News

ကုလ မိန္႔ခြန္းေျပာခြင့္ရသည့္အစီစဥ္မွ အသံအမတ္ႀကီး ပါဝင္ေတာ့မည္မဟုတ္

လာမယ့္ သီတင္းပတ္မွာ က်င္းပမယ့္၊ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း အေနနဲ႔၊ တစ္စုံတစ္ရာ မိန႔္ခြန္း မေျပာဆိုသေ႐ြ႕၊ ညီလာခံတက္ေရာက္ခြင့္ျပဳဖို႔၊ ႐ုရွား နဲ႔ တ႐ုတ္ တို႔ သေဘာတူညီခဲ့ၾကပါတယ္။

ေ႐ြးေကာက္ခံ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရက ခန႔္အပ္ထားတဲ့၊ လက္ရွိ ကုလသမဂၢဆိုင္ရာ ျမန္မာကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း အေနနဲ႔ ညီလာခံေနာက္ဆုံးေန႔ ျဖစ္တဲ့ တနလၤာေန႔မွာ မိန႔္ခြန္းေျပာဖို႔ မူလ အစီအစဥ္မွာ ပါဝင္ခဲ့တာပါ။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္၊ စစ္တပ္က အာဏာသိမ္းခဲ့ၿပီး၊ ေ႐ြးေကာက္ခံ NLD အစိုးရကို ျဖဳတ္ခ်ခဲ့ၿပီးတဲ့ေနာက္၊ ကုလသမဂၢမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ျပႆနာ ေပၚေပါက္လာခဲ့ပါတယ္။

ဒီျပႆနာနဲ႔ပတ္သက္ၿပီး ကုလသမဂၢ ေျပာခြင့္ရသူ Stephane Dujarric က – အခုလိုအေျခအေနမွာ ျမန္မာအေနနဲ႔ မိန႔္ခြန္းစကား ေျပာၾကားမွာ မဟုတ္ေၾကာင္း ေသာၾကာေန႔က ေျပာလိုက္ပါတယ္။

ဦးေက်ာ္မိုးထြန္း အေနနဲ႔ ညီလာခံမွာ တစ္စုံတစ္ရာ မေျပာဆိုသေ႐ြ႕၊ ႐ုရွားနဲ႔ တ႐ုတ္က ကန္ကြက္မွာ မဟုတ္ေၾကာင္းလည္း သံအမတ္ေတြက ေျပာပါတယ္။

ဦးေက်ာ္မိုးထြန္း ကလည္း သူ႔အေနနဲ႔ မိန႔္ခြန္းေျပာမယ့္ စာရင္းထဲကေန ထြက္လိုက္ၿပီျဖစ္ၿပီး၊ ေဆြးေႏြးေျပာဆိုရာမွာ ပါဝင္မွာမဟုတ္ေၾကာင္း ႐ိုက္တာ သတင္းကို ေျပာဆိုခဲ့ပါတယ္။

ျမန္မာစစ္ေကာင္စီကေတာ့ ဦးေက်ာ္မိုးထြန္း ရဲ႕ လက္ရွိေနရာကို၊ စစ္တပ္က လာတဲ့ ဦးေအာင္သူရိန္ နဲ႔ အစားထိုးခန႔္အပ္ဖို႔ ရည္႐ြယ္ထားတာျဖစ္သလို၊ ဦးေက်ာ္မိုးထြန္း ကလည္း သူ႔ရဲ႕ လက္ရွိရာထူးကို သက္တမ္းတိုးဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

Unicode

လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့်၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း အနေနဲ့၊ တစ်စုံတစ်ရာ မိန့်ခွန်း မပြောဆိုသရွေ့၊ ညီလာခံတက်ရောက်ခွင့်ပြုဖို့၊ ရုရှား နဲ့ တရုတ် တို့ သဘောတူညီခဲ့ကြပါတယ်။

ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ခန့်အပ်ထားတဲ့၊ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း အနေနဲ့ ညီလာခံနောက်ဆုံးနေ့ ဖြစ်တဲ့ တနင်္လာနေ့မှာ မိန့်ခွန်းပြောဖို့ မူလ အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီး၊ ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချခဲ့ပြီးတဲ့နောက်၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပြဿနာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ပြောခွင့်ရသူ Stephane Dujarric က – အခုလိုအခြေအနေမှာ မြန်မာအနေနဲ့ မိန့်ခွန်းစကား ပြောကြားမှာ မဟုတ်ကြောင်း သောကြာနေ့က ပြောလိုက်ပါတယ်။

ဦးကျော်မိုးထွန်း အနေနဲ့ ညီလာခံမှာ တစ်စုံတစ်ရာ မပြောဆိုသရွေ့၊ ရုရှားနဲ့ တရုတ်က ကန်ကွက်မှာ မဟုတ်ကြောင်းလည်း သံအမတ်တွေက ပြောပါတယ်။

ဦးကျော်မိုးထွန်း ကလည်း သူ့အနေနဲ့ မိန့်ခွန်းပြောမယ့် စာရင်းထဲကနေ ထွက်လိုက်ပြီဖြစ်ပြီး၊ ဆွေးနွေးပြောဆိုရာမှာ ပါဝင်မှာမဟုတ်ကြောင်း ရိုက်တာ သတင်းကို ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကတော့ ဦးကျော်မိုးထွန်း ရဲ့ လက်ရှိနေရာကို၊ စစ်တပ်က လာတဲ့ ဦးအောင်သူရိန် နဲ့ အစားထိုးခန့်အပ်ဖို့ ရည်ရွယ်ထားတာဖြစ်သလို၊ ဦးကျော်မိုးထွန်း ကလည်း သူ့ရဲ့ လက်ရှိရာထူးကို သက်တမ်းတိုးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။