News

အတိုင်ပင်ခံပုဂ္ဂိုလ်၏ သက်တော်စောင့် ရဲအုပ်ချယ်ရီထက် NUG နဲ့ ဆက်သွယ်တယ်လို့ ဇော်မင်းထွန်းပြော






unicode

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက် NUG နဲ့ ဆက်သွယ်လို့ဆိုပြီး စစ်ဆေးခံနေရ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တာဝန်ယူခဲ့သူ ချယ်ရီထက် ကို NUG နဲ့ ဆက်သွယ်မှုကြောင့် စစ်ဆေးမှုတွေလုပ်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပါတယ်

ချယ်ရီထက်ကို အမှုဖွင့်ထားပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ စစ်ဆေးဆဲပဲ ရှိသေးတယ် လို့ ပြောပါတယ်

ချယ်ရီထက် ဖမ်းဆီးခံလိုက်ရတဲ့သတင်းကို CDM လုပ်သွားတဲ့ တပ်မတော်သား တချို့နဲ့ ရဲတပ်ဖွဲ့ဝင် တချို့က ပြီးခဲ့တဲ့ ရက်ပိုင်းတွေ ကတည်းက လူမှုကွန်ရက်မှာ တင်ခဲ့ကြပါတယ်

အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့က ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ အမြဲမြင်တွေ့ ရလေ့ရှိပြီး လူသိများသူ တစ်ဦးဖြစ်ပါတယ် Ref: ဘီဘီစီ မြန်မာပိုင်း

ရဲအုပ်ချယ်ရီထက်သည် လူမှုကွန်ရက်တွင် May Mi Account ဖြင့် မတ်လ ၆ ရက်မှစ၍ မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့ ၊ မတ်လ ၁၄ ရက်နေ့တွင် We Love Daw Aung San Su Kyi Facebook Page မှ လွမ်းလိုက်တာ အမေဟူသည့် Post အား မျှဝေခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည် Ref: Khit Thit