News

အဆုံးသတ် လှစရာအကြောင်းမရှိတော့တဲ့ စစ်အာဏာရှင်တို့ နိဂုံး🇺🇲

စစ်အာဏာရှင်တို့ နိဂုံး🇺🇲စကစအသက်ရှိဖို့ UNမှာ နိုဝင်ဘာထိတရုတ်တို့ အချိန်ဆွဲပေးထားပေမယ့် လက်တွေ့မှာတော့ စကစဟာ မြေပြင်မှာအခြေအနေဆိုးသထက်ဆိုးလာနေပါတယ် ကမ္ဘာအရှည်ကြာဆုံး လူထုတော်လှန်ရေးကတော့ ၈လကြာသည်ထိ တောင့်ခံနေဆဲပါပဲ

ဒီအပေါ် ထိတ်လန့်လာတာက စစ်ကောင်စီဖြစ်ပြီး မျက်နှာလွှဲမရတော့တာက UN ဖြစ်နေပါတယ် မြန်မာကိုအလူပ်ထား ကစားချင်တဲ့ နိုင်ငံရေးစားဖားကြီးတွေလဲ ဘယ်အကွက်ရွေ့ရမှန်း မသိအောင်ဖြစ်သွားတော့ NUG ကို အပြေးအလွှားကပ် ပေါ်ပေါ်တင်တင် အလေးပေးဆက်ဆံလာတာကို တွေ့ရပါတယ်

လူ့အခွင့်ရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ UNသံအမတ် အင်ဒရူးရဲ့အစီရင်ခံစာဟာ အလွန်မှကို ထိရောက်ခဲ့ပါတယ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလဲ မြန်မာစစ်တပ်ကို ပြတ်ပြတ်သားသားအ ရေးယူဖို့ ထုတ်ပြန်လိုက်တာဟာ စကစကို သူ့သခင် တရုတ်လဲ ကယ်မရတဲ့ အနေအထားဆီရောက်သွား ပါတယ်

မင်းအောင်လိူင်ကတော့ ပါးစပ်ကပြောချင်ရာတွေ ပြောနေပေမယ့် လက်တွေ့မှာ မြန်မာငွေတန်ဖိုးက တားမရ စီးမရကျဆင်းနေလို့ စီးပွားရေးလဲ ၁၈.၇ လောက်ကျဆင်းသွားတယ်လို့ ကမ္ဘာဘဏ်ကကြေငြာပါတယ် လျှပ်စစ်ရထားတွေ မြေအောက်ရထား

တွေ ဖောက်မယ်လို့ ပြောနေချိန်မှာ သူ့စစ်သားတွေ ကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို လည်စင်းပေးနေရပါတယ် ပြည်သူထောက်ခံမူ့မရှိတဲ့ စစ်တပ်ရဲ့ဇတ်သိမ်းဟာ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် မလှခဲ့ပါဘူး NUGဟာ တိုင်းပြည်မနာစေချင်လို့ စကစကို သံတမန်ရေးနည်းနဲ့ တစ်ရစ်ချင်းချည်ခဲ့ပေမယ့် စကစကတော့ လူသတ်မှသူအုပ်ချုပ်လို့ရမယ်ဆိုတဲ့ မူဝါကြောင့်

အဖိနှိပ်ခံ ရက်စက်ခံပြည်သူတွေက မခံမရပ်နိုင်ဖြစ် လာရာက ခုခံတွန်းလှန်စစ်ဖြစ်လာတော့တာပါပဲထင်ရာဆိုင်းမြင်ရာသတ်နေတဲ့ စကစရဲ့လုပ်ရပ်ဟာ ကမ္ဘာမှာတုန်လူပ်ရသည်ထိ ထိတ်လန့်နေကြပါပြီ PDFတို့ရဲ့ ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတွန်းလှန်စစ် ကို ဘယ်သူမှအပြစ်မတင်ကြပါဘူး စကစရဲ့ပြင်း ထန်တဲ့နှိမ်နှင်းမူကြောင့် ဖြစ်လာတယ်လို့ ယူဆကြ ပါတယ်

လက်နက်မဲ့ နွေဦးတော်လှန်ရေးစခဲ့တဲ့ တူနီရှား အီဂျစ်တို့ကစပြီး အာဏာရှင်တွေ အရှက်ရှိရှိဆင်းပေးကြပေမယ့် လက်နက်မဲ့ ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အရှက်မဲ့တဲ့ မင်းအောင်လိူင်ရဲ့ စကစအုပ်စုကဆင်းမပေးသလို ရက်ရက်စက်စက်နှိမ်နင်းမူ့ကြောင့် ရရာလက်နက်ဆွဲကိုင်တော်လှန်သည်ထိဖြစ်လာခဲ့ပါပြီ

အလုပ်မဖြစ်တဲ့ စကစကို တရုတ်တို့ဆက်ကျားကန် ဒေါက်တိုင်ပြုမယ်ဆိုရင် အကျိုးအမြတ်ဖြစ်စရာမရှိပဲ သူတို့အကျိုးစီးပွားပျက်စီးဖို့နဲ့ ကမ္ဘာ့အလယ်မှာ အရှက်ကွဲဖို့သာ ဖြစ်လာတော့မှာပါ မြေပြင်မှာလဲ ခေတ်မှီလက်နက်တွေမရသေးတာတောင် PDFတို့ အားကောင်းမောင်းသန်နဲ့ နိုင်ပွဲတွေ ဆက်တိုက်ရနေ ပါတယ်

Local PDF တွေလဲ ပစ်မှတ်တွေ တိကျလာသလို စကစသတင်းပေး ဒလန်တွေလဲ နေစရာနေရာမရှိအောင်ကို ထိတ်လန့်နေကြပါပြီ စကစလဲ သူ့တပ်မပြိုဖို့အတွက် အဓိကထားလုပ်လာတာတွေ့ရပြီး ဆိုဒ်ဝါးမျိုးစုံသုံး တပ်ထဲကို ဂျင်းမျိုးစုံထည့်နေတာ ကိုလဲတွေ့နေရပါတယ်

UNက တစ်ရစ်ထက်တစ်ရစ် ပိုကျပ်လာသလို ဦးကျော်မိုးထွန်း R2P အစည်းအဝေးတက်တာလဲ တကယ့်ကိုထိရောက်တဲ့ သံတမန်ရေးရာအောင်ပွဲဖြစ်လို့ ဝဏ္ဏမောင်လွင် ထိတ်ထိတ်ပြာပြာ စာထုတ်ကန့် ကွက်တာကိုကြည့်ရင်သိနိုင်ပါတယ်

နေပြည်တော်ကလွဲရင် မြေပြင်အခြေအနေဟာ စိုးရိမ်စရာကောင်းနေတယ်ဆိုတာ စခတပ်တွေ မြို့တွေအနှံနေရာယူထားတာကို ကြည့်ရင်သိနိုင်ပါတယ် မင်းအောင်လိူင်နဲ့စကစထိပ်ပိုင်းအုပ်စုကတော့ အခြေအနေ အခုထက်ဆိုးရင် အထုပ်ပိုက် ပြေးပါလိမ့်မယ် အောက်က အမိန့်ဆိုပြီး ခိုင်းသမျှ သေပေးနေတဲ့ စခတွေရဲ့ အနာဂတ်ကဘယ်လိုမှ လှမှာမဟုတ်တော့ပါဘူး

အာဏာရှင်ဟောင်းအုပ်စုတွေနဲ့ နဝတ နအဖ လက်ထက်ကလို ဘီလီယံနာဖြစ်မလားဆိုပြီး မျှော်\လင့်ချက်နဲ့ သခင်အားရကျွန်ပါးဝပြီး ပြည်သူကို သတ်ချင်တိုင်းသတ်ခဲ့တဲ့ စစ်ဗိုလ်တွေလဲ အခုချိန်
ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး ထိတ်လန့်သွေး ပျက်နေကြပါတယ်

စကစဟာ ထွက်ပေါက်အလုံးစုံပိတ်သွားပါပြီ အာစီယံနဲ့တရုတ်ကလဲ ဆွဲထုတ်ဖို့ကြိုးစားခဲ့ပေမယ့် ဆေး မမှီတော့ပါဘူး PDFတို့ရဲ့တွန်းလှန်စစ် NUG ရဲ့တစ်ဆင့်ပြီးတစ်ဆင့် မြှင့်လာမယ့် အရှိန်တွေနဲ့အတူ ကမ္ဘာကတိုးတိုးလာတဲ့ ဖိအားတွေကြောင့် စစ်အာဏာရှင်တို့ရဲ့ နိဂုံးဟာ မကြာခင် အဆုံးသတ်ပါတော့မယ်လို့ ပြောချင်ပါတယ်ဗျာအရေးတော်ပုံ အောင်နေပြီမုဆိုး လက်