News

ကျေနပ်စရာ မဟုတ်ပေမယ့် စစ်ကောင်စီကတော့ လုံးဝရှုံးသွားတယ်

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက မြန်မာနိုင်ငံကိုယ်စားလှယ်နေရာကို NUG ၏လက်ရှိသံအမတ်ဦးကျော်မိုးထွန်းနှင့် စစ်ကောင်စီတို့ သံတမန်ရေးအားပြိုင်ခဲ့ကြပြီး ယခုအခါ ကုလစင်မြင့်ထက်တွင် အမြဲတမ်းကိုယ်စားလှယ်အဖြစ် စတင်ဘာလ ၂၀၂၂ ထိဆက်လက်ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်

သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂအဖွဲ့က မြန်မာကိုယ်စားလှယ်နေရာကို စစ်ကောင်စီဘက်က အကြိမ်ကြိမ်ဖယ်ရှားဖို့ ကြိုးစားပေမယ့် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ နောက်ထပ် တစ်နှစ် ဆက်လက်ကိုယ်စားပြုခွင့်ရရှိသွားတာပါ

ဒါ့ပေမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာ ၂၇ ၊ တင်္နလာနေ့မှာ မြန်မာကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းက စကားပြောမှာမဟုတ်ပါဘူး

ဒီသတင်းကို ကုလပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောထားပါတယ် ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ရိုက်တာသတင်းဌာနကို အတည်ပြု ပြောကြားထားပါတယ် ။ ကုလပြောရေးဆိုခွင့်ရှိသူ STEPHEN DUJARIC က စနေနေ့က ပြောကြားခဲ့တာပါ

သို့ပေမယ့် တရုတ် ၊ ရုရှား ၊ အမေရိကန်တို့ပါဝင်တဲ့ အထောက်အထား စီစစ်ရေးကော်မတီဟာ ဦးကျော်မိုးထွန်းကို ခိုင်မာတဲ့ အဖြေတစ်ခု မရမချင်း ရွေးကောက်ခံ မြန်မာအစိုးရ ကိုယ်စားပြု သံအမတ်အဖြစ် ဆက်လက် အတည်ပြုထားပါတယ်

သံအမတ်ကြီး ဦးကျော်မိုးထွန်း
အမေရိကန်ကတော့ ဦးကျော်မိုးထွန်း စကားမပြောဖြစ်တဲ့အကြောင်းကို မှတ်ချက်ပေးဖို့ ချက်ချင်းမတုန့်ပြန်သေးပါဘူး

” စစ်အာဏာရှင် မွှေးတဲ့မီးပါ ” ” စစ်တပ်ဟာ အာဏာသိမ်းကတည်းက မရေရာတဲ့ စွဲချက်တွေ တင်ထားတယ် ” လို့ အမေရိကန်က စွပ်ဆွဲ တုန့်ပြန်ထားပါတယ်

ကုလညီလာခံမှာတော့ နိုင်ငံတော်တော်များများက ကိုယ်စားလှယ်တွေဟာ ဦးကျော်မိုးထွန်းကို ” ပြိုလဲနေသော နိုင်ငံတော်အား တက်ကြွစွာ ခုခံကာကွယ်သူ ” လို့ ချီးကျူးနေကြပါတယ်

” ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့နဲ့ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ဖို့အတွက် ၊ ငါတို့ရဲ့ ကြိုးပမ်းအားထုတ်မှု့တွေအတွက် ပံ့ပိုးပေးတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ DEREK H. COLETTE ကို ကျေးဇူးတင်တယ် “လို့ ဦးကျော်မိုးထွန်းက တုန့်ပြန်ထားပါတယ်

သုံးသပ်မှု့ မလုပ်ခင်မှာ ….၊ ရုရှားနဲ့တရုတ်ကို အကောင်း ၊ အဆိုး ဝေဖန်မှု့ မစောစေချင်ပါဘူး ။ ဘာ့ကြောင့်လဲဆိုရင် အထောက်အထား စီစစ်ရေးကော်မတီဝင် ၉ နိုင်ငံဟာ နှစ်ဘက်တင်ထားတဲ့ စွဲချက်တွေနဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို ဒီအတောအတွင်းမှာ စီစစ်တော့မှာပါ

၇၆ ကြိမ်မြောက် ကုလညီလာခံ
ကဲ …၊ ၇၆ ကြိမ်မြောက် ကုလညီလာခံမှာ မြန်မာ့အရေးဟာ ဘယ်လိုအဖြေထွက်သလဲ …

ဆိုတဲ့အဖြေကို အားလုံးသိချင်မှာပါ ။ သို့ပေမယ့် တရားဝင်အဖြေကတော့ မရသေးပါဘူး ။ သုံးသပ်ပေးရမယ်ဆိုရင် စစ်ကောင်စီက လုံးဝရှုံးသွားပါတယ်

– စစ်ကောင်စီက တင်သွင်းတဲ့ ကိုယ်စားလှယ်ကို လုံးဝလက်မခံပါဘူး

– စစ်ကောင်စီကလွှတ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ညီလာခံအနီးအနားကို ကပ်လို့မရခဲ့ပါဘူး

ဦးကျော်မိုးထွန်း

အာဏာသိမ်းခေါင်းဆောင်
– စစ်ကောင်စီအားကိုးတဲ့ ရုရှားနဲ့တရုတ်ဟာ အမေရိကန်နဲ့ ဆွေးနွေးပြီးချိန်မှာ ပြင်းထန်တဲ့ ကန့်ကွက်မှု့တွေ မလုပ်ခဲ့ပါဘူး

-ရုရှားနဲ့တရုတ်ဟာ နိုင်ငံတကာကို မျက်နှာပြောင်တိုက်ပြီး စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို အသိအမှတ်ပြုဖို့ စကားလေးတစ်ခွန်းတောင် မဟခဲ့ပါဘူး

-အဖြေတစ်ခု မရမချင်း ဦးကျော်မိုးထွန်းကို ဆက်လက်အသိအျွတ်ပြုဖို့ ရုရှား ၊ တရုတ်အပါအဝင် အားလုံးက သဘောတူခဲ့ကြတယ်

– ရုရှားနဲ့တရုတ်ဟာ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးရဲ့တင်ပြမှု့ ၊ တွမ်အင်ဒရူး ၊ ဆိုင်မွန်အေဒမ် ၊ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ရဲ့ တင်ပြမှု့ သက်သေအခိုင်အလုံကို တုန့်ပြန်ဖို့ လက်တွန့်ခဲ့ကြတယ်

ဆိုရရင် …..၊ ၇၆ ကြိမ်မြောက် ကုလညီလာခံဟာ စစ်ကောင်စီရဲ့ ၈၈ ခုနှစ်ကလို အကြောင်းပြချက်တွေနဲ့ တရားဝင် အသိအမှတ်မပြုပါဘူး

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်
အထောက်အထားစီစစ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ဟာ စစ်ကောင်စီကို ပြစ်ဒဏ်ပေးဖို့ ပြင်းမလား ၊ ပျော့မလား ဆိုတာကိုသာ ကြည့်ရတော့မှာပါ

ပြင်းမလား ၊ ပျော့မလား ဆိုတာက ဒီအဖွဲ့ထဲမှာ တရုတ်နဲ့ ရုရှားပါနေတဲ့အတွက် ခန့်မှန်းလို့ မရသေးတာပါ

ဒီတော့ …၊ စစ်ကောင်စီရဲ့ တရားဝင်မှု့အတွက် ကြိုးပမ်းမှု့ဟာ ပျက်ပျယ်ခဲ့ပါပြီ ။ NLD အစိုးရကတော့ ” ပိုနေမြဲ ကျားနေမြဲ ” ဆိုသလို တရားဝင်ပါဘဲ ။ သို့ပေမယ့် ” လတ်တလောအခြေအနေတွေကို ဘယ်လို အဆုံးသတ်ကြမလဲ ……..

ဆိုတာကလည်း စဉ်းစားရပါလိမ့်မယ် ။ နိုင်ငံတကာက အသိအမှတ်မပြုတဲ့ စစ်ကောင်စီမှာ လက်နက်ရှိနေပါတယ်

PDF
ဒါကို PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့ အဆုံးသတ်ကြမလား …

ကုလမဟာမင်းကြီးရဲ့ တွန်းအားနဲ့ ဆိုင်မွန်အေဒမ် ၊ တွမ်အင်ဒရူးတို့ရဲ့ ကြိူးပမ်းမှု့နဲ့ PEACE-KEPPING တပ်တွေ ဝင်လာပြီး ကူညီမလား ..

အာဆီယံကိုယ်စားလှယ်ရဲ့ ဆွေးနွေးညှိနှိုင်းမှု့နဲ့ အဆုံးသတ်နိုင်မလား ..? အခြေအနေကတော့ နောက်ဆုံးခန်းနဲ့ နီးလာပါပြီ ။ ပညာတတ်လူငယ်တွေ ဦးဆောင်နေတဲ့ NUG ရဲ့ အနောက်မှာ နောက်လိုက်ကောင်းပီသစွာ လိုက်နိုင်ကြဖို့တော့ လိုပါလိမ့်မယ်

ဘကြီးအောင် LA