မန္တလေးရှိ ကညနရုံးဝန်းအတွင်း ဗုံးပေါက်၊ အနည်းဆုံး ၅ ဦး ဒဏ်ရာရ၊ စက်တင်ဘာ ၂၇
မန္တလေး၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးဝန်းအတွင်း ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲပြီး အနည်းဆုံး လူ ၅ ဦးခန့် ဒဏ်ရာရကြောင်း ကနဦးသတင်းရရှိသည်
“ပွဲစားတွေ ထိကုန်တယ်၊ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ရုံးအတွင်းမှာ ပေါက်တာ၊ ၅ ယောက်လောက် ဗုံးအစ စင်ပြီး ဒဏ်ရာရတယ်၊ ဆိုးဆိုးဝါးဝါး
ထိတာတော့ မကြားရဘူး” ဟု ကညနရုံးအနီးရှိ ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်
အဆိုပါ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းရုံးတွင် မေလ ၁၀ ရက်နေ့ကလည်း ဗုံးပေါက်ကွဲခဲ့ပြီး လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်
စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အဖွဲ့များမှ အာဏာရှင်သက်ဆိုးရှည်စေမည့် အခွန်များ မပေးသွင်းကြရန် ပြည်သူလူထုအား တိုက်တွန်းထားပြီး ယနေ့ ဗုံးပါက်ခြင်းအသေးစိတ်အား ရန်ကုန်ခေတ်သစ်မှ ဆက်လက်စုံစမ်းလျှက်ရှိသည်
ဓါတ်ပုံ – မန္တလေး ကညန တိုင်းရုံး (ပုံအဟောင်း)
Zawgyi
မႏၲေလးရွိ ကညန႐ုံးဝန္းအတြင္း ဗုံးေပါက္၊ အနည္းဆုံး ၅ ဦး ဒဏ္ရာရ၊ စက္တင္ဘာ ၂၇
မႏၲေလး၊ သိပၸံလမ္းေပၚရွိ ကညန႐ုံးဝန္းအတြင္း ယေန႔ စက္တင္ဘာလ ၂၇ ရက္ နံနက္ ၉ နာရီခြဲဝန္းက်င္တြင္ ဗုံးေပါက္ကြဲၿပီး အနည္းဆုံး လူ ၅ ဦးခန႔္ ဒဏ္ရာရေၾကာင္း ကနဦးသတင္းရရွိသည္
“ပြဲစားေတြ ထိကုန္တယ္၊ ဒီေန႔မနက္ ၉ နာရီခြဲေလာက္မွာ ႐ုံးအတြင္းမွာ ေပါက္တာ၊ ၅ ေယာက္ေလာက္ ဗုံးအစ စင္ၿပီး ဒဏ္ရာရတယ္၊ ဆိုးဆိုးဝါးဝါး
ထိတာေတာ့ မၾကားရဘူး” ဟု ကညန႐ုံးအနီးရွိ ေဒသခံတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္
အဆိုပါ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန မႏၲေလးတိုင္း႐ုံးတြင္ ေမလ ၁၀ ရက္ေန႔ကလည္း ဗုံးေပါက္ကြဲခဲ့ၿပီး လူ ၄ ဦးထိခိုက္ဒဏ္ရာရခဲ့သည္
စစ္အာဏာရွင္ကို ဆန႔္က်င္သည့္ အဖြဲ႕မ်ားမွ အာဏာရွင္သက္ဆိုးရွည္ေစမည့္ အခြန္မ်ား မေပးသြင္းၾကရန္ ျပည္သူလူထုအား တိုက္တြန္းထားၿပီး ယေန႔ ဗုံးပါက္ျခင္းအေသးစိတ္အား ရန္ကုန္ေခတ္သစ္မွ ဆက္လက္စုံစမ္းလွ်က္ရွိသည္
ဓါတ္ပုံ – မႏၲေလး ကညန တိုင္း႐ုံး (ပုံအေဟာင္း)