News

ဒုရဲအုပ္ခ်ယ္ရီထက္ဖမ္းဆီးခံရ

ခ်ယ္ရီထက္ သတင္း ၂၁.၉.၂၀၂၁ ရက္ေန႔က စစ္ေကာင္စီမွ ဒုရဲအုပ္ ခ်ယ္ရီထက္ အားဖမ္းဆီးေခၚေဆာင္သြားခဲ့

ဒုရဲအုပ္ ခ်ယ္ရီထက္ မွာ ေနျပည္ေတာ္ရွိ ၎၏ဝန္ထမ္းလိုင္းခန္းတြင္သာရွိေနခဲ့ၿပီး အက်ယ္ခ်ဳပ္သေဘာျဖင့္ ထိန္းသိမ္းထားရွိခဲ့ကာ ၂၁.၉.၂၀၂၁ ရက္ေန႔တြင္ စစ္ေကာင္စီမွ ဒုရဲအုပ္ ခ်ယ္ရီထက္ အားဖမ္းဆီးေခၚေဆာင္သြားခဲ့ပါသည္

ဒုရဲအုပ္ ခ်ယ္ရီထက္ အား မည္သည့္ေနရာသို႔ဖမ္းဆီးေခၚေဆာင္သြားသည္ကိုမသိရွိခဲ့ရပဲ ၂၃.၉.၂၀၂၁ ရက္ေန႔တြင္ အမွတ္ ၁ ၿမိဳ႕မရဲစခန္း

ေနျပည္ေတာ္ တြင္ စစ္ေကာင္စီဘက္မွ တရားလိုျပဳလုပ္ကာ ၅၀၅ က ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း Myanmar Police CDM Channel သို႔တပ္တြင္းဖရဲသီးမ်ား၏သတင္းေပးပို႔မႈမ်ားအရသိရွိရပါသည္ Ref: ဗိုလ္ႀကီး လင္းထက္ေအာင္

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ အၾကမ္းဖက္စစ္ေကာင္စီသည္ တည္ဆဲအစိုးရထံမွ နိုင္ငံေတာ္အာဏာအား လုယူခဲ့ၿပီး နိုင္ငံေတာ္သမၼတႀကီးဦးဝင္းျမင့္၊ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္တကြ နိုင္ငံ့ေခါင္းေဆာင္မ်ားအားဖမ္းဆီးခဲ့ပါသည္

ထိုသို႔ဖမ္းဆီးခဲ့ရာတြင္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၏ သက္ေတာ္ေစာင့္ျဖစ္သူ ဒုရဲအုပ္ ခ်ယ္ရီထက္မွာလည္း ေဖေဖာ္ဝါရီ ၁ရက္ေန႔မွစ၍ သတင္းအစအန လုံးဝေပ်ာက္ကြယ္သြားခဲ့ပါသည္

ဒုရဲအုပ္ ခ်ယ္ရီထက္အား စကစ မွ ဖမ္းဆီးသြားသည္ဟူ၍လည္းေကာင္း၊ ရာထူးတိုးၿပီးဆက္လက္ခန႔္ထားခဲ့သည္ဟူ၍လည္းေကာင္း အမ်ိဳးမ်ိဳးသတင္းထြက္ေပၚေနခဲ့ေသာ္လည္း တပ္တြင္းသတင္းအရ ခ်ယ္ရီထက္ မွာ ေနျပည္ေတာ္ရွိ ၎၏ဝန္ထမ္းလိုင္းခန္းတြင္သာရွိေနခဲ့ၿပီး အက်ယ္ခ်ဳပ္ျဖင့္ ထိန္းသိမ္းထားရွိခဲ့ကာ ၂၁.၉.၂၀၂၁ ရက္ေန႔တြင္ စစ္ေကာင္စီမွ ဒုရဲအုပ္ ခ်ယ္ရီထက္ အားဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရွိရပါသည္

ဒုရဲအုပ္ ခ်ယ္ရီထက္ အား မည္သည့္ေနရာသို႔ဖမ္းဆီးေခၚေဆာင္သြားသည္ကိုမသိရွိခဲ့ရပဲ ၂၃.၉.၂၀၂၁ ရက္ေန႔တြင္ ေနျပည္ေတာ္အမွတ္ ၁ ၿမိဳ႕မရဲစခန္း၌ စစ္ေကာင္စီဘက္မွ တရားလိုျပဳလုပ္ကာ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ က ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း တပ္တြင္းဖရဲသီးမ်ား၏ သတင္းေပးပို႔မႈအရ သိရွိရပါသည္ Ref: Myanmar Police CDM Channel

unicode

ချယ်ရီထက် သတင်း ၂၁.၉.၂၀၂၁ ရက်နေ့က စစ်ကောင်စီမှ ဒုရဲအုပ် ချယ်ရီထက် အားဖမ်းဆီးခေါ်ဆောင်သွားခဲ့

ဒုရဲအုပ် ချယ်ရီထက် မှာ နေပြည်တော်ရှိ ၎င်း၏ဝန်ထမ်းလိုင်းခန်းတွင်သာရှိနေခဲ့ပြီး အကျယ်ချုပ်သဘောဖြင့် ထိန်းသိမ်းထားရှိခဲ့ကာ ၂၁.၉.၂၀၂၁ ရက်နေ့တွင် စစ်ကောင်စီမှ ဒုရဲအုပ် ချယ်ရီထက် အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်

ဒုရဲအုပ် ချယ်ရီထက် အား မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမသိရှိခဲ့ရပဲ ၂၃.၉.၂၀၂၁ ရက်နေ့တွင် အမှတ် ၁ မြို့မရဲစခန်း

နေပြည်တော် တွင် စစ်ကောင်စီဘက်မှ တရားလိုပြုလုပ်ကာ ၅၀၅ က ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း Myanmar Police CDM Channel သို့တပ်တွင်းဖရဲသီးများ၏သတင်းပေးပို့မှုများအရသိရှိရပါသည် Ref: ဗိုလ်ကြီး လင်းထက်အောင်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် တည်ဆဲအစိုးရထံမှ နိုင်ငံတော်အာဏာအား လုယူခဲ့ပြီး နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံ့ခေါင်းဆောင်များအားဖမ်းဆီးခဲ့ပါသည်

ထိုသို့ဖမ်းဆီးခဲ့ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ သက်တော်စောင့်ဖြစ်သူ ဒုရဲအုပ် ချယ်ရီထက်မှာလည်း ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ သတင်းအစအန လုံးဝပျောက်ကွယ်သွားခဲ့ပါသည်

ဒုရဲအုပ် ချယ်ရီထက်အား စကစ မှ ဖမ်းဆီးသွားသည်ဟူ၍လည်းကောင်း၊ ရာထူးတိုးပြီးဆက်လက်ခန့်ထားခဲ့သည်ဟူ၍လည်းကောင်း အမျိုးမျိုးသတင်းထွက်ပေါ်နေခဲ့သော်လည်း တပ်တွင်းသတင်းအရ ချယ်ရီထက် မှာ နေပြည်တော်ရှိ ၎င်း၏ဝန်ထမ်းလိုင်းခန်းတွင်သာရှိနေခဲ့ပြီး အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရှိခဲ့ကာ ၂၁.၉.၂၀၂၁ ရက်နေ့တွင် စစ်ကောင်စီမှ ဒုရဲအုပ် ချယ်ရီထက် အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်

ဒုရဲအုပ် ချယ်ရီထက် အား မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမသိရှိခဲ့ရပဲ ၂၃.၉.၂၀၂၁ ရက်နေ့တွင် နေပြည်တော်အမှတ် ၁ မြို့မရဲစခန်း၌ စစ်ကောင်စီဘက်မှ တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း တပ်တွင်းဖရဲသီးများ၏ သတင်းပေးပို့မှုအရ သိရှိရပါသည် Ref: Myanmar Police CDM Channel