News

အဆိုေတာ္ အီတိုးကို ေဖာက္ခြဲေရးလုပ္ငန္းႏွင့္ဆက္စပ္ဖမ္းဆီးဟု စစ္ေကာင္စီ စြပ္စြဲထုတ္ျပန္

အဆိုေတာ္ အီတိုးကို ေဖာက္ခြဲေရးလုပ္ငန္းေတြနဲ႔ ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးထားတဲ့အေၾကာင္း စက္တင္ဘာ ၂၆ ရက္ ဒီကေန႔ထုတ္ စစ္ေကာင္စီအာေဘာ္ သတင္းစာေတြမွာ စြပ္စြဲ ေရးသားထားပါတယ္။

စက္တင္ဘာ ၅ ရက္ေန႔က ေတာင္ဥကၠလာပၿမိဳ႕နယ္မွ ာ ကားတစီးကို စစ္ေဆးရင္း အတြင္းမွ အျပာေရာင္ PVC ပိုက္၊ Keypad ဖုန္းတို႔နဲ႔ ခ်ိတ္ဆက္ျပဳလုပ္ထားတဲ့ လက္လုပ္ ခ်ိန္ကိုက္မိုင္း ၄ လုံးကို သိမ္းဆည္းရမိတယ္လို႔ ဆိုပါ တယ္။

အဲဒီ ကားနဲ႔အတူ ကိုေက်ာ္ကိုလင္း (ခ)AJ နဲ႔ စိုင္းပိုင္စိုးေနာင္(ခ)မာဝီ တို႔ကို ဖမ္းဆီးခဲ့ၿပီး ကိုေက်ာ္ကိုလင္းရဲ့ ထြက္ဆိုခ်က္အရ စက္တင္ဘာ ၈ ရက္က မရမ္းကုန္းၿမိဳ႕နယ္က အိမ္တလုံးကို ဝင္ေရာက္ရွာေဖြရာမွာ ကိုဝင္းကိုေအာင္၊ ဦးထင္ေက်ာ္နဲ႔ မအိျဖဴတို႔ကို ဆက္လက္ဖမ္းဆီးတယ္လို႔ သတင္းစာမွာေရး ပါတယ္။ သူတို႔ဆီကေန ၉ မမ က်ည္ ၇ ေတာင့္၊ ပြိဳင့္-၂၂ က်ည္ ၇ ေတာင့္၊ လက္ပစ္ဗုံး ျဖဴ(စ္) ၁ ခု၊ တျခား ဆက္စပ္ပစၥည္းေတြကိုလည္း ဖမ္းဆီးရမိတယ္လို႔ ဆိုပါတယ္။

သူတို႔ေတြထြက္ဆိုခ်က္အရ အီတိုး(ခ) ဝင္းထြဋ္ေသာ္တာကို ဖမ္းဆီးတာျဖစ္ေၾကာင္း အီတိုးဟာ ေမလတုန္း က TNLA အဖြဲ႕ဆီမွာ ေဖာက္ခြဲေရးသင္တန္းတက္မယ့္သူ ၄ ေယာက္ကို သူ႔ကားနဲ႔ ျပင္ဦးလြင္ – ေနာင္ခ်ိဳကတဆင့္ မိုးကုတ္သြား ကားလမ္းေပၚက ပေလာင္ရြာကို ပို႔ေဆာင္ ေပးခဲ့ေၾကာင္းလည္း သတင္းစာမွာ ေဖာ္ျပပါတယ္။

ၿပီးေတာ့ ေမလထဲမွာပဲ လႊတ္ေတာ္အမတ္ ကိုၿဖိဳးေဇယ်ာေသာ္ဆီကတဆင့္ Signal ကေန စာေတြ ေပးပို႔တယ္လို႔ လည္း ဆိုပါတယ္။

ကိုေက်ာ္ကိုလင္း (ခ) AJ၊ စိုင္းပိုင္စိုးေနာင္ (ခ) မာဝီ၊ မအိျဖဴနဲ႔ ကိုဝင္းကိုေအာင္ တို႔ကို ေဖာက္ခြဲေရး သင္တန္း တက္ေရာက္ၿပီး ေဖာက္ခြဲဖို႔ ႀကိဳးစား တာေတြ ရွိ တယ္ လို႔ အၾကမ္း ဖက္ စစ္တပ္က စြပ္စြဲ ထုတ္ျပန္ ထားၿပီး ဦးထင္ေက်ာ္ကေတာ့ ABSDF မွ ာ ျပန္ၾကားေရးတာဝန္ခံအျဖစ္ ေဆာင္ရြက္ခဲ့ တယ္လို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ ဇာနည္(ခ) ေစာဇာနည္ေအာင္၊ ေမရီယန္၊ ေအာင္ျမင့္ျမတ္(ခ) ကဗ်ာ ၊ သန႔္ဇင္ (ခ) ကၽြဲႀကီး၊၊ ထက္ေဝယံ မင္းလြင္(ခ)ရိုးရိုး၊ ထားထက္ထက္၊ ေနရႊန္းကို(ခ) James၊ တိုင္ရြန္နဲ႔ ေအာင္ရဲ(ခ)ပိုးဥတို႔ကို ဖမ္းဖို႔ က်န္ေသးတယ္လို႔လည္း စစ္ေကာင္စီျပန္ၾကားေရးသတင္းစာမွာ ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီမီဒီယာေတြမွာ ေရးသားေဖာ္ျပခ်က္ေတြ မွန္ကန္မႈရွိ၊ မရွိ ဒီဗြီဘီက သီးျခား အတည္ျပဳနိုင္ျခင္း မရွိ သလို အဆိုေတာ္ အီတိုး အပါအဝင္ ဖမ္းဆီးခံ လူငယ္ေတြအေန နဲ႔ လည္း စြပ္စြဲ ခ်က္ေတြ နဲ႔ ပတ္သက္ လို႔ ျပန္ လည္ တုံ႔ျပန္ေခ်ပေျပာဆိုခြင့္ မရရွိပါဘူး။

unicode

အဆိုတော် အီတိုးကို ဖောက်ခွဲရေးလုပ်ငန်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့အကြောင်း စက်တင်ဘာ ၂၆ ရက် ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ စွပ်စွဲ ရေးသားထားပါတယ်။

စက်တင်ဘာ ၅ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်မှ ာ ကားတစီးကို စစ်ဆေးရင်း အတွင်းမှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတို့နဲ့ ချိတ်ဆက်ပြုလုပ်ထားတဲ့ လက်လုပ် ချိန်ကိုက်မိုင်း ၄ လုံးကို သိမ်းဆည်းရမိတယ်လို့ ဆိုပါ တယ်။

အဲဒီ ကားနဲ့အတူ ကိုကျော်ကိုလင်း (ခ)AJ နဲ့ စိုင်းပိုင်စိုးနောင်(ခ)မာဝီ တို့ကို ဖမ်းဆီးခဲ့ပြီး ကိုကျော်ကိုလင်းရဲ့ ထွက်ဆိုချက်အရ စက်တင်ဘာ ၈ ရက်က မရမ်းကုန်းမြို့နယ်က အိမ်တလုံးကို ဝင်ရောက်ရှာဖွေရာမှာ ကိုဝင်းကိုအောင်၊ ဦးထင်ကျော်နဲ့ မအိဖြူတို့ကို ဆက်လက်ဖမ်းဆီးတယ်လို့ သတင်းစာမှာရေး ပါတယ်။ သူတို့ဆီကနေ ၉ မမ ကျည် ၇ တောင့်၊ ပွိုင့်-၂၂ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ဖြူ(စ်) ၁ ခု၊ တခြား ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

သူတို့တွေထွက်ဆိုချက်အရ အီတိုး(ခ) ဝင်းထွဋ်သော်တာကို ဖမ်းဆီးတာဖြစ်ကြောင်း အီတိုးဟာ မေလတုန်း က TNLA အဖွဲ့ဆီမှာ ဖောက်ခွဲရေးသင်တန်းတက်မယ့်သူ ၄ ယောက်ကို သူ့ကားနဲ့ ပြင်ဦးလွင် – နောင်ချိုကတဆင့် မိုးကုတ်သွား ကားလမ်းပေါ်က ပလောင်ရွာကို ပို့ဆောင် ပေးခဲ့ကြောင်းလည်း သတင်းစာမှာ ဖော်ပြပါတယ်။

ပြီးတော့ မေလထဲမှာပဲ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်ဆီကတဆင့် Signal ကနေ စာတွေ ပေးပို့တယ်လို့ လည်း ဆိုပါတယ်။

ကိုကျော်ကိုလင်း (ခ) AJ၊ စိုင်းပိုင်စိုးနောင် (ခ) မာဝီ၊ မအိဖြူနဲ့ ကိုဝင်းကိုအောင် တို့ကို ဖောက်ခွဲရေး သင်တန်း တက်ရောက်ပြီး ဖောက်ခွဲဖို့ ကြိုးစား တာတွေ ရှိ တယ် လို့ အကြမ်း ဖက် စစ်တပ်က စွပ်စွဲ ထုတ်ပြန် ထားပြီး ဦးထင်ကျော်ကတော့ ABSDF မှ ာ ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဇာနည်(ခ) စောဇာနည်အောင်၊ မေရီယန်၊ အောင်မြင့်မြတ်(ခ) ကဗျာ ၊ သန့်ဇင် (ခ) ကျွဲကြီး၊၊ ထက်ဝေယံ မင်းလွင်(ခ)ရိုးရိုး၊ ထားထက်ထက်၊ နေရွှန်းကို(ခ) James၊ တိုင်ရွန်နဲ့ အောင်ရဲ(ခ)ပိုးဥတို့ကို ဖမ်းဖို့ ကျန်သေးတယ်လို့လည်း စစ်ကောင်စီပြန်ကြားရေးသတင်းစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီမီဒီယာတွေမှာ ရေးသားဖော်ပြချက်တွေ မှန်ကန်မှုရှိ၊ မရှိ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိ သလို အဆိုတော် အီတိုး အပါအဝင် ဖမ်းဆီးခံ လူငယ်တွေအနေ နဲ့ လည်း စွပ်စွဲ ချက်တွေ နဲ့ ပတ်သက် လို့ ပြန် လည် တုံ့ပြန်ချေပပြောဆိုခွင့် မရရှိပါဘူး။