Cele

ဖမ္းဆီးခံထားရတဲ့ လူမင္း၊ ေျပတီဦး၊ အူဝဲနဲ႔ ပိုင္တံခြန္တို႔ကို လြမ္းဆြတ္သတိရလို႔ ပုံတူပန္းခ်ီေလး ေရးဆြဲခဲ့တဲ့ ဒါ႐ိုက္တာကိုေပါက္

နာမည္ႀကီးအႏုပညာရွင္အခ်ိဳ႕ကေတာ့ ျပည္သူေတြဘက္ကေန ရပ္တည္ၿပီး အာဏာရွင္ဆန္႔က်င္တဲ့ ေႏြဦးေတာ္လွန္ေရးဆင္ႏႊဲခဲ့လို႔ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

ဒါ႐ိုက္တာကိုေပါက္တစ္ေယာက္ကလည္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ၅၀၅(က)နဲ႔ အမႈဖြင့္ခံထားရသူ ျဖစ္ပါတယ္။ လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ကေတာ့ ေရာက္ရာေနရာကေန ေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူ ျဖစ္ပါတယ္။

ဒါ႐ိုက္တာကိုေပါက္ကေတာ့ ယခုမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ လူမင္း၊ေျပတီဦး၊ပိုင္တံခြန္နဲ႔အူဝဲတို႔ကို ေတာထဲတစ္ေနရာကေန လြမ္းဆြတ္သတိရေနခဲ့ပါတယ္။

အႏုပညာရွင္ညီအစ္ကို ေမာင္ႏွမေတြျဖစ္ၾကၿပီး မိသားစုဝင္ေတြလို ခ်စ္ခင္ရတဲ့ လူမင္း၊ ေျပတီဦး၊ အူဝဲနဲ႔ ပိုင္တံခြန္ရဲ႕ ပုံတူပန္းခ်ီကားေလးေတြကို ကိုေပါက္တစ္ေယာက္ ေရးဆြဲေနခဲ့ပါတယ္။ ကိုေပါက္ကေတာ့ သူကိုယ္တိုင္ေရးဆြဲထားတဲ့ ပုံတူပန္းခ်ီေလးေတြကို ျပည္သူေတြေရွ႕ ခ်ျပလာခဲ့ပါတယ္။

ကိုေပါက္ေတာ့ ” တစ္ေယာက္က အစ္ကိုလို တစ္ေယာက္ကသူငယ္ခ်င္း တစ္ေယာက္က ညီမလို တစ္ေယာက္က ညီလို တစ္ေလွတည္းစီး တစ္ခရီးတည္းသြားၾကရင္း ခရီးတစ္ေထာက္မွာ သူတို႔ေတြ ဒါဏ္ရာဗရပြနဲ႔ က်န္ရစ္ခဲ့ၾကတယ္

ဒီေန႔ သူတို႔ေတြကို လြမ္းလို႔ ေရးျဖစ္တဲ့ ေကာက္ေၾကာင္းမ်ား ” ဆိုၿပီး လူမႈကြန္ယက္ထက္မွာ ေရးသားထားခဲ့တာပဲ ျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမတစ္ေနရာကေန ဒါ႐ိုက္တာကိုေပါက္ေရးဆြဲထားတဲ့ လူမင္း၊ေျပတီဦး၊ အူဝဲ၊ပိုင္တံခြန္တို႔ရဲ႕ ပုံတူပန္းခ်ီေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Unicode

နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဒါရိုက်တာကိုပေါက်တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။

ဒါရိုက်တာကိုပေါက်ကတော့ ယခုမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူမင်း၊ပြေတီဦး၊ပိုင်တံခွန်နဲ့အူဝဲတို့ကို တောထဲတစ်နေရာကနေ လွမ်းဆွတ်သတိရနေခဲ့ပါတယ်။

အနုပညာရှင်ညီအစ်ကို မောင်နှမတွေဖြစ်ကြပြီး မိသားစုဝင်တွေလို ချစ်ခင်ရတဲ့ လူမင်း၊ ပြေတီဦး၊ အူဝဲနဲ့ ပိုင်တံခွန်ရဲ့ ပုံတူပန်းချီကားလေးတွေကို ကိုပေါက်တစ်ယောက် ရေးဆွဲနေခဲ့ပါတယ်။ ကိုပေါက်ကတော့ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပုံတူပန်းချီလေးတွေကို ပြည်သူတွေရှေ့ ချပြလာခဲ့ပါတယ်။

ကိုပေါက်တော့ ” တစ်ယောက်က အစ်ကိုလို တစ်ယောက်ကသူငယ်ချင်း တစ်ယောက်က ညီမလို တစ်ယောက်က ညီလို တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြရင်း ခရီးတစ်ထောက်မှာ သူတို့တွေ ဒါဏ်ရာဗရပွနဲ့ ကျန်ရစ်ခဲ့ကြတယ်

ဒီနေ့ သူတို့တွေကို လွမ်းလို့ ရေးဖြစ်တဲ့ ကောက်ကြောင်းများ ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေတစ်နေရာကနေ ဒါရိုက်တာကိုပေါက်ရေးဆွဲထားတဲ့ လူမင်း၊ပြေတီဦး၊ အူဝဲ၊ပိုင်တံခွန်တို့ရဲ့ ပုံတူပန်းချီလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။