News






မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ဗလီရှေ့တွင် စက်တင် ဘာလ ၂၄ ရက်နေ့ ညနေ ၃နာရီကျော်ခန့်အချိန် အမှတ် ၇ ရဲစခန်းက ဗုံးပေါက်ကွဲမှု






Unicode

စကစတွေရဲ့လုပ်ရပ်ကြောင့် ကျန်ရစ်သူမိသားစုတွေ ရင်ကွဲကြရပြီ

စကစတွေရဲ့လုပ်ရပ်ကြောင့် ကျန်ရစ်သူမိသားစုတွေ ရင်ကွဲကြရပြီ

အောက်ဆုံးတွင်videoပါသည်…..

မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ယမန်နေ့ ပြန်လွှတ်ချိန်တွင် ထွက်ပြေးသည်ဆိုကာ ပစ်သတ်လိုက်သော ကိုရဲကို၏ အလောင်းကို ယနေ့ နေအိမ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရှိရသည်။

မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ဗလီရှေ့တွင် စက်တင် ဘာလ ၂၄ ရက်နေ့ ညနေ ၃နာရီကျော်ခန့်အချိန် အမှတ် ၇ ရဲစခန်းက ဗ ံ ု းပေ ါက်ကွဲမှု

သံသယဖြင့် ဖမ်းဆီးထားသော ကိုရဲကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ ကိုရဲက လွှတ်ပေးသည့်အတွက် စခန်းမှ ထွက်ခွာချိန်တွင် ထွက်ပြေးသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ပ စ်သ တ်လိုက်ခြင်းဖြစ်သည်။

သေဆုံးသူ ကိုရဲ၏ ဦးခေါင်း၊ ရင်ဘတ်နှင့် ပေါင်တို့တွင် ​ေ
သ န တ်ဒ ဏ်ရာ ၃ ချက်တွေ့မြင်ရကြောင်း ရုပ်အ ​ေ လ ာင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တစ်ဦးကပြောဆိုသည်။

” ကိုရဲနဲ့ အတူတူ ဖမ်းခံရတဲ့ လူ ၄ဦးတော့ မနေ့က ညပိုင်းက ခံဝန်နဲ့ ပြန်လွတ်လာတယ်။ ကိုရဲ အ ​ေ လ ာင်းကတော့ ဒီနေ့ ၁ဝနာရီမှာ သူ့နေအိမ်ကို လာပို့သွားတယ်။

နေ့လည် ၂နာရီမှာ သဂြိုလ်မယ်လို့သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

ကိုရဲကို အမှတ် ၇ ရဲစခန်းက ဗုံးပေါက်ကွဲမှု သံသယဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၎င်းနေထိုင်ရာ မြောက်ငံပြာရည်ရပ်ကွက် နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်ရပ်ကွက်တည်းနေ ပြည်သူ ၄ဦးပါ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။