အလှူပွဲကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေအတွက် ပိုက်ဆံတွေကြဲချပြီး ရွှေမိုးငွေမိုးရွာပေးခဲ့တဲ့ မြောက်ဦးဆရာတော် (ရုပ်သံ)
မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒကတော့ လာမယ့်တော်သလင်းလပြည့်ကျော် (၆)ရက်နေ့၊
(၂၆-၉-၂၀၂၁) တနင်္ဂနွေနေ့မှာ သက်တော် (၆၂)နှစ်ပြည့်မှာ ဖြစ်ပါတယ် ။
ဒီနှစ်မှာ မြောက်ဦးဆရာတော်က ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် အသံမစဲပဋ္ဌာန်းတရားတော်
ပူဇော်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ် ။ မြောက်ဦးဆရာတော်က ရခိုင်ပြည်နယ်၊
သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီတောရကျောင်းက ဆရာတော်တစ်ပါး ဖြစ်ပါတယ်။
မြောက်ဦးဆရာတော်က သက်တော်(၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်းပြည့်
အဓိဌာန်အောင် လျောင်းတော်မူဘုရားကြီးကိုလည်း တည်ထားနေတာ ဖြစ်ပါတယ်။
ဒါယကာ၊ဒါယိကာမတွေကလည်း ဆရာတော်ရဲ့ကုသိုလ်ကို တတ်နိုင်သလောက် ပါရမီဖြည့်ပေးနေကြတာ ဖြစ်ပါတယ်
။ ဒီနေ့မှာဆိုရင်လည်း ဆရာတော်ရဲ့မွေးနေ့အကြိုအဖြစ် မအီမြို့ရှိ ကျောင်းဝန်းထဲမှာ
စတုဒီသာအလှူပွဲကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။
ဒီပွဲကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေကို မြောက်ဦးဆရာတော်က ပိုက်ဆံတွေကြဲပြီး အလှူပေးခဲ့တာလည်း ဖြစ်ပါတယ် ။
ဆရာတော်ဘုရားကိုယ်တိုင် ပိုက်ဆံကြဲပေးခဲ့တာဖြစ်ပြီးဒါယကာ၊ဒါယိကာမတွေကလည်း
အလှူမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ် ။
မွေးနေ့မတိုင်ခင်တစ်ရက်မှာ စတုဒသာအလှူကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေအတွက်
ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့တဲ့ မြောက်ဦးဆရာတော်ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source Video Credit-“မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” FB Page