Cele

ဟောလိဝုဒ်ဇာတ်ကားမှာ မြန်မာလူမျိုးမှန်းသိအောင်မြန်မာစကားထည့်ပြောဖို့ခွင့်တောင်းခဲ့တဲ့မေမြတ်နိုး







Unicode

ဟောလိဝုဒ်ဇာတ်ကားမှာ မြန်မာလူမျိုးမှန်းသိအောင်မြန်မာစကားထည့်ပြောဖို့ခွင့်တောင်းခဲ့တဲ့မေမြတ်နိုး

မေမြတ်နိုးဟာဆိုရင် မြန်မာနိုင်ငံက professional modelတစ်ဦးဖြစ်သလို နိုင်ငံတစ်ကာမှာလည်း အနုပညာလှုပ်ရှားမှု တချို့ပြုလုပ်နေသူဖြစ်ပါတယ်။

စစ်အာဏာသိမ်းစဉ်ကတည်းကလည်း ပြည်သူဘက်ကရပ်တည်ပြီး ပြည်သူနဲ့တစ်သားတည်း ရှိတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး မော်ဒန်ပြိုင်ပွဲ များစွာဝင်ရောက်ရှင်ပြိုင်ပြီး ယခုအခါ professional modelတစ်ဦးအနေနဲ့ရော မင်းသမီးတစ်ဦး အနေနဲ့ပါရပ်တည်နေသူဖြစ်ပါတယ်။

မေမြတ်နိုးဟာ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ INVILCIBLE ဇာတ်ကားမှာ ခေါင်းဆောင်မင်း သမီးတစ်ဦးအဖြစ်ပါဝင်ခွင့်ရခဲ့ပြီး ယင်းဇာတ်ကားမှာသူမက အာရှမိန်းကလေးတစ်ဦးအဖြစ်ပါဝင်ခဲ့ရပြီး သူမက သူမဟာမြန်မာလူမျိုးတစ်ဦးဖြစ်ကြောင်းသိစေရန် မြန်မာစကားတစ်ခွန်းလောက် ထည့်သွင်းပြောဆိုရန် တောင်းဆိုခဲ့ပါတယ်။

သူမတောင်းဆိုခဲ့သလိုလည်း မြန်မာစကားကိုထည့်သွင်းပြောဆိုခွင့်ရရှိခဲ့ပါတယ်။