News

ပြည်သူလူထုကို ကူညီပေးဖို့အတွက် ပြည်ပရောက်မြန်မာလူမျိုးများနဲ့အတူ ရန်ပုံငွေပွဲမှာ အပင်ပန်းခံပြီး တတပ်တအားပါဝင်ကူညီပေးခဲ့တဲ့ ပန်ဆယ်လို

အရေးတော်ပုံစကတည်းက တတ်နိုင်တဲ့နေရာကနေ လှုပ်ရှားခဲ့တဲ့ ပန်ဆယ်လိုကလည်း အခုချိန်ထိ ပြည်သူတွေနဲ့အတူ တက်ကြွစွာပါဝင်နေဆဲဖြစ်ပါတယ် သူမကတော့ ၅၀၅(က) စာရင်းထဲမှာ ထုတ်ပြန်ခံထားရသူဖြစ်တာကြောင့် မိတ်ဆွေ၊သူငယ်ချင်းတွေရဲ့အကူအညီနဲ့ ရေမြေခြားမှာနေထိုင်နေတာပဲဖြစ်ပါတယ် သူမနဲ့အတူ မိသားစုဝင်တွေလည်း လွတ်မြောက်သွားတာကြောင့် ပြည်သူတွေကလည်းဝမ်းသာနေကြတာဖြစ်ပါတယ်

ရေခြားမြေခြားရောက်နေပေမယ့်လည်း ပန်ဆယ်လိုက PDF ရဲဘော်တွေ၊ပြည်သူတွေကို အစွမ်းကုန်ကူညီပေးတာဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့ချွေးနည်းစာထဲကနေလည်း သိန်းချီပြီးလှူဒါန်းနေတာကြောင့် ပြည်သူတွေကလေးစားနေကြတာပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း San Francisco က Bay Area မှာ Free Burma Action Committee- San Francisco ရဲ့ နွေဦးတော်လှန်ရေး ရံပုံငွေပွဲကျင်းပခဲ့တာဖြစ်ပါတယ်

ပန်ဆယ်လိုကလည်း အဲ့ဒီပွဲကိုတက်ရောက်ခဲ့ပြီး တတပ်တအား ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။ရန်ပုံငွေပွဲမှာ ကူညီလှူဒါန်းငွေ အမေရိကန်ဒေါ်လာ သုံးသောင်း (မြန်မာငွေ သိန်း၆၀၀ ဝန်းကျင်) ရရှိခဲ့တာဖြစ်ပါတယ်။မနေ့ကကျင်းပခဲ့တဲ့ Free Burma Sacramento မြို့ရဲ့ရန်ပုံငွေနဲ့ ပေါင်းလိုက်ရင် သိန်း (၁၃၀၀) ဝန်းကျင်ရှိပါတယ်။အဲ့ဒီငွေတွေအကုန်လုံးက နွေဦးတော်လှန်ရေးဆီ ပေးပို့ပေးမှာဖြစ်ကြောင်းကို သတင်းကောင်းလေးအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်

zawgyi


ရေခြားမြေခြားရောက်နေပေမယ့်လည်း ပန်ဆယ်လိုက PDF ရဲဘော်တွေ၊ပြည်သူတွေကို အစွမ်းကုန်ကူညီပေးတာဖြစ်ပါတယ် ဒါ့အပြင် သူမရဲ့ချွေးနည်းစာထဲကနေလည်း သိန်းချီပြီးလှူဒါန်းနေတာကြောင့် ပြည်သူတွေကလေးစားနေကြတာပဲဖြစ်ပါတယ် ဒီနေ့မှာဆိုရင်လည်း San Francisco က Bay Area မှာ Free Burma Action Committee- San Francisco ရဲ့ နွေဦးတော်လှန်ရေး ရံပုံငွေပွဲကျင်းပခဲ့တာဖြစ်ပါတယ်

