News

ရက်အနည်းငယ်လောက် ပျောက်သွားလို့ စိတ်ပူပေးနေကြတဲ့ပြည်သူတွေကို သတင်းစကားပါးရင်းနဲ့ ‌လက်ရှိအခြေအနေကိုပြသလာတဲ့ ပိုးလေး

ဟားငါးကောင်အဖွဲ့ကတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာဖြစ်ပြီး အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။ ပြည်သူချစ် အနုပညာရှင်ဘဝကနေ ပြည်သူ့ရဲဘော်ဘဝကို ပြောင်းလဲခံယူခဲ့တဲ့ ဟားငါးကောင်အဖွဲ့က ရပ်တည်ချက်ခိုင်မာနေကြတာ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာတော့ သူတို့အဖွဲ့က သရော်ပြက်လုံးတွေထုတ်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ပြည်သူတွေအတွက် တင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ်

လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေကို သတင်းစကားပါးလေ့ရှိတဲ့ ပိုးလေးနဲ့ တိုင်းကျော်တို့က ရက်အနည်းငယ်လောက် Facebook ပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ် ။ သူတို့ဆီက သတင်းမကြားရတဲ့အတွက် ပြည်သူတွေက အရမ်းစိတ်ပူခဲ့ကြတာလည်း ဖြစ်ပါတယ် ။ မနေ့ကတော့ လူရွှင်တော်ပိုးလေးက သူတို့အဖွဲ့သားတွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ ရှိနေသေးတာကြောင့် ပြည်သူတွေစိတ်မပူဖို့ကြဖို့ ပြောလာခဲ့တာ ဖြစ်ပါတယ်

ဒါ့အပြင် ပိုးလေးက တောထဲမှာ ရှိတာလေးနဲ့ ဖြစ်သလို နေထိုင်စားသောက်နေရတဲ့ သူ့ရဲ့အခြေအနေကို ပြသလာခဲ့တာ ဖြစ်ပါတယ် ။ ပိုးလေးက “မင်း နောင်တရနေပြီလားလို့မမေးနဲ့ ဘယ်တော့မှနောင်တမရဘူး။ဒါပေမယ့် မတူညီတဲ့ဘဝတွေမှာ အတွေ့အကြုံတွေတော့အများကြီးရတယ်။အာဏာရှင်တွေကို ဘယ်လိုပဲတော်လှန်ရ တော်လှန်ရ ကျေနပ်တယ်။” ဆိုပြီး ပြောထားတာလည်း ဖြစ်ပါတယ်

ပိုးလေးကတော့ အခက်အခဲတွေကြားမှာ ရှင်သန်နေရပေမယ့်လည်း အခုချိန်အထိ နောင်တမရကြောင်းစသည်ဖြင့် သူ့ရဲ့ခံယူချက်ကို ပြောပြလာခဲ့တာ ဖြစ်ပါတယ်

Source & Photo Credit-Ko Ko Poe Lay’s FB Acc

 

zawgyi

ဟားငါးေကာင္အဖြဲ႕ကေတာ့ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနတာျဖစ္ၿပီး အာဏာရွင္ဆန္႔က်င္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္ ။ ျပည္သူခ်စ္ အႏုပညာရွင္ဘဝကေန ျပည္သူ႔ရဲေဘာ္ဘဝကို ေျပာင္းလဲခံယူခဲ့တဲ့ ဟားငါးေကာင္အဖြဲ႕က ရပ္တည္ခ်က္ခိုင္မာေနၾကတာ ျဖစ္ပါတယ္ ။ တစ္ခါတစ္ရံမွာေတာ့ သူတို႔အဖြဲ႕က သေရာ္ျပက္လုံးေတြထုတ္ၿပီး ရိုက္ကူးထားတဲ့ ဗီဒီယိုေတြကို ျပည္သူေတြအတြက္ တင္ဆက္ေပးေလ့ရွိတာ ျဖစ္ပါတယ္။

လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ ျပည္သူေတြကို သတင္းစကားပါးေလ့ရွိတဲ့ ပိုးေလးနဲ႔ တိုင္းေက်ာ္တို႔က ရက္အနည္းငယ္ေလာက္ Facebook ေပၚကေန ေပ်ာက္သြားခဲ့တာ ျဖစ္ပါတယ္ ။ သူတို႔ဆီက သတင္းမၾကားရတဲ့အတြက္ ျပည္သူေတြက အရမ္းစိတ္ပူခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။ မေန႔ကေတာ့ လူရႊင္ေတာ္ပိုးေလးက သူတို႔အဖြဲ႕သားေတြအားလုံး အႏၲရာယ္ကင္းကင္းနဲ႔ ရွိေနေသးတာေၾကာင့္ ျပည္သူေတြစိတ္မပူဖို႔ၾကဖို႔ ေျပာလာခဲ့တာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ ပိုးေလးက ေတာထဲမွာ ရွိတာေလးနဲ႔ ျဖစ္သလို ေနထိုင္စားေသာက္ေနရတဲ့ သူ႔ရဲ့အေျခအေနကို ျပသလာခဲ့တာ ျဖစ္ပါတယ္ ။ ပိုးေလးက “မင္း ေနာင္တရေနၿပီလားလို႔မေမးနဲ႔ ဘယ္ေတာ့မွေနာင္တမရဘူး။ဒါေပမယ့္ မတူညီတဲ့ဘဝေတြမွာ အေတြ႕အၾကဳံေတြေတာ့အမ်ားႀကီးရတယ္။အာဏာရွင္ေတြကို ဘယ္လိုပဲေတာ္လွန္ရ ေတာ္လွန္ရ ေက်နပ္တယ္။” ဆိုၿပီး ေျပာထားတာလည္း ျဖစ္ပါတယ္

ပိုးေလးကေတာ့ အခက္အခဲေတြၾကားမွာ ရွင္သန္ေနရေပမယ့္လည္း အခုခ်ိန္အထိ ေနာင္တမရေၾကာင္းစသည္ျဖင့္ သူ႔ရဲ့ခံယူခ်က္ကို ေျပာျပလာခဲ့တာ ျဖစ္ပါတယ္

 

Source & Photo Credit-Ko Ko Poe Lay’s FB Acc