဟာ ဘာသာတရားဘက်မှာလည်းကိုင်းရှိုင်းသူဖြစ်တာကြောင့် မကြာခဏဆိုသလိုလည်း အလှူဒါနတွေပြုလုပ်လေ့ရှိသူပါ ဒီကနေ့မှာဆိုရင်လည်း သဘာ၀တရားရိပ်သာမှ ဆရာတော်ဘုရားကြီးနဲ့ သီလရှင်ဆရာလေးတွေအပါအ၀င် မိုးဟေကိုရဲ့နေအိမ်ကိုဆွမ်းခံကြွလာတာကြောင့် မိုးဟေကိုဟာလှူဖွယ်ပစ္စည်းတွေနဲ့ ဆွမ်းလောင်းလှူခဲ့တာဖြစ်ပါတယ်
မိုးဟေကိုနဲ့အတူ ဖခင်ဖြစ်သူကလည်းဆွမ်းလောင်းလှူဒါန်းခဲ့ပြီး သဘာ၀တရားရိပ်သာမှဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားတွေနာယူရင်း မိခင်ဖြစ်သူရဲ့သုံးလပြည့်အတွက်ပါ အလှူလေးပြုလုပ်ခဲ့တာဖြစ်ပါတယ် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
zawgyi
မိုးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို မိဘအပေါ်မှာလည်း သိတတ်ရိုသေသူပဲ ဖြစ်ပါတယ် မိုးဟေကိုဟာ မိခင်ဖြစ်သူနာမကျန်းဖြစ်စဉ်မှာလည်း အနီးကပ်တောက်လျှောက်ပြုစုပေးခဲ့တာဖြစ်ပြီး မိခင်ရဲ့နောက်ဆုံးခရီးမှာလည်း သမီးတစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့သူလည်းဖြစ်ပါတယ်