တိုင်းပြည်မငြိမ်မသက်စဖြစ်တဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက မြန်မာ့အရေးအတွက် ပါဝင်လှုပ်ရှားခဲ့ပြီး ယနေ့ထက်ထိလည်း တက်ကြွနေဆဲဖြစ်တဲ့ ဟန်
နာယူရီဟာ အလှူတွေ အဆက်မပြတ်လုပ်သလို အခုလက်ရှိမှာလည်း သူမ အိမ်လခပေးရမယ့်ငွေတွေကိုပါ
CDM သမားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ ကျောင်းက ထောက်ပံ့ခဲ့တဲ့ ထောက်ပံ့ကြေးငွေနဲ့ လှူဒါန်းတဲ့အပြင် တစ်ချို့ခက်ခဲလွန်းတဲ့ အခြေအနေတွေကြောင့်
မနေသာတော့ဘဲ အိမ်ငှားခငွေတွေကိုပါ အခုလို ထုတ်လှူလိုက်တာပဲဖြစ်ပါတယ်
သူမအနေနဲ့ ကိုရီးယားမှာ လတ်တလော အလုပ်မရှိသေးဘဲ ရပ်တည်နေရတာဖြစ်လို့ ကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ ရှင်သန်နေရသူပါ။ချစ်ခင်နွေးထွေးပေးကြ
တဲ့ သူမရဲ့အသိမိတ်ဆွေတွေကြောင့်သာ နေပျော်သလိုထင်ရပေမယ့် ကိုယ့်တိုင်းပြည် မအေးချမ်းတာတွေကိုမြင်တိုင်း ယိင်းတစ်ယောက်စိတ်မချမ်းမသာဖြစ်ရသလို
တိုင်းပြည်အရေးကို ကမ္ဘာက သိစေဖို့အတွက်လည်း သူမရဲ့လူမှုကွန်ရက်တွေကို အသုံးချပြီး နေ့တိုင်း သတင်းအမှန်တွေဝေမျှပေးခဲ့ပါတယ်
လှူဒါန်းလိုက်ရတဲ့ သူမရဲ့ပီတိကို “ဒီလမြန်မာအတွက် total (၁၃) ယောက်စာ လှူပါတယ် ကျောင်းကပေးတဲ့ ထောက်ပံ့ကြေးနဲ့လှူတာပါ ထောက်ပံ့ကြေးက ကြာ
နေတာနဲ့ အချို့လူတွေက စားရေးအရမ်းခက်ခဲနေတာနဲ့ ကျမက အိမ်လခနဲ့ ဒီနေ့စိုက်လှူလိုက်ပါတယ်
ထပ်အလှူခံလာသူတွေကို ထပ်မလှူနိုင်သေးတာ နားလည်ပေးကြပါ ကျမလည်း အလုပ်မရှိ ဝင်ငွေမရှိ ဖြစ်နေလို့ပါရှင့်”ဆိုပြီး Instagram Myday မှာ ရင်ဖွင့်လာခဲ့
ပါတယ်။ နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် မြန်မာပြည်အတွက် သွေးအေးမနေဘဲ ရတဲ့ဖက်ကနေ အမြဲတမ်း တက်တက်ကြွကြွကူညီပေးတာ တကယ်ကို
ကျေးဇူးတင်ဖို့ကောင်းပါတယ်။
ကိုရီးယားမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်တာဗျူးတွေ အမြဲဖြေပေးကာ ခက်ခဲနေတဲ့ မြန်မာပြည်အတွက် ကောက်ရိုးတစ်မျှင်ဖြစ်ပေးခဲ့ပါတယ်။ မှန်ကန်
တဲ့သတင်းတွေကို ကမ္ဘာကသိစေဖို့ ဒီလိုလူမျိုးတွေ အများကြီးလိုအပ်ပါတယ်။
ဘယ်တော့မှ သွေးအေးမသွားဘဲ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေခဲ့ပါတယ်။ အိမ်လခပေးရမယ့် ငွေအထိပါ စိုက်ထုတ်ပြီး လှူဒါန်းပေးတဲ့ ယိင်းရဲ့
မြင့်မြတ်လွန်းတဲ့စေတနာကို အကြိမ်ကြိမ် သာဓုခေါ်ဆိုမိပါတယ်Credit