Unicode
၂၅.၉.၂၀၂၁ ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန်တိုက်ပွဲတွင် မဟာမိတ်ပြည်သူ့တပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး
မိမိတို့ Loikaw – P.D.F မှ ပြည်သူ့ရဲဘော် သူရဲကောင်း မောင်ပါစ္စကွားလယ် (ခ) ခိုးခို / အသက် ၂၅ နှစ်သည် ကျဆုံးသွားခဲ့ရပါသည်
ရဲဘော် ပါစ္စကွားလယ် (ခ) ခိုးခို သည် ပြည်သူလူထုကို ကာကွယ်ရန် ရှေ့တန်းတွင် သတ္တိရှိစွာ တိုက်ပွဲဝင်ရင်း အသက်ပေးကျဆုံးရခြင်း ဖြစ်သည်
မိမိတို့ လွိုင်ကော် PDF သည် ရဲဘော် ပါစ္စကွားလယ်၏ စွန့်လွှတ်ပေးဆပ်မှုတို့ကို အမြဲ အမှတ်ရလျက်၊ အလေးပြုဦးညွှတ်လျက် အရေးတော်ပုံ ပြီးဆုံးသည်ထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သံဓိဌာန်ပြုအပ်ပါသည်