Unicode
လူထုအထင်ကြီးအောင် ပူတာအိုခရီးစဉ်ကို သွားပြတော့မည့် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် ယခုလကုန် ပိုင်းတွင် ပူတာအိုသို့ လာရောက် မည်ဖြစ်ကြောင်း မပခနှင့်နီးစပ် သူတစ်ဦးမှ
ကချင်သတင်း မီဒီယာဌာနတစ်ခု ဖြစ်သော NBung Dat Kasa သို့ ပြောကြားခဲ့ ကြောင်း သိရသည်
လုံခြုံရေးကြို တင် ပြင်ဆင်ထားပြီး ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူး တို့မှ ပြည်သူ့စစ်အဖွဲ့နှင့် ရပ်မိရပ်ဖများအား လာရောက် တွေ့ဆုံရန် အစီအစဉ် ရှိကြောင်းထပ်မံသိရသည်
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်ကတည်းက ပူတာအိုသို့ သွားရောက်ရန် စီစဉ်ထားခဲ့ သော်လည်း ၎င်း၏ လုံခြုံရေး တပ်ဖွဲ့များအား KIA မှ ဖြတ်သန်းခွင့်
မပြုသဖြင့် ခရီးစဉ်အား ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်