News

မင်းတပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်သန်းပစ်ခတ်မှု‌ကြောင့် ထွေအုပ်ဝန်ထမ်း အမျိုးသမီး ကျည်ထိကာ.see more

မင္းတပ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ရမ္သန္းပစ္ခတ္မႈ‌ေၾကာင့္ ေထြအုပ္ဝန္ထမ္း အမ်ိဳးသမီး က်ည္ထိကာ.see more

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕တြင္ ယမန္ေန႔ညဦးပိုင္းက စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ၿမိဳ႕အတြင္း ေသနတ္ျဖင့္ ရမ္းသန္းပစ္ခတ္မႈေၾကာင့္ေထြအုပ္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦး က်ည္ထိမွန္ေသဆုံးသြားေၾကာင္းသိရသည္။

”ႏွစ္ဘက္ပစ္တယ္လို႔ေတာ့မၾကားမိဘူး။ တစ္ေန႔ကေတာ့ ႏွစ္ဘက္တပ္ေတြ ပစ္ၾကတာမွန္တယ္။

မေန႔ကေတာ့ စစ္ေကာင္စီဘက္က ရမ္းၿပီးေတာ့ေတာက္ေလွ်ာက္ပစ္ေနတဲ့ သေဘာပဲ။ စစ္ေကာင္စီတပ္ေတြက နတလ (၂) (နယ္စပ္ေဒသတိုင္းရင္းသား လူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရးေက်ာင္း) ေက်ာင္းထဲမွာ တပ္စြဲထားၿပီး

မင္းတပ္ၿမိဳ႕ရဲ႕ေတာင္ဘက္ပိုင္း ေတာင္ေၾကာတစ္ေလွ်ာက္ကိုလက္နက္ႀကီး၊ လက္နက္ငယ္နဲ႔ ရမ္းပစ္ေနၾကတာ။

ၿပီးေတာ့ ရဲစခန္းေအာက္ဘက္ျခမ္းမွာေနတဲ့ ေထြအုပ္႐ုံးက အမ်ိဳးသမီးတစ္ေယာက္ကလည္း အေပါ့သြားဖို႔ ထြက္လာတာ စစ္ေကာင္စီတပ္က ေသနတ္နဲ႔ပစ္တာေသသြားတယ္” ဟု မင္းတပ္ေဒသခံတစ္ဦးက ေျပာသည္။

စက္တင္ဘာ၂၂ ရက္ ညပိုင္းကလည္း စစ္ေကာင္စီတပ္မ်ား၏ ပစ္ခတ္မႈေၾကာင့္

ေယဇူး ေ႐ႊႏွလုံးေတာ္ RC ဘုရားေက်ာင္းထိခိုက္ပ်က္စီးမႈျဖစ္ခဲ့ၿပီး လူေနအိမ္အမ်ားအျပား လက္နက္ႀကီး က်ည္ထိမွန္မႈေၾကာင့္ ပ်က္စီးခဲ့ရသည္။

Unicode

မင်းတပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်သန်းပစ်ခတ်မှု‌ကြောင့် ထွေအုပ်ဝန်ထမ်း အမျိုးသမီး ကျည်ထိကာ.see more

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မြို့အတွင်း သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့်ထွေအုပ်ဝန်ထမ်းအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်းသိရသည်။

”နှစ်ဘက်ပစ်တယ်လို့တော့မကြားမိဘူး။ တစ်နေ့ကတော့ နှစ်ဘက်တပ်တွေ ပစ်ကြတာမှန်တယ်။

မနေ့ကတော့ စစ်ကောင်စီဘက်က ရမ်းပြီးတော့တောက်လျှောက်ပစ်နေတဲ့ သဘောပဲ။ စစ်ကောင်စီတပ်တွေက နတလ (၂) (နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးကျောင်း) ကျောင်းထဲမှာ တပ်စွဲထားပြီး

မင်းတပ်မြို့ရဲ့တောင်ဘက်ပိုင်း တောင်ကြောတစ်လျှောက်ကိုလက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းပစ်နေကြတာ။

ပြီးတော့ ရဲစခန်းအောက်ဘက်ခြမ်းမှာနေတဲ့ ထွေအုပ်ရုံးက အမျိုးသမီးတစ်ယောက်ကလည်း အပေါ့သွားဖို့ ထွက်လာတာ စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်တာသေသွားတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ၂၂ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့်

ယေဇူး ရွှေနှလုံးတော် RC ဘုရားကျောင်းထိခိုက်ပျက်စီးမှုဖြစ်ခဲ့ပြီး လူနေအိမ်အများအပြား လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည်။