News

ကလေး PDF ၏ မိုင်းဆွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ ဦး





Unicode

ကလေး PDF ၏ မိုင်းဆွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ ဦးကို သေဆုံး၊ စစ်ကောင်စီတပ်များ ထွက်ပြေးရန်ကုန်၊ စက်တင်ဘာ ၂၅စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အရပ်သုံးကားများဖြင့် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ ဦးကို ကလေး PDF ၏ မိုင်းဆွဲမှုကြောင့် သေဆုံးသွားကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်

ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်တွင် အရပ်သုံးယာဉ် ဆိုင်ကယ် ၅ စီး၊ ကုန်တင်ကား ၄ စီး အသုံးပြု၍ တောင်ပိုင်းမှ ကလေးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာ‌သော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ချင်းဆိုင်ရွာအနီး ရထားသံလမ်းကုန်းကျော်တွင်

PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၃ စီးနှင့် ကား ၁ စီး ထိမှန်ပျက်စီးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်စစ်သား ၃ ဦးနှင့် ကုန်တင်ကား၁ စီးပေါ်မှ အကြမ်းဖက်စစ်သား ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများသည် ချင်းဆိုင်ရွာဘက်သို့ ကြောက် လန့်တကြား ရမ်းသမ်း ပစ်ခတ်ကာ မိုင်းထိမှန်ထားသော ယာဉ်များကို ချန်ရစ်ပြီး ကျန်ယာဉ်များပေါ်သို့ dead bodies များ တင်ဆောင်ကာ ကလေးမြို့တွင်းသို့ အမြန်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်။